စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင်ရဲ.အားနည်းချက်က ဘာလဲ ???




Interview ဖြေနေရင်းနဲ. သင့်ကို Interview တဲ့သူက “ခင်ဗျားရဲ.အားနည်းချက်က ဘာဖြစ်မလဲ” လို.မေးလာရင် သင်ဘယ်လိုဖြေမလဲ ??? လူတိုင်းကတော့အားသာချက်တွေရှိသလို အားနည်းချက်လည်းရှိတတ်ကြတာပဲလေ….. အဲ့တော့သင်က ကျွန်တော့်မှာအားနည်းချက်ဘာမှမရှိပါဘူးလို.လည်း ငြင်းဖို.မဖြစ်နိုင်ပါဘူး။
ဒါဆိုနားထောင်လို.လဲကောင်းအောင်၊ Interview အတွက်လည်း အထောက်အကူဖြစ်နိုင်အောင်သင်ဘယ်လိုဖြေမလဲ ???၁။ အပိုတွေလုပ်ပြီးမဖြေပါနဲ.
- အားနည်းချက်ကိုသိချင်လို.မေးကာမှ “ကျွန်တော့အားနည်းချက်ကတော့ အလုပ်အရမ်းလုပ်တတ်တာပါ” တို. “ကျွန်တော့အားနည်းချက်ကတော့ စေ့စပ်သေချာလွန်းတာပါ” တို. အစရှိသဖြင့်တော်ကြောင်းတတ်ကြောင်းကိုပဲ တဖက်လှည့်ဖြေတာမျိုးက မေးတဲ့သူလည်းနားကြားပြင်းကပ်သလို၊ မေးခွန်းနဲ.အဖြေနဲ.က ပြောင်းပြန်ဖြစ်နေတယ်လို.လဲပြောလို.ရပါတယ်။

၂။ ကိုယ့်ကိုယ်ရိုးသားပါ
- သင့်ဘာသာသင် ရိုးရိုးသားသားနဲ. ကိုယ့်အားနည်းချက်က ဘာလဲဆိုတာကိုစဉ်းစားပါ။ ဖြစ်နိုင်ရင်စဉ်းစားလို.ရလာတာတွေကို စာရွက်ပေါ်မှာချရေးလိုက်ပါ။ ပြီးရင်ဘယ်အချက်ကို Interview မှာပြောပြလို.အဆင်ပြေနိုင်မလဲစဉ်းစားပြီးပြင်ဆင်ထားပါ။ ဒါမှလည်းသင့်ကိုအင်တာဗျူးတဲ့သူက သင်ဟာရိုးရိုးသားသားနဲ. သင့်ရဲ.အားနည်းချက်ကိုပြောပြရဲတာကို အသိအမှတ်ပြုနိုင်သလို အလုပ်ခွင်မှာသင့်အားနည်းချက်နဲ.ပတ်သက်တဲ့အခက်အခဲမျိုးကြုံလာတဲ့အခါမှာ နားလည်စဉ်းစားပြီးကူညီလို.ရနိုင်မှာပါ။

၃။ ကိုယ်အလုပ်ရဖို.ကိုထိခိုက်နိုင်တာမျိုးလည်းမပြောမိပါစေနဲ.
- ရိုးသားဖို.လိုတယ်လို.ပြောခဲ့ပေမယ့် အရမ်းကြီးလည်းရိုးသားမပြမိပါစေနဲ.။ ကိုယ့်အားနည်းချက်ကိုပြောပြရာကနေ အလုပ်ပါမရနိုင်လောက်အောင် ထိခိုက်မယ့်စကားမျိုးတော့လည်းမပြောမိပါစေနဲ.။ ဥပမာ- သင်က လူ.စွမ်းအားအရင်းအမြစ်ပိုင်းရာထူးနဲ.အလုပ်လျှောက်ပြီး သင့်အားနည်းချက်က လူတွေအကြောင်းသိပ်နားမလည်ပါဘူးဆိုတာမျိုး၊ အရောင်းပိုင်းအလုပ်ကိုလျှောက်ပြီး ညှိနှိုင်းဆောင်ရွက်ရတာအားနည်းပါတယ်ဆိုတာမျိုးပြောရင်တော့ သေချာပါတယ်….. သင့်ကိုအလုပ်ခန်.မှာမဟုတ်တော့ပါဘူး။ အဲ့လိုထိခိုက်သွားနိုင်တဲ့ အားနည်းချက်မျိုးတော့မပြောမိပါစေနဲ.။

၎။ သင့်အားနည်းချက်ကိုပြောရာကနေ သင့်အားသာချက်တွေပိုပေါ်လွင်အောင်စွမ်းဆောင်ပါ
- သင့်အားနည်းချက်ကိုပြောပေမယ့် သင်အဲ့ဒီ့အားနည်းချက်ကိုဘယ်လိုပြင်ဆင်ယူသွားမယ်ဆိုတာပါအလိမ္မာသုံးပြီးအသိပေးပါ။ သင်ဟာ အားနည်းချက်ကိုလည်းသိ၊ ပြုပြင်ယူပြီး အားသာချက်ဖြစ်အောင်လည်းကြိုးစား၊ ရှိနေတဲ့အတွေ.အကြုံနဲ. ဗဟုသုတတွေကိုအသုံးပြုပြီး အကောင်းဆုံးစွမ်းဆောင်သွားမယ်ဆိုတာပါ ရဲရဲဝံ့ဝံ့ပြောနိုင်ရင် သင့်ကို Interview တဲ့သူက သဘောမကျစရာအကြောင်းမရှိတော့ပါဘူး။
ဒီအချက်တွေက အဓိကရှောင်ရဆောင်ရမယ့်အချက်တွေဖြစ်လို. မိတ်ဆွေတို.လည်းသတိပြုစဉ်းစားပြင်ဆင်ထားဖို. တိုက်တွန်းလိုက်ပါတယ်။

Credit: Wilson Chan (YK)
http://www.searchmyanmar.com/link/comment/cid/52497

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...