စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသံထွက်လှသော်လည်း အဓိပ္ပာယ် ခါးသီးတဲ့ "SUICIDE"



ဘဝတွင် အဖြေမရှာမိခဲ့သော စိတ်ဆင်းရဲမှု၊ မဖြေရှင်းခဲ့မိသော မကျေနပ်မှု၊ တီးတိုးတိုင်ပင်ဖော်မရှိသော အထီးကျန်မှု အစရှိသည်တို့သည် Suicide (မိမိကိုယ်ကိုသတ်သေလိုမှု) ၏ အခြေခံသဘောများပင်ဖြစ်သည်။ စီးပွားပျက်ခြင်း၊ ရည်းစားကထားခဲ့ခြင်း၊ ပြင်းထန်လှသောရောဂါဝေဒနာကို မခံစားနိုင်တော့ခြင်း စသည်များမှ တစ်ခု (သို့) တစ်ခုထက်ပိုသော အကြောင်းတရားတို့ကြောင့်လည်း SUICIDE လုပ်တတ်ပါသည်။ နောက်တစ်မျိုးမှာ မိဘဆီမှ နွေးထွေးသော မေတ္တာအကြင်နာ မရရှိဘဲ အထီးကျန်စွာ ကြီးပြင်းလာရသော လူများတွင်လည်း ဖြစ်ပေါ်တတ်ပါသည်။

"သေသွားတာပဲကောင်းပါတယ်" ဆိုတဲ့အတွေး သင့်ခေါင်းထဲတွင် မကြာခဏ ပေါ်လာပြီး ဆက်လက်ရှင်သန်လိုစိတ် ပါးပါးလေး ရှိသေးတယ်ဆိုရင် ---
သင့်စိတ်ကို ပကတိအတိုင်း ချပြလို့ရလောက်အောင် ကောင်းတဲ့မိတ်ဆွေမျိုး ရှိသလား အရင်စဉ်းစားလိုက်ပါ။ ရှိလျှင်ထိုမိတ်ဆွေနှင့် အမြန်တွေ့ဆုံပြီး ကိုယ့်ရဲ့ပြဿနာတွေကို ရင်ဖွင့်လိုက်ပါ။ အပေါ်ယံပေါင်းသူများကိုတော့ မချိန်းမိပါစေနှင့်။ သူ့ဘက်မှ ဆောရီဟာ။ မအားလို့ပါကွာ။ ဆိုလျင် သေချင်စိတ်မှာ အမြင့်ဆုံးဒီဂရီသို့ တက်သွားပေလိမ့်မည်။ တစ်ယောက်ထဲ အရက်သောက်ခြင်းကလည်း အဆိုးဆုံးအခြေအနေသို့ ပို့ပေးပါလိမ့်မည်။ အတတ်နိုင်ဆုံး မိမိပြဿနာတွေကို အကောင်းဘက်ကပဲ မရမကလှည့်တွေးပေးပါ။ သီးချင်းတွေအော်ဆိုလိုက်ခြင်း၊ ဟာသကားများကြည့်ခြင်း၊ သူငယ်ချင်းများနှင့် လျှောက်လည်ခြင်း စသည့်အခြားအခြားသော စိတ်ဖြေနည်းများမှာ ပြဿနာကို ယာယီဟန့်တားပေးနိုင်စွမ်းပဲ ရှိပါတယ်။

အကောင်းဘက်ရှုထောင့်ဘက်မှ ပြောင်းတွေးခြင်းမှသာ မိမိစိတ်ကို မိမိပြန်ထိန်းချုပ်နိုင်ပါလိမ့်မည်။ မိမိစိတ်ကို ပြန်ထိန်းနိုင်ပြီဆိုလျင် နောက်တဆင့် ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ အဖြေကို ရှာနိုင်လာပါလိမ့်မည်။ နောင်တစ်ချိန်တွင် ထိုအရာများသည် အမှတ်တရ အတွေ့အကြုံအနေဖြင့် ကျန်နေပါလိမ့်မည်။ လက်လွန်ပြီး သေအံ့စဲစဲအချိန်မှ ပြန်ရှင်ချင်တယ်ဆိုလည်း နောက်ပြန်လှည့်လို့ မရပါသဖြင့် ဆင်ခြင်နိုင်ကြပါစေ။

Stacy Chan (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.625738190802770.1073741829.17164

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...