စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သမီးလေးက မေမေ့ အတွက် ထီးကလေးပါ




ဒီဇာတ်လမ်းလေးကို ညီမလေးတွေ အားလုံးကို ဖတ်စေချင်တယ်။

မိဘဆိုတာ သားသမီးကို အရှုံးခံပြီး အစစအရာရာ အနစ်အနာခံ ချစ်ရတဲ့သူတွေပါ။ အချိန်တန် အရွယ်ရောက်လို့ အတောင်စုံရင် ပျံသန်းကြမယ်ဆိုတာ သိလျှက်နဲ့ မျက်နှာ တစ်ချက်မညှိုအောင်ထားပြီး ချစ်နိုင်လွန်းတာ မိဘတွေသာ ရှိတာပါ။

သို့သော် ဟိုမရောက် ဒီမရောက် အရွယ် အဖြစ်ဆိုးခဲ့ရတဲ့ သူငယ်ချင်းမလေး တစ်ယောက်အကြောင်းပါ။ မိဘဖြစ်နေတဲ့ လူကြီးတွေရော သားသမီဖြစ်နေတဲ့သူတွေပါ သင်ခန်းစာရမယ့် အဖြစ်အပျက်လေးပါ။

တက္ကသိုလ် တက်စဉ် နုပျိုတဲ့ အလှအပတွေနဲ့ အရမ်းကို ချစ်စရာကောင်းပြီး ကျမတို့ Major ရဲ့ လှမိမယ်လေးတစ်ယောက်ပေါ့။ သူမက တစ်ဦးတည်းသော သမီးလေးပါ။ မိဘတွေကလည်း ချမ်းသာ လှလည်းလှတော့ ချစ်ကြိုက်သူတွေ ဝိုင်းဝိုင်းလည်နေခဲ့တယ်။ မိဘတွေကလည်း စိတ်မချနိုင်၊ ချစ်မဝနိုင်တဲ့ သူလေးပေါ့။

ဒုတိယနှစ်ရောက်တော့ သူမကို ချစ်ရေးဆိုကြတဲ့ ကောင်လေးတွေထဲက တစ်ယောက်ကို သူမအတော်လေး ချစ်မြတ်နိုးသွားတယ်။ ခက်တာက သူမကောင်လေးဟာ မျိုးရိုးကောင်းတဲ့သူဖြစ်ပေမယ့် အရမ်းဆိုးတဲ့ ခပ်ညစ်ညစ်ကောင်လေးပါ။

ကျောင်းသားဆိုတော့ မိဘပိုက်ဆံကို ရေလိုသုံးနေရတဲ့ အရွယ်လေးတွေပေါ့။ ဒီကောင်လေးနဲ့ တွဲပြီးနောက်ပိုင်း သူမ အိမ်ပြန်နောက်ကျလာတယ်။ ခြေလှမ်းတွေများလာတယ်။ သူမမိဘတွေက ကျောင်းပြီးတဲ့အထိ စောင့်ပါ။ မိန်းကလေးဆိုတာ ဘယ်လိုနေ ဘယ်လိုထိုင်ကနေစပြီး တားမြစ်တာတွေ ဖြစ်လာခဲ့တယ်။

ဒီတော့ ဒုတိယနှစ် ချစ်သူများနေ့ အရောက် ကောင်လေးနောက်ကို ကောက်ကောက်ပါအောင် လိုက်ဖို့သူမ စီစဉ်ထားခဲ့တယ်။ မိဘတွေကလည်း ဘယ်အလွတ်ပေးမလဲ။ ဒီလိုနဲ့ သူမ မိဘကို အရမ်းစိတ်ဆိုးပြီး ချစ်သူများနေ့ အပြီး နောက်နေ့နံနက် ၄ နာရီလောက်မှာ သူမဘဝကို အဆုံးသတ်သွားခဲ့တယ်။

သူမမိခင်ကတော့ သူမဆုံးပြီး ၂နှစ်လောက်အကြာမှာ နှလုံးအခံနဲ့ ဆုံးပါးသွားခဲ့တယ်။ သူမ ဖခင်ကတော့ ဒီအချိန်ထိ အသက်ရှင်နေခဲ့ပေမယ့် စီးပွားပျက်ပြီး အရက်သမားလုံးလုံး ဖြစ်နေခဲ့တယ်။

သူမ အသက်ပေး တိုက်ပွဲဝင် ချစ်ခဲ့တဲ့သူကတော့ ဒီအချိန်ဘာ ဖြစ်နေသလဲ သိလား။ သူမဆုံးပြီးနှစ်မှာ အသည်းအသန် ဘဝပျက်ခဲ့တယ်။ ဒါပေမယ့် သူက ယောကျာ်းလေးပါ။ ဘယ်အချိန်မဆို ပြောင်းလဲနိုင်ရင် မိန်းမကောင်း ထပ်ရနိုင်တယ်။ ထင်တဲ့အတိုင်းဘဲ ဒီနှစ် ချစ်သူများနေ့မှာ ဒီကောင်လေးက အိမ်ထောင်သည်ကြီး ဖြစ်လို့ သားလေးတစ်ယောက်တောင် ထွန်းကားနေပြီ။

တကယ်တမ်း ပြောရင် ဘယ်သူမှာမှ အပြစ်မရှိပါဘူး။ ကမ္ဘာပေါ်မှာ ကိုယ်မိဘလောက် ယုံကြည်ရသူ၊ ကိုယ်ကိုချစ်နိုင်သူ ဆိုတာ မရှိပါဘူး။ သားသမီးတွေကသာ ဆယ်တန်းလေး အောင်ပြီး တက္ကသိုလ်စတက်ပြီဆိုတာနဲ့ ချစ်သူတွေထားကြတယ် ။ကျောင်းတက်စဉ် ဟိုမဟုတ် ဒီမဟုတ် အရွယ်မှာ မမှားသင့်တာ မမှားဖို့ မိဘတွေဘက်ကလည်း အခြေအတင်ပြောဆိုကြရတဲ့ ကာလပေါ့။ ဟိုမရောက်ဒီမရောက် အရွယ်မှာ တားမြစ်တဲ့ မိဘက လွန်သလား သားသမီးက လွန်သလား။ တကယ်လို့ အရွယ်ရောက်နေပြီး စီးပွားလည်းရှာတတ်နေတဲ့အချိန်မှာ တားမြစ်ရင်တော့ တစ်မျိုးပေါ့။

သူငယ်ချင်းတွေ ပြန်ဆုံတိုင်း သူမ ဖခင်ကို ကြည့်ပြီး သူငယ်ချင်းမလေးအတွက် မျက်ရည်လည်ရတယ်။ ရင်နာရတယ်။ စိတ်မကောင်းလည်း အရမ်းဖြစ်ရတယ်။ ဒီအချိန်တိုင် သူမ အသက်ရှင်ခဲ့မယ်ဆိုရင် ဘယ်လောက် စိတ်မကောင်းဖြစ်ပြီး မိဘကို သိတတ်တဲ့သမီးလိမ္မာလေး ဖြစ်သွားမလဲ? အဲလိုဘဲ ညီမငယ်လေးတွေအားလုံးကိုလည်း ဒီလို အသိလေးတွေ ရှိစေချင်လို့ ဝမ်းနည်းစွာနဲ့ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်။ ညီမလေးတွေအားလုံးကိုလည်း ဒီဖြစ်ရပ်မှန်လေးကို မှီပြီး၊ အချစ်တစ်ခုအတွက်နဲ့ ဘဝအပျက်မခံပါနဲ့လို့ မှာချင်ပါတယ်။


Author:
LILY
http://www.searchmyanmar.com/link/comment/cid/52534

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...