စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီးသည်တွေ အလေးအနက် စိတ်ဝင်စားသင့်တဲ့ အကြောင်းရင်း

ရှမ်းပြည်နယ် အင်းလေးကန်အတွင်း ရိုးရာလှေကကို ခြေဖြင့်လှော်ခတ်နေသူများ (ဓာတ်ပုံ−istock)
 
လူတွေက မြန်မာနိုင်ငံ အကြောင်းတွေးလိုက်ပြီဆိုတာနဲ့  ကိစ္စ တော်တော်များများက ခေါင်းထဲကို အစီအရီ ဝင်လာကြပါ တယ်။ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ အတိုက်အခံ လှုပ်ရှားသူ နိုဗယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ ဒုက္ခသည် ပြဿနာ ဆိုတာတွေပေါ့။

ဒါပေမဲ့ လူတွေရဲ့ အတွေးထဲ ကို သိပ်ပြီး ပီပီပြင်ပြင် ဝင်မလာ တော့တဲ့ တစ်ချက်ကတော့ ဘား မားလို့ ခေါ်တွင်ခဲ့ဖူးတဲ့ နိုင်ငံဟာ တစ်ချိန်က အရှေ့တောင်အာရှ ဒေသမှာ အချမ်းသာဆုံး ဖြစ်ခဲ့ဖူး တယ် ဆိုတာပါပဲ။ အဲဒါကလည်း ပတ္တမြား၊ နီလာကအစ ဆန်ရေ စပါးနဲ့ ကျွန်းသစ် တွေ အပါအဝင် သဘာဝ သယံဇာတတွေ ပေါ ကြွယ်ဝလွန်းတာကြောင့်ပါ။

အရေးကြီးတာ တစ်ခုက ဗြိတိသျှ ကိုလိုနီဘဝ၊ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဂျပန်ရဲ့ သိမ်း ပိုက်ခံဘဝ၊ အာဏာသိမ်းယူ မှုတစ်ခု၊ ၁၉၆၀ ပြည့်လွန်နှစ်တွေ ကနေ ၁၉၈၀ ပြည့်လွန်နှစ်တွေထိ အောင်မြင်မှု မရခဲ့တဲ့ အစမ်းသပ် ခံ ဆိုရှယ်လစ်လမ်းစဉ်၊ ကြောက် စရာကောင်းတဲ့ မူးယစ်ဆေး မှောင်ခိုလှုပ်ရှားမှုတွေ၊ ဆိုးရွား ရက်စက်လွန်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီးတစ်ခု၊ ၁၉၈၉ ခုနှစ် ကစလို့ ရက်ရက်စက်စက် ဖိနှိပ် အုပ်ချုပ်လာတဲ့ စစ်အာဏာရှင် စနစ် အစရှိတဲ့ အပြောင်းအလဲ ရိုက်ခတ်မှု အ မျိုးမျိုး ကြုံခဲ့တဲ့တိုင် ဒီနိုင်ငံဟာ သယံဇာတ ကြွယ်ဝ ပေါများနေဆဲ ဖြစ်တယ်ဆိုတာ ပါပဲ။ ဒါပေမဲ့ ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သလို လာမယ့် ဆောင်းဦးပေါက်လောက်မှာလည်း နောက်ထပ် ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာ ပါပြီ။

ကိစ္စတော်တော်များများ မှာလည်း တိုးတက်မှု အရိပ်အ ယောင်တွေ ပြသလာတယ်။ စီး ပွားရေးကတော့ အားနည်းချက် တွေ ရှိနေသေးတယ်။ ဒီကဏ္ဍ မှာ အကြီးအကျယ်ထိခိုက်သက် ရောက်မှုတွေ ရှိခဲ့တာပါ။ နိုင်ငံ ရဲ့ ဂျီဒီပီက နိမ့်ကျဆဲဖြစ်ပြီး ဆင်း ရဲနွမ်းပါးမှု စံနှုန်းက အရမ်းမြင့် နေတုန်းပဲ။ တခြားနိုင်ငံသား တစ် ယောက်အနေနဲ့ ဒီနိုင်ငံမှာ မမွေး ခဲ့တာ ကံကောင်းလေခြင်းဆိုတဲ့ အတွေးမျိုး ခေါင်းထဲဝင်မလာ အောင် တားဆီးဖို့ မလွယ်ပါဘူး။
ဒါပေမဲ့ ဒါတွေကို စိတ်ဓာတ်ကျစေဖို့ ပြောနေတာ မဟုတ်ပါ ဘူး။ မြန်မာနိုင်ငံရဲ့ အတိတ်ဖြစ် ရပ်တွေဟာ မျှော်လင့်ချက်တွေ တောက်ပ ထက်သန်နေတဲ့ ပစ္စုပ္ပန် ကာလကနေ ခွဲထုတ်လို့ မရနိုင်တာကို နားလည်ရပါမယ်။

ဒီလို နောက်ခံ ဖြစ်ရပ်တွေ ရှိနေတာတောင် မြန်မာနိုင်ငံရဲ့ ရင်းမြစ် ကြွယ်ဝမှု ပုံရိပ်တွေဟာ တံလျှပ်လို ထင်ဟပ်နေခဲ့ပါတယ်။ တွင်းထွက်ပစ္စည်းတွေ အများအ ပြား တူးဖော်ရရှိခဲ့သလို ကျောက် မျက်ရတနာတွေ၊ လက်ဝတ် ရတနာတွေလည်း ထွက်ရှိနေပါ တယ်။ မြန်မာနိုင်ငံမှာ ရွှေပြား သင်္ကန်းကပ်ထားပြီး ရတနာတွေ ဌာပနာထားတဲ့ စေတီပုထိုးတွေ အများကြီး ရှိပါတယ်။

ပြီးတော့ မြန်မာနိုင်ငံဟာ သဘာဝပတ်ဝန်းကျင်နဲ့ အလှအပ နှစ်ခုစလုံး ကြွယ်ကြွယ်ဝဝ ပိုင် ဆိုင်ထားပြန်ပါတယ်။ ဥပမာ ပြော ရရင် အင်းလေးကန်ရဲ့ မနက်ခင်း နေရောင်ခြည်ဟာ စေတီပုထိုး ဂူကျောင်းတွေရဲ့ အတွင်းနံရံက ရောင်စုံ မှန်ကူကွက် အပြောက် အမွှမ်းတွေလို တောက်ပကြည် လင်နေပါတယ်။ ပြီးတော့ မြန်မာ နိုင်ငံဟာ ဘာသာတရား ထွန်း ကားတဲ့ ဒေသတစ်ခုပါ။ နိုင်ငံသား အများစုဟာ လေးနက်တဲ့ ဗုဒ္ဓ ဘာသာဝင်တွေ ဖြစ်ပါတယ်။ နတ် ကိုးကွယ်မှုနဲ့ နက္ခတ်ဗေဒင် ယုံ ကြည်မှုတွေလည်း ရောနှောပါ ဝင်နေပြန်တယ်။

စေတီပုထိုးတွေကို လှည့် လည် ကြည့်ရှုမယ်ဆိုရင် ငြိမ်ငြိမ် သက်သက် အေးအေးချမ်းချမ်း ဝတ်ပြုနေသူ အရေအတွက်ဟာ လာရောက်လည်ပတ်တဲ့ ကမ္ဘာ လှည့် ခရီးသည်တွေထက် အဆ မတန် များနေတတ်တာကို တွေ့ နိုင်ပါတယ်။ ကမ္ဘာလှည့် ခရီး သည်တွေထဲက တချို့ဟာလည်း ဒေသတွင်း နိုင်ငံတွေကနေ ရောက်လာတဲ့ ထေရဝါဒဗုဒ္ဓဘာ သာဝင်တွေပါပဲ။ နောက်ထပ် မြင် သာတာတစ်ခုက မြန်မာနိုင်ငံ သား အများအပြားဟာ အကြောင်း အမျိုးမျိုးနဲ့ ဘုရားကျောင်းကန် ဘုန်းကြီးကျောင်းတွေကို ဝင် ထွက် သွားလာနေတယ် ဆိုတာ ပါ။ ဒါကလည်း သူတို့အသက် (၇) နှစ်လောက်ကတည်းက အ ကျွမ်းတဝင် လုပ်ဆောင်လာတာ ဖြစ်ပါလိမ့်မယ်။ အဲဒီအရွယ် လောက်မှာ တစ်ပတ်လောက်ကြာ တဲ့ ဘာသာရေး လိမ္မာယဉ်ကျေး မှု သင်တန်းတွေ သွားတက်ကြ လေ့ရှိပါတယ်။ ကြက်သွေးရောင် သင်္ကန်းကို ခြုံလွှမ်းထားတဲ့၊ ငယ် ရွယ်နုပျိုတဲ့ ကိုရင်လေးတွေကို လည်း နေရာအနှံ့မှာ တွေ့နိုင်ပါ တယ်။

ပြီးတော့ ခရီးသွားမှတ်တမ်း ရေးသူတွေ ဖန်တရာတေအောင် ညွှန်းခဲ့ကြတာကတော့ အဲဒီနိုင်ငံ မှာ နေထိုင်သူတွေက ဖော်ရွေ နွေးထွေးပြီး ရက်ရောသဘော ကောင်းကြတယ် ဆိုတာပါပဲ။ ရွာ ငယ်လေးတွေကို ကျွန်မအလည် ရောက်သွားချိန်မှာ လူတွေက သူတို့အိမ် လာလည်ကြဖို့ ကျွန်မ ကို ဝိုင်းပြီး ဖိတ်ခေါ်ကြတယ်။ ပြီး တော့ သူတို့ရဲ့ ရှင်သန်နေထိုင်မှု ဘဝတွေအကြောင်း၊ သူတို့နိုင်ငံ အကြောင်း ပွင့်ပွင့်လင်းလင်းပဲ ပြောပြကြပါတယ်။ လူတိုင်းက ပြုံး နေတယ်။ ပြုံးနေတဲ့ လူတွေကို နေရာအနှံ့မှာ တွေ့နိုင်တယ်။

ဘုရားတစ်ဆူမှာတော့ ပြည်တွင်းနယ်လှည့် ဘုရားဖူးတချို့ က အရပ်မြင့်မြင့်၊ အသားအရေ ဖြူရော်ရော်၊ ဆံပင်နီနီနဲ့ အမျိုးသ မီးတစ်ယောက်ကို အတူတွဲ ဓာတ်ပုံရိုက်ဖို့ ခွင့်တောင်းပါတယ်။ အဲ ဒါ ကျွန်မပါပဲ။ ပြီးတော့ သူတို့ ပြောတတ်တဲ့ စကားပုံတစ်ခုကို လည်း ကျွန်မသင်ယူခွင့် ရခဲ့ပါ သေးတယ်။ အဲဒါကတော့ ‘‘ဆင့် ပါးစပ် နှမ်းပက်’’ ဆိုတာပါပဲ။ အဲဒါကတော့ ဆွမ်းအတွက် ဆန်ခွဲတမ်း ဝေမျှရာမှာ လျော့နည်း လာတာကြောင့် ဆန်အလှူခံ ထွက်ရင်း ကျွန်မနဲ့ စကားပြော ဖြစ်တဲ့ ကိုရင်လေးတွေ ပြောပြ တာပါ။
မြန်မာနိုင်ငံကို သွားရောက် လည်ပတ်သင့်တဲ့ လက်ရှိ အဓိက အကျဆုံး အကြောင်းရင်းက တစ်ချိန်က တံခါးပိတ်ထားတဲ့ နိုင်ငံတစ်ခုရဲ့ ပွင့်လင်းမှုဆီ ဦး တည်တဲ့ စပ်ကူးမပ်ကူးကာလ ဖြစ်နေလို့ပါပဲ။
‘‘ပြင်ပကမ္ဘာနဲ့ ရင်းနှီးလမ်း ပွင့်လာခါစ နိုင်ငံတစ်ခုကို စူး စမ်း လေ့လာရတာထက် ထူးကဲ တဲ့ ဆုလာဘ်မျိုး မရှိနိုင်ဘူး’’ လို့ ကျွန်မရဲ့ ခရီးစဉ်ကို အစီအစဉ် ရေးဆွဲပေးလိုက်တဲ့ ခရီးသွားအ ကြံပေး ကုမ္ပဏီ Red Savannah က ညွှန်းဆိုပါတယ်။

‘‘အဲဒီအချိန်ဟာ အခု မြန်မာ နိုင်ငံမှာ ကျရောက်နေတယ်။ စပ် စပ်စုစု မေးမြန်းတတ်တဲ့ နိုင်ငံခြား ခရီးသွားတွေကို နှုတ်ဆက် ဧည့်ခံရတာကို ဒေသခံတွေက ပျော် ရွှင်နေတတ်တယ်’’ လို့လည်း ဆို ပါသေးတယ်။ ဒါပေမဲ့ သူတို့ ပြောပြတဲ့အထဲမှာ မပါလိုက်တာ က ခရီးစဉ်ရဲ့ အမှတ်ရစရာ အ ကောင်းဆုံး အခိုက်အတန့်တွေ ကို ဖော်ရွေပြုံးရွှင်နေတတ်တဲ့ မြန် မာပြည်သူတွေက ဖန်တီးပေး လိုက်တယ် ဆိုတာပါပဲ။ (ကျွန်မ က Red Savannah ရဲ့ ဧည့်သည် တစ်ယောက်အနေနဲ့ ခရီးသွားခဲ့ တာပါ)

တကယ်တော့ မြန်မာနိုင်ငံ ဟာ အတိတ်မှာ ပိတ်လှောင်ကျန် နေတာတော့ မဟုတ်ပါဘူး။ ဒီ နိုင်ငံဟာ ၂၁ ရာစုထဲကို တရွေ့ ရွေ့ ချင်းနင်းဝင်ရောက်စပြုနေ ပါပြီ။ ဒါပေမဲ့ စိတ်ဝင်စားဖို့ ကောင်းတာ တစ်ချက်ဟာ ဒီနိုင်ငံ ဟာ အနောက်ကမ္ဘာရဲ့ လွှမ်းမိုးမှု တွေ သိပ်ပြီး သက်ရောက်မှု မရှိသေးဘူး ဆိုတာကို တွေ့မြင် လာရတာပါပဲ။ တရုတ်ရဲ့ ခေတ် ပေါ် ယဉ်ကျေးမှု အငွေ့အသက် တွေကို တွေ့မြင်နိုင်မှာ ဖြစ်ပေ မယ့် အမေရိကန် ဓလေ့စရိုက် လွှမ်းမိုးမှုမျိုးကတော့ မရှိသ လောက်ပါပဲ။ ကျွန်မ ရောက်ဖူး သမျှ KFC  စားသောက် ဆိုင် မရှိ တဲ့ တစ်ခုတည်းသော နေရာလည်း ဖြစ်ပါတယ်။ (စာရေးသူ မြန်မာ နိုင်ငံကို လာလည်စဉ်မှာ KFC ဆိုင်မဖွင့်သေးပါဘူး) လူဦးရေ ငါးသန်းလောက် နေထိုင်တဲ့ ရန် ကုန်လို မြို့တော်ကြီးမှာတောင် ဖုန်းကိုင်ဆောင်သူ ထက်ဝက် လောက်ပဲရှိပါတယ်။
ပြီးတော့ နိုင်ငံ့လူဦးရေရဲ့ သုံးပုံ တစ်ပုံလောက်ပဲ လျှပ်စစ်မီး ရကြတယ်။ (နေစွမ်းအင်ကို ခံယူ အသုံးပြုသူတွေ တော်တော်များ များတော့ ရှိပါတယ်)

လူတွေက ကြေးနန်းစာ ပို့ စနစ်ကို သုံးနေတုန်းပဲ။ ပြီးတော့ ရိုးရာ ဝတ်စားဆင်ယင်မှုအရ လည်း ခြုံထည်ဆန်တဲ့ အဝတ်တွေ ကို အမျိုးသားရော၊ အမျိုးသမီး တွေပါ ဝတ်ကြပါတယ်။ အဲဒါကို လုံချည်လို့ ခေါ်ကြတယ်။ ပြီး တော့ သစ်ပင်တစ်မျိုးရဲ့ အခေါက် က ရလာတဲ့ အဝါရောင်မိတ်ကပ် (သနပ်ခါး)ကို သူတို့ မျက်နှာပေါ် မှာ လိမ်းခြယ်ကြတယ်။ ကျေး လက်ဒေသတွေမှာ ဆိုရင်တော့ တိုင်းရင်းသား မျိုးနွယ်စုတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် အဝတ်တန် ဆာတွေကို ထိန်းသိမ်းဆင်မြန်း နေတုန်းပါပဲ။ ပအို့ဝ်လူမျိုးတွေ ဟာ ဗောင်းထုပ်ဆန်တဲ့ ရောင်စုံ ခေါင်းပေါင်းတွေ ဝတ်ထားကြ တယ်။ ချင်းအမျိုးသမီးတွေက မျက်နှာမှာ မင်ကြောင်တွေ ထိုးထားတယ်။ ဒါက သူတို့ရဲ့ အန္တ ရာယ် ဖြစ်စေနိုင်လောက်တဲ့ ပင် ကိုအလှကို လျော့ပါးသွားအောင် လုပ်ဆောင်တဲ့ ဓလေ့တစ်ရပ်လို့ ဆိုပါတယ်။

မြန်မာအနေနဲ့ ကမ္ဘာကြီးကို ရင်ဖွင့် ကြိုဆိုလာချိန်မှာ အ ပြောင်းအလဲတွေကတော့ မလွဲဧကန် ဖြစ်လာမှာပါပဲ။ တစ်ချိန် က တသီးတခြား ပုံစံကွဲနဲ့ ရပ် တည်ခဲ့တဲ့ အခြေအနေတွေဟာ တဖြည်းဖြည်း လျော့ပါးလာတာ ကိုတော့ လက်ခံရပါမယ်။ ရန် ကုန်မှာ ဈေးဝယ်စင်တာကြီးတွေ ဒါဇင်နဲ့ချီပြီး ရှိလာပြီ။ အထပ်မြင့် တန်ဖိုးကြီး ကွန်ဒိုမီနီယမ် အ ဆောက်အအုံကြီးတွေ တည် ဆောက်နေကြပြီ။ အဲဒီဆောက် လုပ်ရေး လုပ်ငန်းကြီးတွေကို စက်မှုကဏ္ဍ ဖွံ့ဖြိုးမှုမရှိသေးတဲ့ နိုင်ငံတစ်ခုမှာ ခြေကုပ်ယူထား နိုင်မယ့် အခွင့်အရေးကို စောင့် ဆိုင်းနေတဲ့ နိုင်ငံရပ်ခြား စီးပွား ရေး လုပ်ငန်းကြီးတွေကပါ ပါဝင် မြှုပ်နှံထားပါတယ်။

ရန်ကုန် နိုင်ငံတကာ လေ ဆိပ်သစ်ကြီးကလည်း အမေရိ ကန်ကနေ ခရီးရှည် ပျံသန်းလာ တဲ့ လေယာဉ်ခရီးစဉ်တွေ အဆင်ပြေ ဝင်ဆံ့လောက်အောင် ဒီဇိုင်း ထုတ်ထားတာပါ။ အဲဒီလိုလေ ဆိပ်မျိုးက နိုင်ငံရဲ့ မြို့တော်သစ် နေပြည်တော်မှာလည်း တစ်ခုရှိ ပါတယ်။ နေရာတိုင်းမှာ ဟိုတယ် အသစ်တွေ ဆောက်လုပ်နေတာ ကို မြင်နိုင်တယ်။ ပုဂံမှာဆိုရင် လယ်သမားတွေက သူတို့ပိုင် လယ်မြေတွေကို ရောင်းထုတ်ပြီး ကမ္ဘာလှည့် ခရီးသည်တွေကို အကြိုအပို့လုပ်ဖို့ မော်တော်ကား တွေ ဝယ်ကုန်ကြပါပြီ။ ဒီအတွက် သူတို့မှာလည်း အကြောင်းပြချက် ကောင်းကောင်း ရှိတယ်လေ။ မြန်မာနိုင်ငံကို သွားလည်တဲ့ တရားဝင်ကမ္ဘာလှည့် ခရီးသည် အရေအတွက်က ၂၀၁၂ မှာ တစ်သန်း၊ ၂၀၁၃မှာ နှစ်သန်းနဲ့ ၂၀၁၄မှာ သုံးသန်း ထိ မြင့်တက်လာနေပါတယ်။

အစိုးရက ဒီနှစ်မှာ ကမ္ဘာ လှည့်ခရီးသည် အရေအတွက် ငါးသန်းလောက်ထိကို ဆွဲဆောင်နိုင်ဖို့ စီမံကိန်းတွေ ချမှတ်ထား တဲ့အကြောင်း  ဧည့်လမ်းညွှန်တစ်ယောက်က ကျွန်မကို ပြောပြပါတယ်။
နောက်ပြီး လောလောလတ် လတ် မြန်မာနိုင်ငံကို သွားသင့် တဲ့ နောက်ထပ်အကြောင်းရင်း တစ်ခုကတော့ မိုးရွာတဲ့ နွေရာ သီကာလ ဖြစ်နေလို့ပါပဲ။ ကျွန်မ လည်း ဒီကာလမှာ သွားလည်ခဲ့ တာပါ။

သွားလည်လို့ကောင်းတဲ့ အထင်ကရ နေရာတွေဟာ ဆောင်းတွင်းနဲ့ နွေဦးကာလတွေ မှာ ခရီးသွားတွေ ထူထပ်နေတတ် ပါတယ်။ ဒါပေမဲ့ ဇွန်လလို အချိန်မျိုးမှာတော့ ရာသီဥတု အချိန် အခါကို သိပ်အလေးမထား တဲ့ ကမ္ဘာလှည့် ခရီးသည် နည်းနည်း ပါးပါးလောက်ပဲ ရှိပါတယ်။ မိုး ဘယ်အချိန် ရွာမယ်ဆိုတာ ခန့် မှန်းရ မလွယ်ပါဘူး။ ဒါပေမဲ့ ခဏတစ်ဖြုတ်လေးပဲ ရွာလေ့ရှိ တယ်။ နှစ်ပတ်လောက် နေခဲ့တဲ့ အချိန်မှာ ကျွန်မ တစ်ကိုယ်လုံး ရွှဲရွှဲစိုသွားတာ တစ်ခါပဲရှိတယ်။ အိုက်စပ်စပ် ခံစားရတဲ့နေ့ တစ် နေ့မှာ ဒါမျိုး ကြုံရတဲ့ ခံစားချက် ကတော့ ထူးဆန်းနေသလိုပဲ။

မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား ကဏ္ဍဟာ သိပ်ပြီး ကိန်း ကြီးခန်းကြီး မနိုင်လှဘဲ ကျောပိုး အိတ် တစ်လုံးနဲ့ လျှောက်သွားနေ တတ်တဲ့ ဧည့်သည်တွေနဲ့ ပိုပြီး သင့်လျော်ပါတယ်။ ပြီးတော့ လေ ယာဉ် ခရီးစဉ်တွေကလည်း တစ်ခု နဲ့တစ်ခု ဆက်စပ်နေတယ်။ ရန်ကုန်ကနေ ပုဂံကို ကျွန်မနဲ့ အတူ မနက်၇ နာရီ လေယာဉ် ခရီးစဉ်နဲ့ သွားခဲ့ကြတဲ့ လူတော်တော်များများဟာ နှစ်ရက်ကြာတော့ ပုဂံကနေ မန္တလေးကို ပျံသန်းတဲ့ မနက် ၈ နာရီခွဲ ခရီးစဉ်မှာ ပါလာ ကြပြန်တယ်။

ဇွဲရဲဝင့် ဘာသာပြန်သည်။
(ဆက်လက်ဖော်ပြပါမည်)
http://www.7daydaily.com/story/42009

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...