စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သဘာဝကျောက်သွေး၏ ဆေးဖက်ဝင်ပုံ

 
ဆဒ္ဒန်ဂူမှ ရရှိလာသော ကျောက်သွေး
 


 နှလုံးတုန်၊ ရင်တုန်၊ မူးမောလျင် သံကြားရည် (သို့) သံပုရာရည်ဖြင့် ဖျော်သောက်ပါ။
သွေးတိုးလျင် ရေကျက်အေး၊ သကြားရည်တို့နှင့် ဖျော်သောက်ပါ။
ဆီးကျင်၊ ဆီးအောင့်လျင် ဆန်ဆေးရည် (သို့) အုန်းရည်ဖြင့် ရောသောက်ပါ။
အမျိုးသမီးများ သွေးသားမှန်လိုလျင် ကြံရည်အစစ်နှင့် ဖျော်သောက်ပါ။
အမျိုးသားများ ဒူလာဖြစ်လျင် အရက် (သို့) အုန်းရည်ဖြင့် ရောသောက်ပါ။
လေထိုး၊ လေအောင့် ဖြစ်လျင် ဧကရစ်မြစ်ဖြင့် ရောသောက်ပါ။
ဝမ်းရောဂါနှင့် ပတ်သတ်လျင် မင်းကွတ်သီးခွံနှင့် ပြုတ်သောက်ပါ။
အရေပြားရောဂါ ခံစားရလျင် တမာခေါက်ဖြင့် သွေးလိမ်းပါ။


စာရေးသူမှာ မူးမောခြင်းအတွက် သကြားရည်ဖြင့် ဖျော်သောက်ရာ တကယ်ကို အကျိုးရှိကြောင်း သိရပါတယ်။ ကျန်သောနည်းများမှာ မစမ်းဘူး၍ မိမိဘာသာ ဆင်ခြင် သုံးစွဲနိုင်ကြပါစေ။ ဆဒ္ဒန်ဂူမှ ကူးယူလာသော ဆေးညွှန်းများကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ကျောက်သွေးက မဖျော်ခင်မှာ မဲပုပ်ပုပ်အရောင်၊ လက်ထိပ်နဲ့ ဖိခြေလိုက်ရင် ညိုပုပ်ပုပ်အရောင်၊ ရေကျက်အေးထဲ ထည့်ဖျော်လိုက်ရင် နီညိုရောင်သန်းတဲ့ သွေးပုပ်ရောင် ပြောင်းပါတယ်။ အနံ့မှာ သွေးညှီုနံ့ အနည်းငယ်သန်းပြီး သောက်လိုက်ရင် ရင်ထဲစိမ့်နေအောင် အေးပါတယ်။ သောက်ပြီး ဆယ့်ငါးမိနစ်လောက်ထိ ရင်ထဲအေးနေပါသေးတယ်။
Stacy Chan (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/posts/928036597239593

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...