စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင် ဝိတ်ချသော်လည်း ဝိတ်မကျသည့် အကြောင်းအရင်း



မိမိအနေနဲ့ ဝိတ်ကျလို ကျငြား ကြိုးစားတဲ့အခါ ထူးမလာပဲ အချို့ဆို ပိုလို့တောင် ဝလာပါတယ်။ ဒီတော့ မိမိ ဝိတ်မကျတာဟာ ပေးထားတဲ့ နည်းလမ်းကများ မှားနေသလားပေါ့။ ဒီတော့ အောက်ပါ အချက်တွေကို ပြန်လည် သုံးသပ်ရန် လိုအပ်ပါတယ်။

အစားအသောက် အလေ့အကျင့် မှန်ပြီလား

မိမိ အနေနဲ့ အစား စားတဲ့အခါ ဘယ် အစားအစာကို စားတာလဲ ဆိုတဲ့ မေးခွန်းထက် ဘယ်အချိန်မှာ စားတာလဲ၊ ဘယ်နေရာမှာ စားတာလဲ၊ ဘာကြောင့်မို့ စားတာလဲ ဆိုတဲ့ မေးခွန်းက ပိုအရေးကြီး ပါတယ်။ အစား စားတဲ့အခါ ကျန်းမာရေးအရ လိုအပ်လို့ စားတာက မှန်ပေမယ့် မိမိ အနေနဲ့ ပျင်းလို့ စားတာမျိုး ရှိလား၊ ဗိုက်ဆာလို့ စားတာလား၊ အားနာလို့ စားတာလား၊ စိတ်ညစ်လို့ စားတာလား၊ နှမြောလို့ စားတာလား အစရှိသဖြင့် မေးခွန်း ထုတ်စရာ ရှိပါတယ်။ မိမိ အနေနဲ့ ကျန်းမာရေး အတွက်ရယ်လို့ မဟုတ်ပဲ စားရတာမျိုး ဆိုရင် ရှောင်နိုင်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒီတော့ စားတဲ့အခါမှာ အချိန်ဟာလည်း စကားပြောပါတယ်။ ညသန်းခေါင်မှာ ထစားတတ်ရင်တော့ ဝိတ်ကျဖို့ အိပ်မက် နည်းနည်း ဝေးနေပါလိမ့်မယ်။

သင်ဟာ အသက် ငယ်မလာပါ

လေ့လာ စမ်းစစ်ချက် အရ တစ်နှစ်ကို လူကြီး တစ်ယောက်ဟာ ကြွက်သား (muscle) ၈ ရာခိုင်နှုန်း ဆုံးရှုံး ပါတယ်။ ဒီတော့ ပိုပြီးတော့ နုပျို မသွားပါဘူး။ ဒီတော့ ပျောက်သွားတဲ့ muscle အစား အဆီတွေက ဝင်ဖို့ ပိုများပါတယ်။ ဒီတော့ အသက်ကြီးလာလေလေ ဝိတ်ကျရန် ပြုလုပ်ရ ခက်လာလေလေ ဖြစ်ပါတယ်။

အိပ်ရေး မဝခြင်း

အိပ်ရေး ဝဝ မအိပ်ခြင်းဟာလည်း ပိုဝစေပါတယ်။ ညဘက် အိပ်ရေး မဝသူဟာ နောက်နေ့ စားတဲ့အစားမှာ ကယ်လိုရီဓာတ် ပိုများပြီး ယင်း ကယ်လိုရီနဲ့ သကြားဓာတ်များ မိမိရဲ့ အဆီတွေကို ပိုတိုးလာစေမှာ ဖြစ်ပါတယ်။ အိပ်ရေး မဝရင် ပရိုဓာတ် ကြွယ်တာကို စားတာကပဲ ဝိတ်ကျဖို့အတွက ထောက်ပံ့လိမ့်မယ်လို့ ဆိုပါတယ်။

ဆင်ခြင် စားသေက်ရန် လိုအပ်ခြင်း

ပညာရှင်တို့ လေ့လာချက်အရ လူတွေဟာ တစ်ခုခုကို ကျန်းမာရေး ကောင်းတယ်လို့ ထင်ရင် ပိုလို့ စားတတ်ကြပါတယ်။ ဘယ်အရာမဆို လိုအပ်တာထက် စားရင် ကျန်းမာရေး အတွက် ကောင်းကျိုး မဖြစ်ပါဘူး။ အထူးသဖြင့် ဝစေပါတယ်။ ဒါကြောင့်မို့ ကျန်းမာရေး အတွက် ဖြစ်သော်ငြားလည်း ဆင်ခြင် စားသောက်ရန် လိုအပ် ပါတယ်။

စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှု များခြင်း ကလည်း stress hormone တိုးခြင်းကြောင့် ပိုလို့ ဝလာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စိတ်ဖိစီးမှု မဖြစ်အောင် မိမိဟာ အားကစား ပြုလုပ်ခြင်း စိတ်ရှင်းအောင် ယောဂလုပ်ခြင်း၊ စာဖတ်ခြင်း၊ အကောင်းမြင်စိတ် ထားခြင်းတို့ ရှိနိုင်အောင် ပိုကြိုးစားရမှာ ဖြစ်ပါတယ်။

အကျင့်တစ်ခုကို ရယူဖို့ဆိုတာ အနည်းဆုံး ၁၈ ရက်ကြာပြီး အချို့ဆို ၂၅၄ ရက်လောက် အထိ ကြာပြီးမှ ရလဒ် ပြန်ရတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်မို့ ဝိတ်ကျဖို့ ကြိုးစားတဲ့အခါ စိတ်ရှည်ဖို့လည်း လိုအပ် ပါတယ်။ အထပ်က ပြောခဲ့တဲ့ အချက်များ အရလည်း လိုက်နာပြီး ရှောင်ကြဉ်မယ်ဆိုရင် အဆီပိုတွေ အတတ်နိုင်ဆုံး လျော့ချသွားနိုင်မှာ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/pb.171647766211817.-2207520000.14

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...