စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထိုင်းသို့ ဗီဇာမလိုဘဲ ၁၄ရက်ကြာ သွားနိုင်တော့မည်

@Myanmar

မြန်မာ-ထိုင်းနှစ်နိုင်ငံကြား ဗီဇာမလိုဘဲ သီတင်းနှစ်ပတ်ကြာသွားလာခွင့်ပြုရန် ထိုင်းအစိုရအစည်းအဝေးတစ်ရပ်က ဆုံးဖြတ်လိုက်ကြောင်းနှင့် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ(MOU)ကို ယခုလကုန်ပိုင်းတွင် လက်မှတ်ရေးထိုးတော့မည်ဖြစ်ကြောင်းသတင်းရရှိသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၈ ရက်တွင် MOU ထိုးရန် သတ်မှတ်ထားပြီး လုပ်ငန်းသဘောအရ လက်မှတ်ထိုးပြီး တစ်လအကြာတွင် ဗီဇာကင်းလွတ်ခွင့်အသက်ဝင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးစိန်ဦးကပြောသည်။
  
''ထိုင်းဘက်က လေဆိပ်ဝင်ပေါက်တွေမှာ ပထမအဆင့်လက်မှတ်ရေးထိုးလိုတယ်လို့ ကမ်းလှမ်းလာပါတယ်။ လ၀ကဘက်ကလည်း ကန့်ကွက်မှုမရှိတာကြောင့် လက်မှတ်ထိုးဖို့ သဘောတူလိုက်တာပါ" ဟု ၎င်းကဆက်ပြောသည်။
  
ထိုင်းဘက်က သတ်မှတ်ထားသောလေဆိပ်ဝင်ပေါက် ၂၃ ခုမှသာ ဗီဇာမလိုဘဲဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး မြန်မာဘက်ကနယ်စပ်ဝင်ပေါက်လေးခုတွင် ဗီဇာကင်းလွတ်ခွင့်ပေးရန်တောင်းဆိုထားဆဲဖြစ်သည်။ထို့ကြောင့် လတ်တလောတွင် ထိုင်းသို့ ဗီဇာမလိုဘဲ သွားနိုင်ခြင်းမှာ လေယာဉ်စီးသွားမည့်မြန်မာနိုင်ငံသားများသာ အကျုံးဝင်မည်ဖြစ်ပြီး၊ နယ်စပ်မှ သွားသူများ မပါရှိပေ။
လက်ရှိတွင်မြန်မာမှာ အာဆီယံ ၁၀ နိုင်ငံအနက် စင်ကာပူနှင့် မလေးရှားတို့မှ လွဲ၍ ကျန်နိုင်ငံများကို ဗီဇာမလိုဘဲ ၁၄ ရက်ကြာ အပြန်အလှန်သွားနိုင်ပြီဖြစ်သည်။

http://www.7daydaily.com/story/42385

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...