
The Great Banyan Tree



Calcutta Botanical Garden

Calcutta Botanical Garden
Acharya Jagadish Chandra Bose ရုက္ခဗေဒ ဥယျာဉ် (သို့) Calcutta ရုက္ခဗေဒ ဥယျာဉ် သည် အိန္ဒိယ နိုင်ငံ၊ ကိုးကတ္တား အနီး Shibpur မှာ တည်ရပြီး ၂၇၀ ဧက ကျယ်ပါတယ်။ Calcutta ရုက္ခဗေဒ ဥယျာဉ်ကို ၁၇၈၇ ခုနှစ် ဝန်းကျင်တွင် ဗြိတိသျှ ဗိုလ်မှူး Robert Kyd မှ စတင် တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ နိုင်ငံ အသီးသီးမှ အပင်များကို ယူဆောင် စိုက်ပျိုးထားပါတယ်။ ကြာပန်းများ၊ သစ်ခွ၊ ထန်းပင်၊ အုန်းပင် နှင့် မြောက်များလှစွာသော အပင်များ ရှိပါတယ်။ အဓိက လူသိများပြီး နံမည်ကြီးတဲ့ ရုက္ခဗေဒ ဥယျာဉ်ရဲ့ အမှတ်အသားကတော့ ညောင်ပင် တစ်ပင်သာ ဖြစ်ပါတယ်။ သည်ညောင်ပင်ဟာ ကမ္ဘာ့ အကြီးဆုံး ညောင်ပင် အဖြစ် ဂရင်းနစ် မှတ်တမ်း ဝင်ပါတယ်။
ညောင်ပင် သက်တမ်းဟာ နှစ်ပေါင်း ၂၅၀ ကျော်ပါပြီ။ ညောင်ပင်ရဲ့ ပမာဏဟာ ၁၄, ၅၀၀ မီတာစကွဲယား ကျယ်ပြန့်ပါတယ်။ ညောင်ပင်ရဲ့ ကိုင်းကနေ ပြန်ထွက်လာတဲ့ ညောင်မြစ် (ညောင်မုတ်ဆိတ်) များဟာ အင်မတန် များပြားလွန်းပြီး ၂၈၈၀ ထိရှိကြောင်း ၂၀၀၅ခုနှစ် မှတ်တမ်းများတွင် ဖော်ပြထားပါတယ်။
ညောင်ပင်၏ အဓိက ပင်စည်ကတော့ ၁၉၂၅ ခုနှစ်ကတည်းက ပျက်စီးသွားပြီး ညောင်မုတ်ဆိတ်များဖြင့် ယနေ့တိုင် ဆက်လက် ရှင်သန်နေခြင်း ဖြစ်ပါတယ်။ သိပ္ပံပညာရှင်များ၏ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ညောင်ပင် တစ်ပင်ဖြစ်ပါတယ်။
Ref: Amusing Plant & Wiki
Stacy Chan (ရိုးရာလေး)
https://www.facebook.com/yoyarlaydotcom/posts/924929304216989
No comments:
Post a Comment