
Dean Wharmby လို့ အမည်ရတဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသား တစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက စလို့ ကာယဗလမောင် ဖြစ်ပြီး အသက် ၃၀ နောက်ပိုင်း ရောက်တဲ့အခါ ပြန်သင်ပေးတဲ့ ဆရာ အဖြစ် လုပ်ကိုင် ပါတယ်။
သူ့မှာ ဇနီးနဲ့ သမီး တစ်ဦး ရှိပါတယ်။ သူ့ရဲ့ နေ့စဉ် စားသောက်မှု ပုံစံက မမှန်ပါဘူး။ တစ်ရက်ကို ကီလိုရီ ၁၀၀၀ ဖိုးလောက် ရှိတဲ့ ဟမ်ဘာဂါ၊ ပီဇာနဲ့ အခြားသော မုန့်များကို စားသုံးပြီး အားဖြည့်အချိုရည်ကို တစ်ရက်ကို ၇ ဗူး၊ ၈ ဗူးလောက် သောက်သူ ဖြစ်ပါတယ်။ ယင်းသို့ နှစ်ပေါင်းများစွာ နေထိုင် သောက်သုံး မှုကြောင့် အသည်းမှာ ကင်ဆာ အကြိတ်ဖြစ်ပေါ်လာပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလကနေ ဆေးရုံ စတက်ရပါတယ်။ ဆေးရုံ စတက်စဉ်ကတော့ သူဟာ လပိုင်းပဲ နေရမယ်လို့ ခန့်မှန်းခဲ့ပေမယ့် Dean ကတော့ ပြီးခဲ့တဲ့ တနဂ်နွေနေ့အထိ တောင့်ခံခဲ့ပါတယ်။ သူဟာ ကာယာဗလမောင် လမ်းကြောင်းစလျှောက်စဉ်ကလည်း ကြွက်သားအတက်မြတ်တဲ့ ဆေးတစ်မျိုးကိုလည်း သုံးခဲ့ပါတယ်။ ယင်း ဆေးကိုလည်း အခြား ကာယဗလမောင်များက အသုံးပြု ပါတယ်။
သူ့အနေနဲ့ စားသောက်မှုပုံစံလည်း မပြောင်းလဲတာကြောင့် သာမန်လူကနေ တဖြည်းဖြည်း အမောဖောက်လာခြင်း၊ မကြာခဏ ဖျားလာခြင်း၊ အကြောင်းပြချက် မရှိ ဝိတ်ကျလာခြင်း၊ ကြွက်သားများ ကိုက်ခဲ့ခြင်း၊ အရည်အပြားများ ဝါလာခြင်း၊ မျက်အိမ်တွင်း ဖြူလာခြင်း၊ အစာစားချင်စိတ် ပျောက်ခြင်း၊ အနည်းငယ် စားရုံဖြစ် ဗိုက်ပြည့်သည်ဟု ခံစားရခြင်း၊ ဗိုက်နားတစ်ဝိုက် နာကျင်ခြင်း အစရှိတဲ့ ရောဂါ လက္ခဏာများကို တစ်ဆထပ် တစ်ဆ ပိုတိုးလာပြီး နောက်ဆုံး ဓာတ်မှန် ရိုက်ကြည့်တော့ အသည်းမှာ ကင်ဆာ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
သူ့အနေနဲ့ သဘာဝ နည်းလမ်းဖြင့် ကုသပြီး အစားအသောက်ဆင်ခြင်ခြင်းတို့ ပြုလုပ်ပါတယ်။ ဒါပေမယ့် မမှီပါဘူး။ အသက်ပေးလိုက်ရပါတယ်။ သူ့ရဲ့ Facebook Page ကနေ သူ့ရဲက ကြိုးစားမှုများကို ပုံများနှင့်တကွ တင်ခဲ့ပြီး ဖတ်ရှု ဝမ်းနည်းသူ များပြားခဲ့ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)








https://www.facebook.com/yoyarlaydotcom/posts/927204020656184
No comments:
Post a Comment