စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကရင် တိုင်းရင်းသား ကလာဟယ်ကို ရှက်ဖီး ယူနိုက်တက် ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်လိုက်ပြီ

 

ကရင် တိုင်းရင်းသား ကလာဟယ်ကို ရှက်ဖီး ယူနိုက်တက် ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်လိုက်ပြီ
ကရင် တိုင်းရင်းသား ကလာဟယ်ကို ရှက်ဖီး ယူနိုက်တက်က ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုလိုက်ပြီလို့ ဂါးဒီးယန်း သတင်းစာမှာ ဖော်ပြထားပါတယ်။ တတိယ အကြိမ်မြောက် စမ်းသပ် လေ့ကျင့်မှု အစီအစဉ်မှာ ရှက်ဖီး အသင်း နည်းပြတွေက ကလာဟယ်ရဲ့ ခြေစွမ်းကို သဘောကျတဲ့အတွက် ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့တာပါ။

ကလာဟယ်ကို ထိုင်းနိုင်ငံ နယ်စပ်က Umpiem Mai ရွှေ့ပြောင်း လုပ်သားစခန်းမှာ မွေးဖွားခဲ့ပြီး သူတို့ မိသားစုဟာ သြစတြေးလျကို သွားရောက်ချင်ပေမယ့် နိုင်ငံကူး လက်မှတ် မရှိတဲ့အတွက် အခက်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ၂၀၀၆ ခုနှစ်မှာတော့ ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂနဲ့ ဗြိတိန် အစိုးရတို့ ပူးပေါင်း ဆောင်ရွက်တဲ့ ရွှေ့ပြောင်းလုပ်သားများ ဗြိတိန်တွင် ခိုလှုံ အခြေချ နေထိုင်ရေး အစီအစဉ် gateway protection programme ကြောင့် ကလာဟယ်တို့ မိသားစု ရှက်ဖီးမှာ နေထိုင်ခွင့် ရခဲ့တယ်လို့ ဂါးဒီးယန်းက ဖော်ပြထားပါတယ်။

ကလာဟယ်ဟာ ဘာသာ စကား အခက်အခဲကို ဘောလုံး အားကစားနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကျောင်းအသင်းနဲ့ တနင်္ဂနွေလိဂ် ပြိုင်ပွဲတွေမှာ ဘောလုံးကန်ကောင်းတဲ့ ကလယ်ဟယ်ကို သူငယ်ချင်းတွေက Football Unites Racism Divides group မှာ ခြေစွမ်း စမ်းသပ်ကြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။
Football Unites Racism Divides group ဆိုတာ လူသားခြင်း ခွဲခြား ဆက်ဆံမှုတွေကို ဘောလုံး အားကစားနဲ့ တိုက်ဖျက်ပြီး လူငယ်တွေ အခွင့်အရေး ပိုရလာစေဖို့ ရည်ရွယ်တဲ့ စီမံကိန်း တစ်ရပ်ဖြစ်ပြီး ရှက်ဖီး ပရိသတ်တွေ အစပျိုးခဲ့တဲ့ အစီအစဉ်ပါ။ အင်္ဂလန် လက်ရွေးစင် ကစားသမား ကယ်လီဝေါ်လ်ကာဟာလည်း ဒီအစီအစဉ်ကနေ ထွန်းပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ကလာဟယ်ဟာ ခြေစွမ်းစမ်းသပ်မှု နှစ်ကြိမ် မအောင်မြင်ခဲ့ပေမယ့် တတိယ အကြိမ်မှာတော့ နည်းပြတွေက ကလယ်ဟယ်ကို ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ရှက်ဖီးနဲ့ အတူ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့ ကလာဟယ်က ပရီးမီးယားလိဂ်မှာ ကစားခွင့်ရရေး မျော်မှန်းထားပြီး တနေ့နေ့ကျရင် မြန်မာ(သို့မဟုတ်) ထိုင်း လက်ရွေးစင် အသင်းမှာ အသင်းခေါင်းဆောင် တာဝန် ထမ်းဆောင်ခွင့်ရဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

"လက်ရှိ ရည်မှန်းချက်ကတော့ ယူ ၂၁ အသင်းနည်းပြ ခရစ္စ မော်ဂန်နဲ့ အသင်းကြီး နည်းပြ နီဂယ် အက်ဒ်ကင်တို့ သဘောကျဖို့ပါ။ ရှက်ဖီး အသင်းက ကျွန်တော့်အပေါ် ယုံကြည်ပေးခဲ့တဲ့အတွက် ပြန်ပေးဆပ်ချင်တယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲ ကစားခွင့်ရချင်တယ်။ ကျွန်တော့် ကစားသမားဘ၀ အတွက် ရည်မှန်းချက် ကြီးကြီးထားပါတယ်။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေလို အဆင့်အတန်း အမြင့်ဆုံး ပြိုင်ပွဲတွေမှာ ကစားပြီး တစ်နေ့နေ့ကျရင် မြန်မာ သို့မဟုတ် ထိုင်း လက်ရွေးစင် အသင်းကြီးရဲ့ အသင်းခေါင်းဆောင် အဖြစ် ကစားခွင့်ရချင်ပါတယ်" လို့ ကလာဟယ်က ရိုက်တာ သတင်း ဌာနကို ပြောပါတယ်။
Ref : Guardian
Nz (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/posts/927458800630706
 
 https://www.facebook.com/yoyarlaydotcom/posts/927458800630706

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...