





ဆိုင်ကို ဈေးဝယ်လာဖြစ်တဲ့ အမျိုးသမီးတစ်ဦးဟာ Wang ရဲ့ ဓာတ်ပုံကို ရိုက်လို့ တရုတ် ဆိုရှယ်မီဒီယာပေါ် တင်လိုက်တဲ့အခါ လူကြိုက်များ၊ လူပြောများတဲ့ ပုံ ဖြစ်လာပါတယ်။ ယင်းနောက်ပိုင်း Wang ရောင်းတဲ့ ဆိုင်ကို သွားသူ များပြား လာပြီး တန်းစီ ရောင်းတဲ့ စနစ်တောင် ဖြစ်သွားရသတဲ့။ ဝယ်ယူသူ အများစု ဟာလည်း အမျိုးသမီးများ ဖြစ်ပါတယ်။ အသက်ငယ်ငယ် အမျိုးသမီးများ ပါဝင်သလို အသက်အလတ်ပိုင်း အမျိုးသမီးများစွာလည်း ဈေးဝယ်ကြသတဲ့။ ဈေးဝယ်တဲ့အခါလည်း ဆိုင်မှာ အခြားသော ရောင်းသူများ ရှိနေသည့်တိုင် သူ့ဆီကိုပဲ သွားလို့ မေးတာမျိုး၊ ငွေရှင်းတာမျိုးတို့ လုပ်ကြ ပါတယ်။
အချို့ဆိုရင် သူ့ကို ရုပ်ချောကြောင့်၊ ခန္ဓာကိုယ်လှကြောင်း ပွင့်ပွင့်လင်းလင်းတောင် ချီးကျူးသွားကြသတဲ့။ Wang ဟာ တက္ကသိုလ် နောက်ဆုံးနစ် ကျောင်းသား တစ်ဦး ဖြစ်ပြီး အချိန်ပိုင်းသာ ဈေးလာရောင်းခြင်း ဖြစ်ပါတယ်။ တက္ကသိုလ် မတက်ခင်ကလည်း စစ်မှုထမ်းခဲ့သူ ဖြစ်တာကြောင့် သူ့ရဲက ခန္ဓာကိုယ်ကို သန်မာအောင် ထောက်ပံ့မှု တစ်ခုဖြစ်စေခဲ့ပါတယ်။
သူ့လိုပဲ နာမည်ကြီးချင်လို့ အခြားသော တရုတ် မော်ဒယ်အချို့ကလည်း သစ်သီးရောင်းတဲ့ ပုံစံမျိုးနဲ့ ဓာတ်ပုံများ ရိုက်ယူပေမယ့် Wang ကို မမှီပါဘူး။ တရုတ် ဆိုရှယ်မီဒီယာများကတော့ Wang ကို ကမ္ဘာ့အလှဆုံး သစ်သီးသည် လို့တောင် အမည်မဲ့ ခေါ်ဆိုလျက် ရှိပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/yoyarlaydotcom/posts/921574397885813
No comments:
Post a Comment