ပျော်ရွှင်မှုကို ငွေဖြင့် ၀ယ်ယူလို့ မရဟု ပြောတတ်ကြသည်။ သို့သော် ငွေကြေးသန်းချီ ပေးနိုင်လျှင်တော့ ပျော်ရွှင်မှုကို ၀ယ်လို့ရကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။
ပေါင် (၇ ဒသမ ၆) သန်းသည် ပျော်ရွှင်မှုကို ၀ယ်ယူလို့ ရသည့် ငွေကြေး ပမာဏဟု လေ့လာမှုတွင် ဖော်ပြထားသည်။ အလုပ်အကိုင်၊ လူမှု ဆက်ဆံရေးနှင့် စွန့်စားမှု အပေါ် ထားရှိသည့် အမြင်တို့ အပါအ၀င် အရာရာတိုင်း အတွက် တန်ရာတန်ကြေး ဆိုတာ ရှိနေကြောင်း လေ့လာမှုတွင် ရေးသားထားသည်။
ငွေဘယ်ရွေ့ဘယ်မျှ ရမည် ဆိုပါက ငါးမန်းများဖြင့် ရေကူးမည်၊ အလုပ်သို့ ကိုယ်လုံးတီး သွားမည်၊ ကိုယ့်ချစ်သူကို စွန့်လွှတ်မည် အစရှိသဖြင့် တန်ရာ တန်ကြေးများ ရှိနေသည်။
လေ့လာမှု အရဆိုလျှင် ပျမ်းမျှ လူကြီး တစ်ဦးသည် ပေါင် (၁ ဒသမ ၃) သန်းကိုသာ ရမည်ဆိုလျှင် ဘ၀ လက်တွဲဖော်ကို စွန့်လွှတ် ရဲနေသည်။ အလုပ်မှ ထွက်ဖို့ဆိုလျှင် ပေါင် (၁ ဒသမ ၄) သန်းပေးလျှင် ဖြစ်နိုင်ပြန်သည်။
စစ်တမ်း ဖြေဆိုသူ (၆၂) ရာခိုင်နှုန်းက ငွေဖြင့် ပျော်ရွှင်မှုကို ၀ယ်လို့ ရသည်ဟု ပြောဆိုခဲ့သည်။ ပေါင် သန်း (၅၀) သာရကြည့် မျက်နှာပေါ် က အပြုံး တစ်သက်လုံး မပျောက်စေရဟု စစ်တမ်း ဖြေဆိုသူ (၁၀) ဦးလျှင် တစ်ဦးက ပြောဆိုခဲ့သည်။
သို့သော် လောဘ သိပ်မကြီးသည့် ဗြိတိန် နိုင်ငံသား (၁၀) ဦးလျှင် တစ်ဦးကမူ ပေါင် (၂၅၀၀၀၀) လောက်သာရလျှင် ဘ၀တွင် နေပျော်ပါပြီဟု ပြောဆိုခဲ့သည်။ အသက်အရွယ်စုံ လူကြီး (၂၀၀၀) နီးပါးကို မေးမြန်းပြီး စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။ (၂၂) ရာခိုင်နှုန်းက ငွေတွေ တောင်ပုံ ရာပုံရလျှင် ဘ၀ လက်တွဲဖော်ကို ဖွင့်မပြောဘဲ ဖုံးထားမည်ဟု ပြောဆိုခဲ့သည်။
(၃) ရာခိုင်နှုန်းက ငွေတွေ တစ်ပုံကြီး ရလျှင်လည်း ဘ၀လက်တွဲဖော်ကို လက်ဆောင် ပေးမည် မဟုတ်ဟု ပြောဆိုခဲ့သည်။ (၈၀) ရာခိုင်နှုန်းကမူ သဘောထား ကြီးသည် ဆိုရမည်။ ၄င်းတို့ ငွေကြေးတစ်ပုံ တစ်ပင် ရရှိလျှင် မိသားစု ၀င်များကို ခွဲပေးမည် ဟု ပြောဆိုခဲ့သည်။
(၃၁) ရာခိုင်နှုန်းက ငွေအများကြီး ရလျှင် ပထမဆုံး လုပ်မည့်အရာမှာ အကြွေးဆပ်ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ (၁၂) ရာခိုင်နှုန်းက စိတ်ကူး ယဉ်ထားသည့် အိမ်ကြီးကို ၀ယ်ယူမည်ဟု ပြောဆိုခဲ့သည်။
တတိယ လူပြော အများဆုံးမှာ ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပြီး စတုတ္ထမှာ မိသားစုဝင်များကို ငွေများ ခွဲပေးခြင်း ဖြစ်သည်။
လေ့လာမှုကို Quidco ၀က်ဘ်ဆိုက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဘရစ္စတို မြို့နေများက ငွေအမက်ဆုံး ဖြစ်သည်။ ၄င်းတို့က ပေါင် (၁၁ ဒသမ ၇) သန်း ရှိရမှာသာ ပျော်နိုင်မည်ဟု ပြောဆိုခဲ့သည်။ ဂလက်စဂို မြို့နေများက ပေါင် (၁၀ ဒသမ ၂) သန်း၊ လန်ဒန်မြို့နေများက ပေါင် (၁၀ ဒသမ ၂) သန်းရမှသာ ပျှော်နိုင်မည်ဟု အသီးသီး ပြောဆိုခဲ့ကြသည်။
Source:Mirror
http://www.searchmyanmar.com/link/comment/cid/50667
No comments:
Post a Comment