စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အထည်ချုပ်စက်ရုံများ ပိတ်သိမ်းမည်ဟုခြိမ်းခြောက်မှု ၀မ်းနည်းမည်မဟုတ်ဟု အလုပ်သမားသမဂ္ဂအဖွဲ့များတုံ့ပြန်

အနည်းဆုံးလုပ်ခ ၃,၆၀၀ ကျပ်သတ်မှတ်လျှင် လာမည့်စက်တင်ဘာတွင် စက်ရုံပိတ်သိမ်းမည်ဟု စက်ရုံလုပ်ငန်းရှင်များ၏ ခြိမ်းခြောက်မှုအပေါ် ၀မ်းနည်းမည်မဟုတ်ကြောင်းအလုပ်သမားသမဂ္ဂအဖွဲ့များက တုံ့ပြန်ပြောကြားလိုက်သည်။

ဇူလိုင် ၃ ရက်က ရန်ကုန်တွင် အလုပ်သမားသမဂ္ဂအဖွဲ့ငါးဖွဲ့ ပူးပေါင်းပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းတို့က ယင်းသို့ပြောကြားခြင်းဖြစ်သည်။

‘‘ကျွန်တော့်အမြင်က ဒါသူတို့ရဲ့ခြိမ်းခြောက်မှုပါ။ တကယ်ပိတ်ခဲ့ရင်လည်း ကျွန်တော်တို့ဝမ်းနည်းနေမှာမဟုတ်ဘူး။ မြန်မာပြည်ဈေးကွက် ၀င်ရောက်ဖို့တာစူနေတဲ့လုပ်ငန်းတွေအများကြီးရှိပါတယ်’’ဟု မြန်မာနိုင်ငံတောင်သူလယ်သမား စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM-IUF)  အထွေထွေအတွင်းရေးမှူး ဦးဇာနည်သွေးကပြောသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသည့် တရုတ်နှင့် ကိုရီးယားအထည်ချုပ်စက်ရုံတစ်ရာနီးပါးမှာ အနည်းဆုံးတစ်နေ့လုပ်ခလစာ ကျပ် ၃,၆၀၀ အတည်ပြုသတ်မှတ်လိုက်မည်ဆိုပါက လာမည့်စက်တင်ဘာတွင် စက်ရုံပိတ်သိမ်းမည်ဟု ဇူလိုင် ၂  ရက်တွင်ကြေညာထားသည်။
‘‘ကျွန်တော်တို့အနေနဲ့ လုပ်သားကျွန်ပြုနေတဲ့ လုပ်ငန်းရှင်တွေကို အလိုမရှိပါဘူး။ လူသားချင်းမစာနာနိုင်ဘဲ ကုတ်သွေးစုပ်ပြီး ထွက်သွားမယ်ဆို သွားလိုက်ပါလို့ပဲပြောချင်တယ်’’ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF) အထွေထွေအတွင်းရေးမှူး ဒေါက်တာအာကာမိုးသူကပြောသည်။

ယနေ့သတင်းစာရှင်းလင်းပွဲကို အထက်ပါအဖွဲ့နှစ်ဖွဲ့အပါအ၀င် မြန်မာနိုင်ငံပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ချုပ် (MMWF) ၊ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN)၊ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (MTUF) တို့ပါ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

http://7daydaily.com/story/40961

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...