စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







'အဆိုးဆုံး အဝလွန်မှုမှ အံ့အားသင့်ဖွယ် ရုန်းထွက်နိုင်ခဲ့သူ'


 
ဒီ အမျိုးသမီးက သာမန်အဝလွန်သူ မဟုတ်ပါဘူး။ အလွန်ဆိုးရွားတဲ့ အဝလွန်သူတစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ ကိုယ်အလေးအချိန်က ပေါင် ၁,၀၀၀ ထက်ပင် ကျော်လွန်ခဲ့ပါတယ်။ သူမဟာ အိပ်ရာထဲမှာသာ နေထိုင်ရပြီး သွားလာနိုင်ခြင်း မရှိတော့ပါဘူး။

ဒါ့အပြင် ကိုယ်လက်သန့်စင်ဆေးကြောတာ အပါဝင် နေ့စဉ် လူတစ်ဦးရဲ့ ပြုမူဆောင်ရွက်ဖွယ် ကိစ္စတွေကို အလွန်ခက်ခဲ ပင်ပန်းကြီးစွာ လုပ်ကိုင်ခဲ့ရပါတယ်။ အိပ်ရာထဲမှာသာ နေရတာကြောင့် အချိန်ကြာလာတာနဲ့အမျှ အိပ်ရာနာပြဿနာကို ဆိုးဆိုးရွားရွား ခံစားရရှာပါတယ်။

ဒီလို အခြေအနေတွေကြောင့်ပဲ နောက်ဆုံးမှာတော့ သူမဟာ ခွဲစိတ်ကုသမှု ခံယူခဲ့ပါတော့တယ်။ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပြီးတဲ့နောက် သူမဟာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ဆက်လက် ပြုလုပ်ခဲ့ရပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ ကာလတွေကို ကြံ့ကြံ့ခိုင် ဖြတ်ကျော်ခဲ့ပြီးတဲ့နောက်မှာတော့ အဆိုပါ အမျိုးသမီးဟာ လှပပြီး ကြည့်ကောင်းသူတစ်ဦး ဘဝကို ပြန်လည်ရောက်ရှိလာနိုင်ခဲ့ပါတယ်။ သူမဟာ ရုပ်သံအစီအစဉ်မှာ တွေ့ဆုံခန်းအစီအစဉ်နဲ့အတူ လူအများမြင်ကွင်းမှာလည်း ထွက်ပေါ်လာနိုင်ခဲ့ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဝနေပြီလို့ ခံစားရပြီး စိတ်ညစ်နေသူတွေအတွက် ကြံ့ခိုင်တဲ့ စိတ်ဓာတ်ဟာ အဝလွန်မှုကို တိုက်ဖျက်ဖို့ အကောင်းဆုံးအင်အားတစ်ရပ်ဆိုတာ အဆိုပါ အမျိုးသမီးက သက်သေပြလိုက်တာပါပဲ။ အဆိုးဆုံး အဝလွန်မှုခံစားခဲ့ရတဲ့ အဖြစ်ကနေ ကြံ့ကြံ့ခိုင် ရုန်းထွက်နိုင်ခဲ့တဲ့ အမျိုးသမီးရဲ့ ပုံရိပ်တွေကို အစဉ်လိုက် ကြည့်ကြည့်လိုက်ပါ။

‪#‎OddForYou‬



https://www.facebook.com/Odd4U/posts/1138267819523854

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...