စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ အံ့ဖွယ် တံတား ၅ စင်း (သတင်းဓာတ်ပုံ)


-------
တံတားတွေဟာ နေ့စဉ် သယ်ယူပို့ဆောင်ရေးမှာ လိုအပ်တဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်ဆိုတာ ငြင်းမရပါဘူး။
တံတားတွေ မရှိတော့ရင် ဘာတွေ ဖြစ်သွားနိုင်သလဲ ဆိုတာကို မတွေးခင် တံတားတွေကို ဘယ်လိုတည်ဆောက်ခဲ့ကြသလဲ ဆိုတာကိုရော စိတ်ကူးယဉ်ခဲ့ကြဖူးပါသလား။ လူအတော်များများ မတွေးမိခဲ့ကြပေမယ့် တချို့ကတော့ စိတ်ကူးယဉ် ဖန်တီးခဲ့ကြပါတယ်။
ဒီတံတား ၅ စင်းကတော့ ကမ္ဘာတလွှား တီထွင်ဖန်တီးမှုတွေထဲက တကယ့်ကို အံ့မခန်းတံတားတွေ ဖြစ်ပါတယ်။

၁။ အက်ရှီးမားအိုဟာရှီတံတား (ဂျပန်)
၄၄ မီတာရှည်တဲ့ ဒီတံတားက တကယ့်လက်တွေ့ အပြင်မှာထက် ဂိမ်းတွေမှာသာ တွေ့နိုင်မယ့် တံတားမျိုးပါပဲ။
ဒီရိုလာကိုစတာလို တံတားဟာ ဂျပန်နိုင်ငံရဲ့ နေ့စဉ်အသုံးပြု လည်ပတ်နေတဲ့ တံတားတစင်းပဲ ဖြစ်ပါတယ်။ အက်ရှီးမားအိုဟာရှီတံတားဟာ ဂျပန်နိုင်ငံမြို့ ၂ မြို့ဖြစ်တဲ့ မတ်ဆူအီမြို့နဲ့ ဆာကိုင်းအီမီနာတိုမြို့တွေကို ဆက်သွယ်ထားတာပါ။ ဒီတံတားပေါ်က ဖြတ်မသွားခင် ကားရဲ့ဘရိတ်ကိုတော့ သေချာစစ်ဖို့ လိုပါလိမ့်မယ်။

၂။ လန်ကာဝီကောင်းကင်တံတား (မလေးရှား)
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၃၀၀ အမြင့်မှာ တည်ဆောက်ထားတဲ့ ဒီတံတား ကတော့ ကွေးထားတဲ့ လျှောက်လမ်းအရှည် ၁၂၅ မီတာ ရှည်ပါတယ်။ တံတားပေါ်က ဖြတ်သွား ရင်တော့ မြင်ကွင်းကောင်းကောင်းတွေကို တွေ့မြင်ရမှာပါ။ အရှင်ကွေးထားနိုင်တဲ့ ဒီတံတားဟာ အရှည်ဆုံး တံတားတစင်းလည်း ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ တံတား ၁ စင်းလည်း ဖြစ်ပါတယ်။

၃။ လိမ့်နေသည့်တံတား (အင်္ဂလန်)
လိမ့်နေတဲ့တံတားကတော့ ကွေးလိပ်နိုင်ပြီး ရွေ့လျားနိုင်တဲ့ တံတားအမျိုးအစား ဖြစ်ပါတယ်။ ဒီတံတားမှာ ကွေးလိပ်နိုင်တဲ့ တြိဂံပုံ အစိတ်အပိုင်း ၈ ခု ပါဝင်သလို ကွေးလိုက်ရင် အဋ္ဌဂံပုံဖြစ်ပြီး ဖြန့်ချလိုက်ရင်တော့ တံတား ပြန်ဖြစ်သွားပါတယ်။ ဒီတံတားဟာ လန်ဒန်မြို့က ဂရဲန်းယူနီယမ်တူးမြောင်းမှာ ရှိနေတာပါ။ လှေတွေကို ဖြတ်သန်းဖို့အတွက် တံတားကို ကွေးလိပ် မ တင်ရသလို တူးမြာင်းကို ဖြတ်သန်းဖို့ အတွက်တော့ တံတားကို ဖြန့်ချလိုက်ရပါတယ်။

၎။ နဂါးကင်းကောင်တံတား (တရုတ်)
တရုတ်နိုင်ငံ ချန်ရှား မိန်ရှီကန်ခရိုင်မှာတည်ရှိတဲ့ နဂါးကင်းကောင်တံတားဟာ အရှည် ၁၈၅ မီတာရှည်ပြီး ၂၂ မီတာ မြင့်ပါတယ်။ ဒီတံတားကတော့ လူသွားစင်္ကြန်တံတား ဖြစ်ပါတယ်။ တံတားဟာ နဂါးမင်းဆိပ်ကမ်းမြစ်နဲ့ မိန်ရှီကန်ကို ဆက်သွယ်ပေါင်းကူးထားသလို ဖြတ်သန်းသွားတဲ့သူတွေ အနေနဲ့ လှပတဲ့ ရှုခင်းတွေကို ခံစားရမှာ ဖြစ်ပါတယ်။

၅။ ခရုပတ် (သို့) ကြောင်လိမ်တံတား (စင်ကာပူ)
ဓာတ်ပုံ - assets.thecreatorsproject.com
ဒီတံတားက ကမ္ဘာ့ပထမဆုံး ၂ ထပ် ခရုပတ်ခွေ လူသွားစင်္ကြန် တံတားအမျိုးအစား ဖြစ်ပါတယ်။ တံတားရဲ့ပုံစံကို မျိုးဗီဇ (ဒီအဲန်အေ) ပုံစံ တည်ဆောက်ထားတာပါ။ မြို့ရဲ့လှပတဲ့ မိုးကုပ်စက်ဝိုင်း အနားသတ်မျဉ်းကို တံတားပေါ်ကနေ မြင်တွေ့ခံစားနိုင်တဲ့ ပလက်ဖောင်းတွေ ပါပါတယ်။
စင်ကာပူမြို့ရဲ့ မြင်ကွင်းကျယ်နဲ့ ပင်လယ်အော်ဆီမြင်ရတဲ့ ရှုခင်းကိုလည်း တံတားပေါ်ကနေ ခရီးသွားတွေ ခံစားနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဗိသုကာပွဲတော်မှာ ကမ္ဘာ့အကောင်းဆုံး ပို့ဆောင်ဆက်သွယ်မှု အဆောက်ဦဆု ချီးမြှင့်ခြင်းခံရပါတယ်။ တံတားပေါ်ဖြတ်ရင်တော့ နှိုင်းတုလို့မရတဲ့ နှစ်လိုဖွယ် ခံစားချက်ကို ရရှိမှာ ဖြစ်ပါတယ်။

Credit: DVB Burmese
.https://www.facebook.com/searchmyanmar/posts/918589898183948

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...