စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အကောင်းဆုံး အချစ်နဲ့ အကောင်းဆုံးနားလည်မှု


 


ကျွန်တော် ကလေးဘဝတုန်းက အမေဟာ မကြာခဏဆိုသလို ညစာအတွက် တစ်ခုခု ပြုလုပ်ပေးလေ့ ရှိခဲ့ပါတယ်။ အမေ အလုပ်ခွင်မှာ တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရပြီးနောက် ကျွန်တော်တို့အတွက် ညစာပြုလုပ်ပေးခဲ့တဲ့ ညတစ်ညကိုတော့ အထူးမှတ်မိနေပါသေးတယ်။

အဲဒီညတုန်းက အမေဟာ ကျွန်တော့်အဖေရဲ့ ရှေ့မှာ ကြက်ဥပန်းကန်ရယ်၊ အစာသွပ် အသားချောင်းရယ်၊ အလွန်တူးနေတဲ့ ဘီစကွတ်မုန့်တွေကို ချလိုက်ပါတယ်။ ဒါကို တစ်ယောက်ယောက်များ သတိထားမိသလားလို့ ကျွန်တော် စောင့်ကြည့်နေခဲ့မိတာ သတိရပါသေးတယ်။

ဒါပေမဲ့ အဖေဟာ သူ့ရဲ့ ဘီစကွတ်မုန့်ကို လှမ်းယူကာ အမေ့ကို ပြုံးပြီးနောက် ကျွန်တော့်ကို ကျောင်းမှာ အဆင်ပြေရဲ့လားလို့ မေးလိုက်ပါတယ်။ အဲဒီညက အဖေကို ကျွန်တော် ဘာပြန်ပြောခဲ့သလဲဆိုတာ မမှတ်မိတော့ပေမဲ့ ဘီစကွတ်တွေအပေါ် ထောပတ်နဲ့ ဂျယ်လီတွေသုတ်လိမ်းပြီး တစ်ကိုက်ချင်း ကိုက် စားနေတဲ့ အဖေကို စောင့်ကြည့်နေခဲ့မိတာကိုတော့ အသေအချာ မှတ်မိပါသေးတယ်။

အဲဒီနေ့ညက ကျွန်တော် စားပွဲမှ ထလိုက်တဲ့အချိန်မှာပဲ ဘီစကွတ်တွေ ကျွမ်းသွားခဲ့တဲ့အတွက် အမေက အဖေ့ကို တောင်းပန်စကားဆိုလိုက်တာ ကြားလိုက်မိပါတယ်။ ပြီးတော့ အဖေပြောလိုက်တဲ့
“ရှင်မရယ် ဘီစကွတ်တူးတူးလေးတွေ ကိုယ် နှစ်သက်ပါတယ်”
ဆိုတဲ့ စကားကိုတော့ ဘယ်တော့မှ မမေ့နိုင်ခဲ့ပါဘူး။

အဲဒီနေ့ည နောက်ပိုင်းမှာ ကျွန်တော်ဟာ အဖေ့ဆီသွားကာ နှုတ်ဆက်အနမ်းပေးပြီးနောက် ချိုးတူးနေတဲ့ ဘီစကွတ်မုန့်တွေကို တကယ်ကြိုက်တာလားလို့ မေးခဲ့ပါတယ်။

အဖေက ကျွန်တော့်ကို သိုင်းဖက်ပြီး ပြောလိုက်ပါတယ်။
“ဒီနေ့ သားအမေဟာ အလုပ်ခွင်မှာ
အလွန်အလုပ်လုပ်ခဲ့ရလို့ ပင်ပန်းနေပြီပဲ။
ပြီးတော့ ဘီစကွတ်မုန့်လေး နည်းနည်းလောက် တူးသွားတာနဲ့ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နာကျင်မှု မဖြစ်စေသင့်ပါဘူး”တဲ့။

သင်ခန်းစာ။ ။ဘဝဆိုတာ မပြည့်စုံတဲ့အရာတွေ၊ မပြည့်စုံတဲ့လူတွေနဲ့ ပြည့်နေပါတယ်။ ကျွန်တော်လည်း တစ်ခုလောက်မှာပင် အကောင်းဆုံး မဖြစ်သေးပါ။ ပြီးတော့ အခြားလူတွေလိုပဲ မွေးနေ့တွေ၊ နှစ်ပတ်လည်နေ့တွေကိုလည်း မေ့နေခဲ့ပါတယ်။

ဒါပေမဲ့ နှစ်များစွာအကြာမှာ ကျွန်တော် သိရှိခဲ့တာကတော့ အချင်းချင်း တစ်ဦးရဲ့ အားနည်းချက်ကို တစ်ဦးက လက်ခံနိုင်ဖို့ သင်ယူခြင်းပါပဲ။ ပြီးတော့ ကောင်းမွန်ပြည့်စုံတဲ့ သံယောဇဉ်နှောင်ကြိုး တိုးပွားလာအောင် ဖမ်းတီးပေးနိုင်တဲ့ အရေးအကြီးဆုံး သော့ချက်တွေထဲက တစ်ခုကတော့ တစ်ဦးရဲ့ ကွဲပြားခြားနားချက်ကို တစ်ဦးက ချီးကျူးဂုဏ်ပြု ပေးလိုက်ခြင်းပါပဲ။

နေလင်းအောင်
http://www.searchmyanmar.com/link/comment/cid/50886/

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...