
မက္ကဆီကန် မူးယစ်ရာဇာ အယ်လ်ချာပို
ဧရာဝတီ
မက္ကဆီကန် မူးယစ်ရာဇာ အယ်လ်ချာပို စနေနေ့ညက ဘယ်လို ထွက်ပြေးသွားသလဲဆိုတာ မက္ကဆီကိုအစိုးရက ဗီဒီယိုကို ထုတ်ပြန်ပြသပါတယ်။
လုံခြုံရေးကင်မရာ စောင့်ကြည့်နေတဲ့ကြားက ရေချိုးရာနေရာအောက်မှာ စင်တီမီတာ ၅၀ ပတ်လည်ရှိ အပေါက်ကနေ ၃၂ ပေ အနက်ရှိ ကျင်းထဲကို ဆင်း၊ နောက်ပြီး ၅ ပေ ၆ လက်မ အမြင့်ရှိပြီး ၃ ပေ ၂ လက်မ ကျယ်တဲ့ လှိုဏ်ခေါင်းထဲမှာ အသင့်စောင့်နေတဲ့ သံလမ်းသွား မော်တော်ဆိုင်ကယ်ကို စီး၊ ၀ ဒသမ ၉ မိုင် (တကီလိုမီတာခွဲသာသာ)အဝေးက ဆောက်လုပ်ဆဲ အိမ်တလုံးကနေ ပြန်ထွက်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
ဒီအစီအစဉ်ကို အယ်လ် ချာပိုရဲ့ နောက်လိုက်တွေက ၃၅၂ ရက် အချိန်ယူ ဖောက်လုပ်ခဲ့တယ်လို့ သတင်းများက ဆိုပါတယ်။ လတ်တလော မက္ကဆီကန်အစိုးရ ခေါင်းကိုက်နေပါပြီ။ အယ်လ်ချာပို ဒီလို ထွက်ပြေးနိုင်မှုကို ထောင်အာဏာပိုင်တွေထဲကရော ကူညီပါဝင်ခဲ့သလား။ ဝေဖန်သူတွေက ဒေါ်လာ သန်း ၁၅၀ လောက် ပေးခဲ့နိုင်တယ်တဲ့။
https://www.facebook.com/IrrawaddyBurmese/posts/1039204746123677





လုံခြုံရေးကင်မရာက အယ်လ်ချာပို ပျောက်သွားခဲ့

လှိုဏ်ခေါင်းထဲမှာ အသင့်စောင့်နေတဲ့ သံလမ်းသွား မော်တော်ဆိုင်ကယ်







https://www.facebook.com/IrrawaddyBurmese/posts/1039204746123677
No comments:
Post a Comment