စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူတစ်ဦးချင်းအား အနုပညာဆန်ဆန် စီမံခန့်ခွဲခြင်းနဲ့ ထင်မြင်ချက်ပေးခြင်း

သင့်ရဲ့ဝန်ထမ်းတစ်ဦးဆီမှ မကြာသေးခင်က အလွန်ကောင်းမွန်သော အစီအရင်ခံစာတစ်ဆောင် သင်လက်ခံရရှိခဲ့တယ်။ အဆိုပါ အစီအရင်ခံစာမှာ ကောင်းမွန်ပြည့်စုံလွန်းတဲ့အတွက်ကြောင့် ဘုတ်အဖွဲ့ဝင် လူကြီးများကိုယ်တိုင်က ထိုဝန်ထမ်းရဲ့အားထုတ်မှုကို အသိအမှတ်ပြုမှု တစ်ခုခုလုပ်ဖို့ သင့်အား တိုက်တွန်းကြတယ်။ လစဉ်ပုံမှန်အစည်းအဝေးပွဲမှာ သင်ဟာထလိုက်ပြီးတော့ အဆိုပါဝန်ထမ်းအား အဖွဲ့အစည်းကိုယ်စား ချီးကျူးကြောင်း၊ ဌာနအတွက်လည်း ဂုဏ်ယူစရာဖြစ်ကြောင်း အများရှေ့မှာ ပြောဆိုလိုက်ပါတယ်။ ပျော်ရွှင်ကြည်နူးသွားရမယ့်အစား အဆိုပါဝန်ထမ်းရဲ့ မျက်နှာမှာ ရှက်ရွှံခြင်း၊ ကြောက်လန့်ခြင်း များပေါ်လာပါတယ်။ ခေါင်းကို နိမ့်နိုင်သမျှ နိမ့်ထားပြီးတော့ အခန်းထဲကနေ ခပ်သွက်သွက် ထွက်သွားပါတော့တယ်။management by artသင်ဘာများမှားသွားလို့လဲ။

လူအမျိုးမျိုး စိတ်အထွေထွေကို စီမံခန့်ခွဲရတာ လွယ်ကူသောကိစ္စတစ်ခုတော့ မဟုတ်ပါ။ ဒါပေမဲ့ လူတွေကို ဘယ်လို စိတ်ဓာတ်တက်ကြွအောင်ကူညီရမလဲ၊ ထင်မြင်ချက်တွေကို ဘယ်လိုပေးရမလဲဆိုတာတွေကို နားလည်ထားရင်တော့ အတိုင်းအတာတခုထိ ထိရောက်စွာ စီမံခန့်ခွဲနိုင်ပါလိမ့်မယ်။ အထက်ပါဖြစ်ရပ်အတွက် ဆိုရင်တော့ McClelland’s Theory ကို နားလည်သဘောပေါက်ထားရင် သေချာစွာ ကိုယ်တွယ်နိုင်ပါလိမ့်မယ်။

McClelland’s Human Motivation Theory ပြောတာက လူတွေမှာ ၄င်းတို့ကို စိတ်ဓာတ်တက်ကြွစေတဲ့အရာသုံးခု ရှိပါတယ်။ အဲဒါတွေကတော့ အောင်မြင်မှုကို တပ်မက်ခြင်း၊ အပေါင်းအသင်းအချွေအရံများခြင်းကို တပ်မက်ခြင်း နဲ့ အာဏာကို တပ်မက်ခြင်း တို့ပဲဖြစ်တယ်။ လူတိုင်းမှာ အဆိုပါ သုံးခုထဲက တစ်ခုမဟုတ် တစ်ခုကတော့ ရှိနေကြပါတယ်။ အဲဒီ စိတ်ဓာတ်တက်ကြွစေတဲ့အကြောင်းတွေက မွေးရာပါတွေမဟုတ်ပဲ ပါတ်ဝန်းကျင် နဲ့ ဘ၀ အတွေ့အကြုံတွေက ဖန်တီးသွားခဲ့ကြတာပါ။ သီအိုရိအရ လူတွေကို စီမံခန့်ခွဲနိုင်ဖို့် တစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်တက်ကြွစေတဲ့ အကြောင်းတွေကို ပထမဆုံး ရှာဖွေရပါမယ်။ သူဟာ အောင်မြင်မှုကို တပ်မက်သူလား၊ အပေါင်းအသင်းများခြင်းကို တပ်မက်သူလား၊ အာဏာကို တပ်မက်သူလား စသဖြင့် သုံးသပ်ရပါမယ်။

(၁) သင့်ဝန်ထမ်းက အောင်မြင်မှုကို တပ်မက်သောသူဖြစ်ရင် သူ့ကို အောင်မြင်နိုင်လောက်တဲ့ တာဝန်တွေ ပေးခြင်းဖြင့် သူ့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်ပေးနိုင်ပါတယ်။ သူ့ကို ထင်မြင်ချက် (Feedback) ပေးတဲ့ နေရာမှာလဲ ဖြစ်ရပ် အမှန်အတိုင်းပေးဖို့လိုပါတယ်။ သူတို့ဟာ သူတို့လုပ်နေတာတွေမှန်လားဆိုတာ သိချင်နေကြပါတယ်။

(၂) သင့်ဝန်ထမ်းက အပေါင်းအသင်းအချွေအရံများခြင်းအပေါ် တင်မက်တဲ့သူဖြစ်ရင်တော့ သူတို့ကို အသင်းအဖွဲ့နဲ့ အလုပ်လုပ်ခိုင်းပါ။ သူတို့ဟာ စွန့်စားရတာတွေကို မနှစ်သက်တဲ့အတွက် တာဝန်ပေးရာမှာ ဆုံးရှုံးမှုနည်းမယ့် တာဝန်မျိုးကို ပေးသင့်ပါတယ်။ သူတို့ ထင်မြင်ချက်ပေးရင်တော့ နှစ်ကိုယ်ကြားပေးတာ အကောင်းဆုံးပါ။ ချီးကျူးရင်တောင်မှ နှစ်ကိုယ်ကြားချီးကျူးတာဟာ သူတို့အတွက် အလွန်အမင်း သက်တောင့် သက်သာဖြစ်စေပါတယ်။

(၃) သင့်ဝန်ထမ်းက အာဏာကို တပ်မက်တဲ့သူဖြစ်ရင်တော့ အလုပ်တာဝန်တစ်ခုခုမှာ သူတို့ကို တာဝန်ခံအနေနဲ့ ဦးဆောင်ခိုင်းပါ။ သူတို့ဟာ ယှဉ်ပြိုင်မှုကို နှစ်သက်တဲ့အတွက်ကြောင့် ရလဒ်တစ်ခုကို သတ်မှတ်ပြီး တာဝန်ပေးလိုက်ရင်တော့ ရေကုန်ရေခန်း အလုပ်လုပ်ကြမှာပါ။ အထူးသဖြင့်တော့ စေ့စပ်ညှိနှိုင်းရတဲ့ နေရာမျိုးတွေမှာ အဆိုပါဝန်ထမ်းမျိုးတွေ အောင်မြင်မှုရကြပါတယ်။ ထင်မြင်ချက်ပေးတဲ့နေရာမှာတော့ ဒဲဒိုးနဲ့ တိုက်ရိုက်ပေးဖို့လိုအပ်ပြီးတော့ သူတို့အောင်မြင်နိုင်မယ့် ရည်မှန်ချက်တွေ ချပေးခြင်းအားဖြင့် သူတို့ စိတ်ဓာတ်ကို အမြဲမြှင့်တင်ပေးနိုင်မှာပါ

http://www.entrepreneurs-mm.com/blog/%E1%80%9C%E1%80%B0%E1%80%90%E1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...