စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျောက်ကပ်နှင့် ဆီးရောဂါ ကာကွယ်ရန်အတွက် ဆောင်ရန် ရှောင်ရန်များ




ကျောက်ကပ်နှင့် ဆီးရောဂါ ကာကွယ်ဖို့ အတွက် သိထားသင့်တဲ့ အချက်များ ရှိပါတယ်။

လည်ချောင်းနာခြင်း၊ အအေးမိခြင်း၊ အာသီးရောင်ခြင်း၊ အရေပြား အနာပေါက်ခြင်း ဖြစ်တတ်ကာ အာသီး အနာရောဂါများ မဖြစ်ရင် ကျောက်ကပ်ရောဂါ ချက်ချင်း ဖြစ်မှာ မဟုတ်ပါဘူး။ သို့မဟုတ် နာတာရှည် ကျောက်ကပ်ရောင် ရောဂါ ဖြစ်ဖို့လည်း ခက်ခဲ ပါတယ်။

ရှောင်ရန်

ငယ်စဉ် ကတည်းကပင် အအေး မမိအောင်၊ လည်ချောင်း မနာအောင်၊ အာသီး မရောင်အောင် ဂရုစိုက်ဖို့ လိုတယ်။ ဆရာဝန်နဲ့ ပြသပြီး တစ်ခါတည်း ရောဂါပျောက်အောင် ကုသ သင့်ပါတယ်။ အာသီးကို ခွဲရန် လိုအပ်ပါက ခွဲထုတ် ပေးသင့်တယ်။ ကျောက်ကပ်သို့ သွေး အရောက်နည်းရင် ကျောက်ကပ်ရောဂါ ဖြစ်နိုင်လို့ သွေးလှည့်ပတ်မှု မှန်ကန်စေဖို့ အားကစား အမြဲ လုပ်သင့်တယ်။ နေ့စဉ် နာရီဝက်ခန့် အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်သင့်တယ်။ ကျောက်ကပ်ကို အဆိပ် ဖြစ်စေတဲ့ ဆာလဖာများ၊ ခဲ၊ စိန်နဲ့ ပြဒါးပါသော ဆေးများကို ဆရာဝန် မညွှန်းဘဲ မစားသင့်ပါ။ ဆီး များများ သွားမှ ကျန်းမာမှာ ဖြစ်လို့ ရေများများ သောက်ပေး သင့်တယ်။ အထူးသဖြင့် အပူပိုင်း ဒေသမှာ နေသူများ၊ ချွေးထွက် များစေသော ပန်းပဲ၊ စက်ရုံ အလုပ်ရုံ၌ အလုပ် လုပ်သူများ တစ်နေ့ကို အနည်းဆုံး ရေ လေးပုလင်းလောက် သောက်ပြီး ဆီးများများ သွားအောင် လုပ်သင့်တယ်။ ရေကို အမြဲ ကျိုသောက် သင့်တယ်။ ထုံးဓာတ် မပါသင့် သလို၊ အဆိပ်အတောက် ကင်းဖို့ လိုတယ်။ သောက်ရေသန့် ဖြစ်ဖို့ အထူး အရေးကြီးတယ်။

သွေးကြောကျဉ်း ရောဂါများ

သွေးကြောကျဉ်းတဲ့ ရောဂါများဟာ ကျောက်ကပ် သွေးကြောများကို ကျဉ်းစေလို့ ကျောက်ကပ် ရောဂါကို ရစေ နိုင်တယ်။ ဆေးလိပ် သောက်ခြင်း၊ အဆီအဆိမ့် စားလွန်းခြင်း ရှောင်ရမယ်။ စိတ်ပူတတ်လွန်းခြင်း ရှောင်ကာ အရက်နှင့် ဘီယာ အလွန်အကျွံ မသောက်ဘဲ ဆီးရွှင်ရုံသာ သောက်သင့်တယ်။

ပြုစုနည်း (၁) တတ်ကျွမ်းသော ဆရာဝန်နှင့် ပြပါ။

(၂) ရေ၊ ဆား၊ သစ်သီးဖျော်ရည် သောက်တာ ဆင်ခြင်ရမယ်။

(၃) ဆီး မှန်မှန် သွားအောင် ဂရု စိုက်ရမယ်။

(၄) ဆီးထဲ၌ သွေးပါ၊ မပါ၊ ပြည်ပါ၊ မပါ အမြဲ စစ်ဆေးပြီး ချက်ချင်း ကုသရမယ်။

(၅) အာဟာရဓာတ်၊ ဗီတာမင်ဓာတ်များ ပြည့်အောင် အမြဲ စားရမယ်။

(၆) သွေးအားမနည်းအောင် ဂရု စိုက်ရမယ်။

(၇) ကျောက်ကပ်ကို အဆိပ်ဖြစ်စေတဲ့ ခဲ၊ စိန်၊ ပြဒါး၊ အရက်နဲ့ မူးယစ်ဆေးဝါးများ ရှောင်ရမယ်။

(၈) သွေးတိုး ရှိ၊ မရှိ စမ်းကြည့်ရမယ်။ ရှိရင် ကုသမှု ခံယူရမယ်။

(၉) သွေးလှည့်ပတ်မှု ကောင်းအောင် တတ်နိုင်သမျှ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရမယ်။

ကျောက်ကပ် မကောင်းတဲ့ လက္ခဏာများ

ကျောက်ကပ် မကောင်းတဲ့ လက္ခဏာများ ဖြစ်တဲ့ သွေးအတွင်း ယူရီးယား များလွန်းခြင်း၊ သွေးအတွင်း ခရီယာတင်နှင့် ယူရီးယား အလွန် မြင့်မားခြင်း၊ ယူရစ်အက်စစ် များလွန်းခြင်း၊ သွေးအတွင်း ဓာတ်ဆား မညီမျှခြင်း ဖြစ်ပါက နေရ ထိုင်ရ မသက်သာ၊ စိတ် လေးလံ ထိုင်းမှိုင်းမှုများ ရှိပါက ဆေးရုံ တက်ပါ။ ကျောက်ကပ် ဆရာဝန်နှင့် ပြ၍ စည်းကမ်းအတိုင်း လိုက်နာ ရမယ်။ ကျောက်ကပ် ဆေးရန် လိုပါက ဆေးပေး ရပါမယ်။ ။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...