စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမျိုးသမီးများကို ဒုက္ခပေးသော ကင်ဆာ


                           
အမျိုးသမီးများတွင် အဖြစ်အဖြစ်များဆုံးသော ကင်ဆာရောဂါမှာ ရင်သားကင်ဆာဖြစ်ပြီး၊ ဒုတိယအဖြစ်အများဆုံးသော ကင်ဆာရောဂါမှာ သားအိမ်ခေါင်းကင်ဆာပင်ဖြစ်ပါသည်။

ထိုကင်ဆာရောဂါနှစ်မျိုးကြောင့် အမျိုးသမီးများ သန်းနှင့်ချီ၍နှစ်စဉ်သေဆုံး
လျက်ရှိကြပါသည်။ ကင်ဆာရောဂါကိုအချိန်နှောင်းမှ သိရှိခြင်းကြောင့် ဖြစ်ပါသည်။

ကျန်းမာရေးဗဟုသုတနည်းပါးခြင်း၊ သက်ဆိုင်သူများနှင့် ကျန်းမာရေးဝန်ထမ်းများအား မိမိရောဂါကိုထုတ်ဖေါ်ပြသရန် ရှက်ရွံ.ခြင်း၊ဆေးရုံဆေးခန်းသို. သွားရေက်ပြသရန်မ၀ံ့မရဲခြင်း၊ ပယောဂဆရာ၊ပျောက်စေဆရာ ၊ရမ်းကု တို.အားသွားရောက်ပြသကုသခြင်းနှင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူရန် အားနည်းခြင်းတို.ကြောင့်ဖြစ်ပါသည်။ မည်သည့်အမျိုးသမီးမဆို ဖြစ်ပွားနိုင်ပါသည်။

သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာသည် HUMAN PAPILLOMA VIRUS ဟုခေါ်သောလိင်အင်္ဂါကြွက်နို.ရောဂါကြောင့်အဖြစ်အများဆုံးဖြစ်ပါသည်။
ခုခံအားကျဆင်းမှုကူးစက်ရောဂါကြောင့်နှင့်ဆေးလိပ်သောက်ခြင်းကြောင့်
လည်း ဖြစ်တတ်ပါသည်။သားအိမ်ခေါင်းကင်ဆာမျိုးရိုးရှိသူများနှင့် ကိုယ်ဝန်ဆောင်မှုများသူများတွင်လည်းဖြစ်တတ်ပါသည်။သားအိမ်ခေါင်းကင်ဆာရောဂါ၏လက္ခဏာများနှာ မွေးလမ်းကြောင်း(သို.)မိန်းမကိုယ်မှပုံမှန်မ
ဟုတ်ဘဲ သွေးများဆင်းခြင်း၊လိင်ဆက်ဆံပြီးနောက်သွေးဆင်းခြင်း၊မိန်းမကိုယ်မှ အဖြူနှင့်ပြည်များဆင်းခြင်းတို.ဖြစ်ပါသည်။

အမျိုးသမီးတိုင်းသည်သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုရှိမရှိကိုသားအိမ်
ခေါင်းကင်ဆာ၏ဖြစ်ပွားမှုအဆင့်ဆင့်ပေါ်မူတည်ပြီးကုသကြပါသည်။ သားအိမ်အားခွဲစိပ်ထုတ်ပစ်ခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်းနှင့် ကင်ဆာဆေးများ သွင်း၍ ကုသခြင်းများပြုလုပ်ကြရပါသည်။

သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်ဆေးထိုးနှံ.ခြင်းဖြင့်ကာကွယ်နိုင်ပါသည်။ အိမ်ထောင်ဘက်များခြင်းနှင့် လိင်ဆက်ဆံဘက်များခြင်းတို.ကိုရှောင်
ရှားရပါမည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုခြင်းတို.ကိုမပြုလုပ်သင့်ပါ။ အရက်သောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို.ကို ရှောင်ရှားရပါမည်။

အမျိုးသမီးများကို ဒုက္ခပေးသောရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ
သည် အသက်သေဆုံးနိုင်ခြင်း၊ အလှပျက်နိုင်ခြင်းနှင့် မျိုးရိုးလိုက်ခြင်းများရှိ၍ ဂရုစိုက်သင့်ကြောင်း အကြံပြုအပ်ပါသည်။

(ဒေါက်တာမြင့်သန်းထွန်း)

Ref - ဆေးပညာပေးဆောင်းပါးများ

https://www.facebook.com/364484143692148/photos/a.364489287024967.1073741828

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...