စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြို့ပြမိခင်တွေရဲ့ ကလေးထိန်းအသုံးစရိတ်ပြဿနာ ဘယ်လိုအဖြေရှာမလဲ


ယနေ့ခေတ်မှာ အလုပ်တစ်ဖက်နဲ့ မိခင်တွေ(Working Mothers)တွေဟာ ကလေးမီးဖွားပြီးရင် ဟို အရင်ခေတ်ကလို အဘိုး၊အဘွား တွေ၊ ဦးလေး၊ အဒေါ်တွေနဲ့ ညီ အစ်ကိုမောင်နှမတွေလက်ထဲ ကြည့်ရှု ထိန်းသိမ်းစောင့်ရှောက်ဖို့ လက်လွှဲထားခဲ့ပြီး အလုပ်ထွက် လုပ်ဖို့ မလွယ်ကူတော့တာ အမှန် ပါ။ အထူးသဖြင့် ရန်ကုန်လိုမြို့ ကြီး ပြကြီးမှာ အလုပ်လာလုပ်နေ ရတဲ့ နယ်ခံမဟုတ်တဲ့၊ ဆွေမျိုးအ သိုင်းအ၀ိုင်းလည်း အတူရှိမနေ နိုင်ကြတဲ့ မိခင်တွေဆိုရင်တော့ ကလေးထိန်းအကူမရှိဘဲနဲ့အလုပ် ထွက်လုပ်ဖို့ဆိုတာ မစဉ်းစားရဲစ ရာ အခြေအနေမျိုးဖြစ်နေပါတယ်။

မိခင်အများစုကတော့ကိုယ့် ၀င်ငွေထဲကနေ သုံးပုံတစ်ပုံ လောက်ကို ကလေးထိန်းရှာပြီး ဖြေရှင်းကြသလို တချို့မိခင်တွေ ကတော့ လုပ်ငန်းခွင်ကို အပြီး ကျောခိုင်းလိုက်တာမျိုးနဲ့ ဖြေရှင်း တတ်ကြပါတယ်။ ဒါပေမဲ့ ဒုတိယ နည်းလမ်းကို ရွေးချယ်တဲ့မိခင် တွေကတော့ နည်းပါးပြီး ကလေး အတွက် စိတ်ချရတဲ့ အထိန်းကူ ဖော်လောင်ဖက်ကို ကိုယ်တတ် နိုင်တဲ့ဈေးနှုန်းနဲ့ ရှာဖွေငှားရမ်းပြီး အဆင်ပြေအောင် ဖန်တီးတတ် ကြပါတယ်။

ရန်ကုန်မှာ ကလေးထိန်းဝန် ဆောင်မှုရယ်လို့ သီးသန့်အငှား လိုက်တဲ့ လုပ်ငန်းမျိုးမရှိပေမယ့် သူနာပြု အကူသင်တန်းကျောင်း အများစုမှာ တစ်ရက်ကို ကျပ် ၅,၀၀၀ ကနေ ၇,၀၀၀ ကြားရှိတဲ့ သူနာပြုအကူတွေကို ကလေး ထိန်းအဖြစ် သုံးကြတာတွေရှိသ လို အလုံက ကရင်ခြံလိုနေရာမျိုးမှာ တစ်လနှစ်သိန်းခွဲဝန်းကျင်နဲ့ ကလေးသီးသန့် ကျွမ်းကျင်က လေးထိန်းအကူ တွေလည်း ငှား ရမ်းနိုင်ပါတယ်။

တကယ်လို့ သင်ဟာတစ်လ ၀င်ငွေ သုံးသိန်းရှိတဲ့ မိခင်တစ်ဦး ဖြစ်ပြီး အိမ်အကူမဟုတ်တဲ့ က လေးထိန်းသူနာပြုတစ်ယောက် ကို အထက်ပါပေါက်ဈေးအရတစ် ရက်ငါးထောင်ကျပ်နှုန်းနဲ့ ငှားရမ်း မယ်ဆိုရင် သင့်ဝင်ငွေရဲ့ ထက် ၀က်ကို ကလေးထိန်းအတွက် တစ်လမှာ ပုံမှန်ကုန်ကျသွားရမှာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်ဝင် အမေတစ် ယောက်ဖြစ်တဲ့အတွက် သားငယ် ကို နောက်ဆံမတင်းစေရဘဲ စိတ် ချလက်ချရှိနေစေဖို့အတွက် သုံးစွဲ ရတဲ့ငွေကြေးပမာဏက များနေ ပေမယ့်လည်း ကလေးအတွက် အစစအရာရာ မျက်နှာလွှဲပြီး စိတ် ချရတဲ့သူဖြစ်လို့ ဒီပိုက်ဆံကိုလစဉ် မဖြစ်မနေ သုံးစွဲကုန်ကျနေရပါ တယ်လို့ နေ့စဉ်ထုတ်သတင်းစာ ကြီးတစ်စောင်မှာ အယ်ဒီတာတာ ၀န်ထမ်းဆောင်နေတဲ့ ကလေး မိခင်တစ်ဦးကပြောပါတယ်။

‘‘ကလေးထိန်းလစာကို နှမြောတော့နှမြောတာပေါ့။ ကိုယ်က လည်း အလုပ် တစ်ဖက်နဲ့ဆိုတော့ စိတ်ချရတဲ့သူလိုတယ်လေ။ ကလေးအတွက်ကတော့ နေရေးစားရေးကအစ ကျန်းမာရေးအဆုံး အကုန်စိတ်ချရတယ်။ ဒီထက်နည်းတဲ့လစာနဲ့ အိမ်အကူခေါ်မလား၊ စဉ်းစားပေမယ့် အိမ်အကူက သူ့လောက်တော့ စိတ်မချရဘူး။ ကိုယ်ကလည်း ကလေးနဲ့အနီး ကပ်မနေနိုင်ဘူးဆိုတော့ သူ့ကိုပဲ ခေါ်ထားဖြစ်တယ်’’လို့ ကလေးမိခင်က ပြောပါတယ်။

လစာရဲ့ဆယ်ပုံပုံရင် တစ်ပုံ လောက်ကတော့ မဖြစ်မနေ က လေးထိန်းအတွက် ဖယ်ပြီးသုံးနေ ရတယ်ဆိုသူက ကုမ္ပဏီဝန်ထမ်း မရတနာပဲဖြစ်ပါတယ်။ ရတနာ က နယ်အဆက်အသွယ်ရှိတဲ့သူမို့ ကရင်ခြံလိုဈေးကြီးပေးရတဲ့ က လေးထိန်းကို မငှားဘဲ နယ်က အဆက်အသွယ်နဲ့ ကလေးထိန်း တစ်ဦးရခဲ့တာဖြစ်ပါတယ်။ကလေး ထိန်း နည်းစနစ်မှန်တွေမသိပေ မယ့်လည်း သူရခဲ့တဲ့ကလေးထိန်း က နယ်မှာကတည်းက ညီအစ်ကို မောင်နှမအငယ်တွေများတဲ့သူမို့ သားငယ်ကို ကြည့်ရှုစောင့်ရှောက် ဖို့ စိတ်ချရတယ်လို့ ဆိုပါတယ်။

‘‘သူ့အတွက် နေထိုင်စား သောက်စရိတ်၊ ကိုယ်အပြင်သွား လည်း ကိုယ်ကတန်းတူကျွေးမွေး တော့ လစာအပြင် တခြားအသုံး စရိတ်နဲ့ဆိုရင်တော့ သူ့လစာကို နှစ်လစာလောက်နီးနီး ကိုယ်က ပေးနေရတာပေါ့။ အေးဆေးတဲ့သူ၊ ကလေးလည်းထိန်းတတ်တော့ စိတ်တော့ချရပါတယ်’’လို့ မရတ နာကပြောပါတယ်။

နယ်ကလာတဲ့ Working Mothers တွေအတွက်ကတော့ အိမ်မှာလူခံမရှိတဲ့အတွက် တချို့ ဆို ကလေးထိန်းက ဘယ်လောက် ကောင်းကောင်း အိမ်မှာကလေးနဲ့ နှစ်ယောက်တည်းထားခဲ့ဖို့မဖြစ် နိုင်လို့ ခွင့်ရက်ပြည့်တဲ့အခါ သား ငယ်၊ သမီးငယ်တွေကိုနယ်က အ ဘိုး၊ အဘွား၊ ဒါမှမဟုတ် ဆွေမျိုး တွေဆီမှာပဲ ထားခဲ့ဖို့ ဆုံးဖြတ်ရ တဲ့သူတွေလည်းရှိနေပါတယ်။

‘‘ကျွန်မရတဲ့လစာနဲ့ဆို အခု ခေါ်ထားတဲ့ကလေးထိန်းလစာကို အိတ်ထဲကနေ အပိုသုံးသောင်း ထပ်စိုက်ပေးရတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ကလေးထိန်းက ကောင်းကောင်း ကိုယ်တွေကနယ် ကဆိုတော့ အိမ်မှာလူခံမရှိဘဲ က လေးထိန်းနဲ့ နှစ်ယောက်တည်း ထားခဲ့ဖို့မဖြစ်ဘူးလေ။ ဒါကြောင့် ခွင့်ရက်ပြည့်တဲ့အခါ ကလေးကို ကျွန်မရဲ့နယ်ကအိမ်မှာပဲထားပြီး ကျွန်မတို့လင်မယားနှစ်ယောက် ကတော့ သွားလိုက်လာလိုက်လုပ် ရမှာပေါ့’’လို့ ကုမ္ပဏီကြီးတစ်ခုရဲ့ စီမံရေးရာဌာန၀န်ထမ်း မဆုလှိုင် မျိုးကပြောပါတယ်။

လစာအသင့်အတင့်ကောင်း မွန်တဲ့ လူလတ်တန်းစား အလုပ် တစ်ဖက်နဲ့မိခင်တွေကတော့ ကိုယ့်ကလေးအတွက် ကျန်းမာ ရေး၊ နေရေး၊ စားရေးကအစ မျက်နှာလွှဲရတဲ့ ကျွမ်းကျင်ကလေး ထိန်းတွေကို ဈေးကြီးပေးပြီးငှား ရမ်းတတ်ကြပါတယ်။အခုနောက် ပိုင်း အလုံက ကရင်ခြံမှာဆိုရင် မွေးကင်းစကနေ အရွယ်အမျိုးမျိုး အထိ ထိန်းပေးနိုင်တဲ့ကျန်းမာရေး ဗဟုသုတရှိတဲ့ ကျွမ်းကျင်ကလေး ထိန်းတွေဆိုရင် သိန်းဂဏန်းဝန်း ကျင်အထိပေးပြီး ငှားရမ်းလာကြ ပါတယ်။

အမှန်ကတော့ အိမ်အကူပဲ ဖြစ်ဖြစ်၊ ကလေးထိန်းကျွမ်းကျင် ပဲ ခေါ်ခေါ် လစဉ်ပေးရတဲ့ငွေပမာ ဏနဲ့ မိခင်ကိုယ်တိုင်အလုပ်ကို ကျောခိုင်းပြီး ပြုစုစောင့်ရှောက်ရ မယ့်အခြေအနေကို ချိန်ဆရမှာ ဖြစ်ပါတယ်။ ‘‘ကလေးတစ်နှစ်၊ နစ်နှစ်လောက်အထိ အလုပ်က နေ ကင်းကွာလုပ်ထားပြီးမှအလုပ် ပြန်ဝင်တာမျိုးလည်း စဉ်းစားသင့် ပါတယ်။ အလုပ်ရှင်တွေကလည်း ခွင့်ပြုသင့်ပါတယ်’’လို့ ကလေး နှစ်ဦးရဲ့ မိခင်ကဆိုပါတယ်။

ကလေးထိန်းရှာရတဲ့ဒုက္ခ

ကလေးတစ်ယောက်မွေးပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့အတွက် က လေးမီးဖွားမှုမတိုင်ခင်ကတည်း က လူရှာရတဲ့ဒုက္ခကလည်း တော် တော်လေးကြီးမားကြောင်း ကိုယ် ၀န်အရင့်အမာနဲ့ မွေးခါနီးဆဲဆဲ လုပ်ငန်းခွင်ဝင်မိခင် မဆုသန္တာ အောင်ကပြောပါတယ်။ ၀င်ငွေ ကလည်း အသင့်အတင့်သာရှိပြီး ရန်ကုန်ဇာတိပေမယ့် အိမ်ကမိဘ တွေက အသက်အရွယ်ကြီးရင့် နေပြီး ကလေးကိုထိန်းသိမ်းစောင့် ရှောက်ဖို့အထိ ကျန်းမာရေးလည်း သိပ်မကောင်းတဲ့အတွက် ဈေး လည်းသိပ်မကြီးဘဲ ကူဖော် လောင်ဖက်လည်းဖြစ်မယ့် က လေးထိန်းကိုရှာဖို့ သိပ်ကိုခက်နေ ပါတယ်လို့ မဆုသန္တာအောင်က ပြောတယ်။

‘‘ကရင်ခြံကတော့ အရမ်း စိတ်ချရတယ်ဆိုတာ သတင်း ကြားတယ်။ ဒါပေမဲ့ တစ်လနှစ် သိန်းခွဲဆိုတဲ့ပိုက်ဆံက ကိုယ့်လခ တောင် အဲဒီလောက်မရတော့ မငှားနိုင်ပါဘူး။ ပြီးတော့ ကျွန်မ တို့က အိမ်လည်းငှားနေရသေး တော့ ကလေးထိန်းအတွက် ဒီ လောက်ကိုမသုံးနိုင်ဘူး။ ရန်ကုန် သူဆိုတော့ နယ်အဆက်အသွယ် လည်းမရှိတော့ ပွဲစားတွေကတစ် ဆင့် ခေါ်ပြတဲ့လူတွေကလည်းလုံး ၀အဆင်မပြေဘူး။ အခုစဉ်းစား နေတာတော့ အလုပ်ထွက်ဖြစ်မ လားပေါ့နော်။ အမျိုးသားကလည်း အလုပ်ထွက်ဖို့ တိုက်တွန်းနေ တယ်’’လို့ သူကပြောပါတယ်။

ဒါကြောင့် လူတန်းစားမရွေး လုပ်ငန်းခွင်ဝင်မိခင်တိုင်းအတွက် ဈေးနှုန်းသင့်တင့်တဲ့ ကလေးထိန်း သီးသန့်အကူသင်တန်းမျိုးတွေကို အစိုးရက စီစဉ်ဖန်တီးပေးမယ်ဆို ရင် လုပ်ငန်းခွင်ဝင် မိခင်တွေအ တွက်လည်း အဆင်ပြေသလို အမျိုးသမီးတွေအတွက်လည်း အ လုပ်အကိုင်အခွင့်အလမ်းတွေဖန် တီးနိုင်မှာဖြစ်တယ်လို့ ကလေးမိ ခင်များက အကြံပြုပါတယ်။

အစိုးရက

ဘာတွေလုပ်ပေးစေချင်လဲ

လက်ရှိမှာ မြန်မာတစ်နိုင်ငံ လုံးအတိုင်းအတာအနေနဲ့ လူမှု ၀န်ထမ်းဦးစီးဌာနအောက်မှာ စံပြ မူကြိုကျောင်း ၇၉ ကျောင်း (အ သက် (၃)နှစ်က(၅)နှစ်အထိ)ရှိပြီး မွေးကင်းစကလေး ပြုစုစောင့် ရှောက်ရေးဌာနကတော့ ခြောက် ခုရှိနေပါတယ်။ အစိုးရရဲ့ နေ့က လေးထိန်းဌာနဆိုတာက စွန့်ပစ်ခံ မိဘမဲ့ကလေးများကိုသာ လက်ခံ ပြုစုခြင်းဖြစ်ပြီး ပြင်ပပုဂ္ဂလိက၀န် ဆောင်မှုအဖြစ်တော့ကလေးထိန်း များကို သီးသန့်လေ့ကျင့်စေလွှတ် ခြင်းမျိုး မရှိပါဘူး။

ပြင်ပပုဂ္ဂလိကမူကြိုနဲ့ နေ့ ကလေးထိန်းကျောင်းတွေက တော့ ၀န်ဆောင်မှုကောင်းရင် ကောင်းသလောက် အနည်းဆုံး တစ်လ တစ်သောင်းဝန်းကျင်က နေ သိန်းဂဏန်းအထိ ပေးရတဲ့ ကျောင်းတွေရှိပေမယ့် မိခင်တွေ အတွက်တော့ ကလေးထိန်း ကျောင်းတွေမှာထားဖို့ အဆင်မ ပြေတဲ့အတွက် ကလေးထိန်းဈေး ကွက်က တစ်နေ့တခြား ကြီးသ ထက် ကြီးလာနေပါတယ်။

မိဘမဲ့နဲ့ စွန့်ပစ်ခံကလေး များအတွက် အသက်ခြောက်လ မှစလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး ဦးစီးဌာနကပြုစုစောင့်ရှောက်ရေးဌာနတွေရှိပေမယ့်အပြင်ပုဂ္ဂလိက အိမ်တွေအတွက် ကလေးထိန်း သီးသန့်ဝန်ဆောင်မှုပေးတာတော့ မရှိဘူးလို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော် မိုးကပြောပါတယ်။ ဒါ့အပြင် လူမှု ၀န်ထမ်းက ကလေးပြုစုစောင့် ရှောက်သူတွေက အစိုးရ၀န်ထမ်း တွေဖြစ်တဲ့အတွက် ပြင်ပ၀န် ဆောင်မှုတွေကို လိုက်လုပ်ပေးလို့ မရပါဘူးလို့ သူကဆက်ပြောပါ တယ်။

ဒါပေမဲ့ အခုတော့ အသက် ခြောက်လကနေ (၃) နှစ်အထိ က လေးငယ်တွေကို ပြုစုစောင့် ရှောက်ရေးသင်တန်းတစ်ခု လူမှု ၀န်ထမ်းကဦးစီးပြီး အမြန်ဆုံးဖွင့် ဖို့ စီစဉ်နေတာဖြစ်လို့ နောက်ပိုင်း မှာကလေး ထိန်းရှာဖွေလိုတဲ့ မိ ခင်လောင်းတွေအတွက်တော့ ဒီ သင်တန်းဆင်း Care Keeper(က လေး ပြုစုစောင့်ရှောက်သူ) တွေ က တစ်ဖက်တစ်လမ်းက အဆင် ပြေလာ မယ်လို့ မျှော်လင့်ကြောင်း ဦးအောင်ကျော်မိုးက ပြောပါ တယ်။

‘‘ခြောက်လကနေ (၃) နှစ် အထိ ကလေးငယ်တွေအတွက် ပြုစုစောင့်ရှောက်ရေးသင်တန်း ဖွင့်ဖို့ အမြန်ဆုံးစီစဉ်နေတယ်။ ဒီ သင်တန်းကို အပြင်ကဘယ်သူမ ဆို စိတ်ပါဝင်စားရင် တက်နိုင် တယ်။ သင်တန်းဆင်းလက်မှတ် ပေးမယ်။ ရည်ရွယ်တာကတော့ ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင် ရာ ဥပဒေ (ECCD) အရ ပုဂ္ဂလိက နေ့ကလေးထိန်းကျောင်းတွေ ဖွင့် လာတဲ့အခါမှာ ကျွမ်းကျင်သူ (Care Keeper) တွေမွေးထုတ် ဖို့ ကျွန်တော်တို့က နည်းပညာပေး တာဖြစ်တယ်။ သင်တန်းဆင်း လက်မှတ်ရတဲ့သူအနေနဲ့ကျောင်း မှာပဲလုပ်မလား၊ အပြင်မှာပဲ လုပ် မလားဆိုတာကတော့ သူတို့သ ဘောပေါ့’’လို့ ဦးအောင်ကျော်မိုး ကပြောပါတယ်။

အစိုးရဘက်က အခုလိုအစီ အမံတွေ ဆောင်ရွက်ပေးသလို ပုဂ္ဂလိကကုမ္ပဏီတွေဘက်ကို လည်း အလုပ်လုပ်ရတဲ့ကလေး မိခင်တွေနဲ့ပတ်သက်လို့ နားလည် မှုရှိရှိနဲ့ စာနာပြီးအလုပ်တာဝန်မပိ စေဘဲ ကလေးရောမိခင်အတွက် ပါ ထည့်စဉ်းစားပေးစေချင်တယ် လို့ ကုမ္ပဏီတစ်ခုရဲ့ စီမံရေးရာဌာ န၀န်ထမ်း မဆုလှိုင်မျိုးကပြောပါ တယ်။

အစိုးရက လူမှုဝန်ထမ်းဥပ ဒေအသစ်အရ မီးဖွားခွင့်ခြောက် လပေးပေမယ့် ဒီဥပဒေကိုအပြင် ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းတွေ အ ထိပါ သက်ရောက်စေဖို့အတွက် အစိုးရကနေ တိုက်တွန်းလုပ် ဆောင်ပေးဖို့လိုလားကြောင်း မ ရတနာကပြောပါတယ်။

ဒါ့အပြင် မဆုသန္တာအောင် ကလည်း သူအခုလက်ရှိလုပ်နေ တဲ့ စာရင်းကိုင်အလုပ်ကနေထွက် ပြီးနောက် နေစားစရိတ်ငြိမ်းလစာ လည်း အသားတင်ကျန်တဲ့ က လေးထိန်းအလုပ် ၀င်တောင်လုပ် ကြည့်လိုက်ချင်တယ်လို့ ရယ်ရွှန်း ဖတ်ရွှန်းပြောပါတယ်။

7day daily

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...