စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဟဲဗီးဖြိုး


            


ကလေးသရုပ်ဆောင် အဖြစ် သရုပ်ဆောင်လောကထဲသို့ စ တင်ဝင်ရောက်လာခဲ့ပြီး ယခုနောက် ပိုင်းတွင် လူကြီးသရုပ်ဆောင်ဇာတ် ရုပ်များတွင် ပါဝင်သရုပ်ဆောင်နေပြီ ဖြစ်သည့် ဟဲဗီးဖြိုးနှင့်တွေ့ဆုံခဲ့ရာ . .

မေး။ ။ နောက်ပိုင်းမှာ ကလေးသရုပ် ဆောင်အဖြစ် ဆက်လက်ရိုက်ကူး သွားဖို့ရှိလား။

ဖြေ။ ။ နောက်ပိုင်းတွေဆိုရင်တော့ ကလေးသရုပ်ဆောင်အနေနဲ့တော့ရိုက်လို့မဖြစ်တော့ဘူးလို့ထင်တာပဲ။ ဥပမာ မင်းသမီးရဲ့မောင်လေးတို့၊ မင်း သားရဲ့ညီလေးအခန်းတို့တော့ သရုပ် ဆောင်ရမယ်ထင်တယ်။

မေး။ ။ သရုပ်ဆောင်တဲ့အပိုင်းမှာ ဘယ်ကာရိုက်တာကိုပိုင်နိုင်ဆုံးလဲ။

ဖြေ။ ။ ကျွန်တော်သရုပ်ဆောင် လောကထဲကို ဒရာမာပုံစံနဲ့စပြီးဝင် လာခဲ့လို့လားမသိဘူး။ ဒရာမာအခန်း ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပိုင်နိုင်တယ်လို့ ထင်တယ်။ ခက်ခဲတာက အရမ်းငိုရ လွန်းလို့မျက်လုံးညောင်းတာ တစ်ခုပဲ။

မေး။ ။ ကာရိုက်တာရွေးချယ်ရိုက် ကူးဖို့ရောရှိလား။

ဖြေ။ ။ ကာရိုက်တာရွေးချယ်ပြီး သရုပ်ဆောင်တာတို့တော့ မရှိပါဘူး။ ကျွန်တော်က အနုပညာသမားလေ။ အဲဒါကြောင့် ကျရာအခန်းဏ္ဍက သရုပ်ဆောင်သွားမှာပါ။ အခုအချိန် မှာ ကျွန်တော်ကမင်းသားလည်း မဟုတ်ဘူး။ အဲဒါကြောင့် ကျရာဇာတ် ရုပ်ကနေ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်သွားမှာပါ။

မေး။ ။ လက်ရှိရိုက်ထားတဲ့ကား အတွက် အကယ်ဒမီမျှော်မှန်းထား တာရော ရှိလား။

ဖြေ။ ။ အကယ်ဒမီ လိုချင်လား မေးရင် လိုချင်တာပေါ့။ ဒါပေမဲ့လဲ 'လွဲ'ဆိုတာ ကျွန်တော့်အတွက်လား မသိပါဘူးဗျာ။ ကံတရားက ကျွန် တော့်ကို မပေးသေးတဲ့အတွက် မရ သေးတာပါ။ ကံတရားကပေးရင် တော့ ရမယ်ထင်တာပါပဲ။ လက်ရှိမှာ အကယ်ဒမီမရသေးပေမယ့်လဲ ပရိ သတ်ကြီးပေးတဲ့ အကယ်ဒမီကတော့ ကျွန်တော် ရပြီးသားပါ။

မေး။ ။ သီချင်းခွေလေးနဲ့ပတ်သက် ပြီးပြောပြပေးပါဦး။

ဖြေ။ ။ လတ်တလောမှာသီချင်းခွေ လေးလုပ်နေပါတယ်။ သီချင်းရှစ်ပုဒ် လောက်တော့ပြီးသွားပါပြီ။ ပဲခူးမှာ ကျွန်တော့်ဆရာဖြစ်တဲ့ ကိုသူနဲ့ရေးနေ တယ်။ ပဲခူးမှာက နားအေးပါးအေး ရှိတဲ့အတွက် သွားရေးတာပါ။ ရန်ကုန် ကိုတော့ အလုပ်ရှိမှပြန်လာတာများ ပါတယ်။ အခွေထွက်ဖို့ဆိုတာ အများ ကြီးလိုပါသေးတယ်။ သီချင်းအပုဒ် ပေါင်း ၃ဝ လောက်လုပ်ရမှာ။ အခုမှ ရှစ်ပုဒ်ပဲရှိသေးတာ။ အဲဒီထဲကမှ ကျွန်တော်ကြိုက်တဲ့သီချင်းတွေရွေး ပြီး ပြန်ထည့်မှာပါ။ အချိန်ကတော့ တော်တော်ယူရဦးမှာပါ။ သီချင်းဆို ရတာ ဝါသနာပါတယ်။

အဲဒါကြောင့် လည်းလုပ်ဖြစ်တာပါ။ ကျွန်တော့်ဝါ သနာကို ပရိသတ်တွေအသိအမှတ်ပြု ရင်ကျေနပ်ပါပြီ။ သီချင်းတွေအားလုံး နားထောင်တယ်။ လေ့လာတယ်။ အ သံပိုင်းဆိုင်ရာတွေလည်း လေ့ကျင့် ရတယ်။ ရင်ခေါင်းထဲကလာတဲ့အသံ၊ နှာထဲကလာတဲ့အသံ အဲဒီထဲကမှ ဘယ်အရာကအရေးကြီးတယ်ပေါ့။ အားလုံးကို ကျွန်တော့်ရဲ့ဆရာက သင် ကြားပေးပါတယ်။ ကျွန်တော်က လည်းကြိုးစားနေတယ်။ ကျွန်တော် ကြိုးစားနေတာကလည်း ပရိသတ် ကြီးကို ကျွန်တော့်ရဲ့ကြိုးစားအား ထုတ်မှုလေးကို ချပြချင်တာပါ။

မေး။ ။ လက်ရှိရောဘာကားတွေ ရိုက်ဖို့ရှိလဲ။

ဖြေ။ ။ ထားဝယ်ရုပ်ရှင်ထုတ်လုပ် ရေးက ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကမ်းလှမ်းထားတာတော့ရှိပါတယ်။ဗီဒီယိုကားတွေအနေနဲ့ကတော့ လော လောဆယ် အရိုက်ကျဲသွားတယ်။ကမ်းလှမ်းထားတာတွေတော့ရှိတယ်။ အကောင်အထည်မဖော်နိုင်သေးလို့ မပြောသေးပါဘူး။ သေချာပြီဆိုရင် ထပ်ပြောပါ့မယ်။

မေး။ ။ ပရိသတ်ကြီးအတွက် စကားလက်ဆောင်လေးပြောပေးပါ ဦး။

ဖြေ။ ။ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါ စေ။

PPP

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

https://www.facebook.com/myanmakyaymon/photos/a.623687667672709.1073741828.61

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...