
ယူအေအီးနိုင်ငံရဲ့ ဒူဘိုင်းမြို့ထဲမှာပဲ မြို့ငယ်တစ်ခုဆောက်နေပါပြီ။
ယင်း ဟိုတယ်အမည်ကို Indigo လို့ အမည်ပေးထားပြီး အခန်းပေါင်း ၁၇၀ ကျော် ပါရှိပါတယ်။ မြို့ရဲ့ အဓိက ထူးခြားချက်က သုံးခု ရှိပါတယ်။ ပထမတစ်ချက်ကတော့ ပြောပြီးတဲ့အတိုင်း ၁၀၀ ရာခိုင်နှုန်ပြည့် ဆိုလာ စွမ်းအင်ဖြင့်သာ နေထိုင်မှာ ဖြစ်ပြီး ဒုတိယအချက်ကတော့ ရေဆိုးရေညစ်များ၊ စွန့်ပစ်ရေများကို စွ်းအင်ဖြစ်အောင် ပြန်လည် အသုံးချခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ထွက်သမျှ စွန့်ပစ် ပစ္စည်းအားလုံးကိုလည်း စွမ်းအင်ပြန်ထုတ်မှာ ဖြစ်သလို အခြားနည်းလမ်းများနဲ့လည်း ပြန်လည် အသုံးပြုမှာ ဖြစ်ပါတယ်။ နောက်ဆုံးထူးခြားချက် တစ်ခုကတော့ သဲကန္တာရ အလယ်မှာ တည်မယ့် ယင်းမြို့မှာ သစ်ပင်၊ ပန်း များကို သဘာဝအလျောက် ပေါက်ရောက်အောင် ကြိုးစား ဖန်တီးရယူမှာ ဖြစ်ပါတယ်။
ကမ္ဘာလှည့်ခရီးသွားများက ဟိုတယ်မှာ တည်းနိုင်သလို နေအိမ်များမှာတော့ ယူအေအီးနိုင်ငံသားတို့ နေထိုင်မှာ ဖြစ်ပါတယ်။ Eco system ပေါ်မှာ တည်မယ့် မြို့ ဖြစ်ပြီး ဘေးထွက် ဆိုးကျိုး၊ ပစ္စည်း တစ်ခုမှ မရှိရ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဖြစ်ပါတယ်။ ၂၀၁၇ လောက်မှာ စတင်နေထိုင်လို့ရမယ့် နေရာတစ်ခုဖြစ်အောင် ဖန်တီးမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်များစွာ ယူအေအီးဟာ ကမ္ဘာ့အဆင့်အားဖြင့် နိမ့်ကျတဲ့ နိုင်ငံနဲ့ နေရာ ဖြစ်ခဲ့ပေမယ့် ၂၀၂၀ ခုနှစ်အရောက်မှာတော့ ဒူဘိုင်းမြို့ကော ယူအေအီးနိုင်ငံပါ ကမ္ဘာ့ ထိပ်တန်း နေရာရောက်ရန် စီမံကိန်းဖြင့် သွားနေကြောင်း သိရပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477
No comments:
Post a Comment