စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငှက်ပျောရွက်နဲ့ ထမင်းစားတာ ဘာတွေကောင်းသလဲ


အိန္ဒိယနိုင်ငံမှာဆိုရင် ငှက်ပျော ရွက်နဲ့ ထမင်းစားတာဟာ ရိုးရာ အလေ့အထတစ်ခုဖြစ်ပြီး ဧည့် သည်တွေကို ငှက်ပျောရွက်ထိပ် ဘက်ပိုင်းနဲ့ဧည့်ခံပြီး အိမ်ရှင်တွေ ကတော့ ငှက်ပျောရွက်အောက် ဘက်ပိုင်းနဲ့ စားလေ့ရှိကြပါတယ်။ နောက်အားလုံးတူတူစုထိုင်ပြီး ထမင်း၊ အသား၊ အသီးအရွက်၊ ဟင်း စတာတွေကို ငှက်ပျောရွက် ပေါ်ပုံပြီး လက်နဲ့စားသောက်ကြ တဲ့အလေ့အထဟာ နှစ်ထောင် ပေါင်းများစွာကတည်းကရှိခဲ့ပြီး ယနေ့တိုင်လုပ်ဆောင်နေဆဲဖြစ် ပါတယ်။

ငှက်ပျောရွက်မှာ သဘာဝ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိ တာကြောင့် ရောဂါပိုးမွှားတွေ အန္တရာယ်က ကာကွယ်ပေးပါ တယ်။ ငှက်ပျောရွက်ကို ဒီအတိုင်း ဝါးစားဖို့မဖြစ်နိုင်ပေမယ့် သူ့ အပေါ်မှာ အစားအစာတွေတင်ပြီး စားတာကလည်း အစားအစာထဲ ကို ငှက်ပျောရွက်ထဲက အာဟာရ ဓာတ်တွေဝင်ပြီး ဖျားနာခြင်းကင်း ကာ ကျန်းမာစေပါတယ်။ နောက် ပြီး ထမင်းပူပူ၊ ဟင်းပူပူလေးတင် စားတဲ့အခါ ငှက်ပျောရွက်မှာပါ တဲ့ သဘာဝဖယောင်းအရည်ပျော် ပြီး အစားအစာထဲကိုဝင်သွားတဲ့ အတွက် စားလို့ပိုကောင်းစေပါ တယ်။

ခေတ်တွေပြောင်းလဲလာ တာနဲ့အမျှ လူတွေဟာ တစ်ခါသုံး ပလတ်စတစ်ပန်းကန်တွေ၊ စက္ကူ ပန်းကန်တွေသုံးလာကြပေမယ့် ငှက်ပျောရွက်လိုတော့ ဂေဟ စနစ်နဲ့ မကိုက်ညီပါဘူး။ ငှက် ပျောရွက်က ဆွေးမြည့်ပြီး မြေဩ ဇာအဖြစ် ပြောင်းသွားပေမယ့် ပလတ်စတစ်တွေကတော့ နှစ် ရာနဲ့ချီအောင်မပျက်စီးပါဘူး။ ငှက်ပျောရွက်နဲ့ အစာစားမယ်ဆို ရင် ငှက်ပျောရွက်ကိုသန့်စင် အောင် ရေနဲ့ဆေးကြောဖို့ပဲလိုပါ တယ်။ ပန်းကန်တွေကိုသုံးမယ်ဆို ရင် ဆပ်ပြာသုံးပြီးရေဆေးရတာ မို့ ပန်းကန်ပြားပေါ်မှာ ဆပ်ပြာ တွေကျန်နေနိုင်ပြီး အစားအ သောက်ထဲဝင်သွားနိုင်ပါတယ်။

ဒါကြောင့် ရေလည်းလုံ၊ ကျန်းမာရေးနဲ့လည်းညီညွတ်၊ ဂေဟစနစ်နဲ့ကိုက်ညီတဲ့ ငှက် ပျောရွက်နဲ့ အစာစားတဲ့အလေ့ အထက ပျောက်မသွားတာပဲဖြစ် ပါတယ်။

7daydaily

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...