စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မလေးရှားက ရွှေမြန်မာများ သွားသတိ စားသတိ နေသတိ

မလေးရှားနိုင်ငံရောက် ရွှေမြန်မာ ညီအစ်ကို မောင်နှမများ အားလုံးဖတ်ရန်
သွားသတိ စားသတိ နေသတိ
 

မလေးရှားနိုင်ငံသို့ ရောက်ရှိလာသူတိုင်းသည် သတိတရားမမှားစေရန် အမြဲတန်းလိုအပ်ပါသည်။
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ညောင်ပင်တွင်းကျေးရွာသားလေး မောင်ဇော်မျိုးသန့် တစ်ယောက်သည်
မိသားစု စားဝတ်နေရေးအတွက် ငယ်ရွယ်သော်လဲ မိဘညီအကိုမောင်နှမများ စားဝတ်နေရေး အဆင်ပြေစေရန် မလေးရှားနိုင်ငံ ကလန်းမြို့နယ် ပို့ကလန်းဒေသရှိ စက်ရုံတစ်ခုတွင် အလုပ် လုပ်ကိုင် နေထိုင်ရင်းဖြင့် မြန်မာပြည်ရှိ
မိသားစုများအား ရရှိသောလစာငွေများကို လစဉ်မှန်မှန် လစာထုတ်သည်နှင့် မိမိအတွက် စားဇရိတ် နည်းငယ်မျှသာ ချန်ထားပြီး မိသားစုများထန်သို့ ပိုပေးခဲ့ပါသည် ထိုကဲ့သို့ ပို့ပေး နေထိုင်ခဲ့သည်မှာ (၅) နှစ်တာကာလအတွင်း အနေအထိုင် အသွာအလာများ အတွက် မည်သည့် ပြဿနာ တစ်စုံတရာမျှ မရှိခဲ့သလို စက်ရုံတွင်လဲ မြန်မာနိုင်ငံသားများပါမက အခြာနိုင်ငံသားအျားကပါ မောင်ဇော်မျိုးသန့် အား ချစ်ခင်ကြပါသည် ။

လစဉ်မှန်မှန် လစာထုတ်သည်နှင့် မိသားစုများထံသို ငွေလွှဲပေးရန် မိမိနေထိုင်သော နေရာ မှ့ ကလန်းမြို့
သွားရာတွင် တရားဝင် TAXI နှင့် BUS ကားများမရှိသဖြင့် လမ်းဘေးတွင် တရားမဝင် အငှားလိုက်သော
အိမ်စီးကား BLACK TAXI အား ငှား၍ ကလန်းမြို့သို့သွားကာ မိသားစုထံသို့ ငွေလွှဲပေးရပါသည်။

ထိုသို့ဖြင့် လွန်ခဲ့သော ၁၅/၅/၂၀၁၅ ရက်နေ့တွင် မိမိရရှိသော လစာငွေအား မိသာစုထံသို့ လွှဲပေးရန်
ကလန်းမြို့သို့ BLACK TAXI ဖြင့် သူငယ်ချင်း (၂)ယောက်နှင့်အတူ ထွက်လာခဲ့ရာ ကာမောင်းသမားဘေးတွင် အခြားခရီးသည်ကဲ့သို့ လိုက်ပါလာသူ တစ်ဦလဲ ပါလာခဲ့ပါသည်

 ထိုသိုထွက်လာရင်း လူသူကင်းမဲ့ရာ အဝေးပြေး
လမ်းမပေါ်သို့ အရောက်တွင် ကားမောင်းသမားမှ့ ကားမှန်များကိုပိတ် တံခါးများကိုပါ လော့ချပြီး ကားမောင်း
သမားဘေးတွင် ပါလာသူကလဲ မိမိသည် ရဲဖြစ်ကြောင်း ပြောပြီး ဓားထုတ်ခြိန်းချောက်ခါ ပါလာသောငွေများ
ဖုန်းများကို အသက်မသေစေချင်လျှင် ထုတ်ပေးရန် ပြောသဖြင့် ကိုဇော်မျိုးသန့် တို့ (၃)ဦးလဲ ကြောက်လန့်၍
ထုတ်ပေးလိုက်ရပါတော့သည်။

ထို့နောက် ကားကို အရှိန်ဖြင့် မောင်းနေစဉ် ကာမောင်းသမားနှင့် အတူပါလာသူမှ့ ကိုဇော်မျိုးသန့်တို့ (၃) ဦးအား ကားတခါးကိုဖွင့်၍ အတင်းတွန်းချသဖြင့် ပထမဦးဆုံး ပြုတ်ကြသွားသော ကိုဇော်မျိုးသန့် အသက်(၃၀) နှစ်မှာ လမ်းမနှင့် ဦးခေါင်းရိုက်မိ၍ သေဆုံးခဲ့ရပါသည် ကျန်သူငယ်ချင်(၂)ယောက်မှာလဲ အသက်မသေခဲ့ပင်မဲ့ ဓာဏ်ရာများစွာ ရရှိခဲ့ပါသည်

ယနေ့ ၂၃/၅/၂၀၁၅ ရက်နေ့တွင် မြန်မာပြည်မှ့ မိသားစုများတောင်းဆိုချက်အရ MAS လေကြောင်းခရီးစဉ်ဖြင့် မြန်မာပြည်သို့ ပြန်လည်ပို့တောင်ပေးခဲ့ပါသည် မြန်မာပြည်သို့ အရောက်တွင်လဲ နာရေးကူညီမှု့အသင်း (ရန်ကုန်) မှ့ ကူညီ၍ ကိုဇော်မျိုးသန့် ၏
မိသားစုရှိရာ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ညောင်ပင်တွင်းကျေးသို့ ရောက်ရှိနှိုင်ရန်အထိ အခြားသော နာရေးကူညီမှု့အသင်းများ ပြည်တွင်းပြည်ပ ပရဟိတ္တ အသင်းအဖွဲများ လက်တွဲကာ ဖေးမကူညီခဲ့ပါသည် ။

ကပုန်း(၇)ရက်သားသမီးနာရေးကူညီမှုအသင်း(မလေးရှား)
မြန်မာလူမှုကူညီရေးအသင်း - Malaysia
https://www.facebook.com/kampungfreefuneralservices.myanmar

https://www.facebook.com/nay.zawlin1/posts/909719425736506

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...