စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူတွေ “ Selfie - ရိုက်သလို “Elphie - ရိုက်ခဲ့တဲ့ ဆင်ကလေး

ကျောင်းသားတစ်ယောက်ရဲ့ ကင်မရာကို ဆွဲယူပြီး လူတွေ “ Selfie - ရိုက်သလို “Elphie - ရိုက်ခဲ့တဲ့ ဆင်ကလေး

ထိုင်းနိုင်ငံမှာရှိတဲ့ ဆင်ကလေးဟာ ကနေဒါနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်ရဲ့ GoPro ကင်မရာကို ဆွဲယူပြီး တစ်သက်မှာတစ်ခါသာ ကြုံနိုင်မယ့် “ Elphie” ပုံလေးကို ၄င်းကျောင်းသားနဲ့အတူတူ ရိုက်ကူးခဲ့ပါသတဲ့။

အသက် ၂၂ နှစ်အရွယ် Christian LeBlanc ဟာ British Columbia University မှ ကျောင်းသားတစ်ယောက်ဖြစ်ပြီး ဒီတစ်ပတ်အတွင်း Instagram မှတစ်ဆင့် ဓါတ်ပုံလေးကို ဝေမျှပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံ Koh Phangan ကျွန်းမှာ သူ့ရဲ့ GoPro ကင်မရာနဲ့ ဓါတ်ပုံရိုက်နေတုန်း ဆင်ကလေးက သူ့ကင်မရာကို နှာမောင်းနဲ့ဆွဲယူပြီး အမိုက်စား ဓါတ်ပုံကို ရိုက်ကူးခဲ့တာပါ လို့ ပြောသွားပါတယ်။

LeBlanc က ပုံရဲ့အောက်မှာ ဆင်လေးရိုက်တဲ့ “Selfie” မိုလို့ “ Elphie” လို့လည်း သေချာစာရေးထားလိုက်ပါသေးတယ်

“ ကျွန်တော်ဖြင့် ယုံတောင်မယုံနိုင်ပါဘူး.. ဒီလို ပုံကောင်းကောင်းလေး ထွက်လာမယ်လို့ “ လို့ CTV သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Thithtoolwin


https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...