စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မန္တလာမြေမှ ဆိုင်ကယ်စတန့်သမားများ

5
 မန္တလေးကို ရောက်ပြီဆိုတာနဲ့ ပုရွက်ဆိတ်တွေ ရွစိတက်နေသလိုဆိုင်ကယ်တွေ ဥဒဟိုသွားလာနေကြတာ  မြင်တွေ့ရမှာပါ။မြို့ကြီးပြကြီးဖြစ်ပေမယ့် ရန်ကုန်လိုတော့ ဘတ်စ်ကားကို အချိန်အကြာကြီးစောင့်နေရတာမျိုး၊ သွားချင်တဲ့နေရာအတွက် တက္ကစီသမားကို ချော့မော့ခေါ်နေရတာမျိုး မန္တလေးမှာ မကြုံရသေးပါဘူး။ ကိုယ်သွားချင်တဲ့ နေရာဆီ ဆိုင်ကယ်လေးတက်စီးပြီး စိတ်သွားတိုင်းကိုယ်ပါခွင့်ရနေတာ မန္တလေးသားတွေအတွက် ဆုလာဘ်တစ်ခုပါ။
ဆိုင်ကယ်တွေ ပေါများတာသွားလို့လာလို့ အင်မတန် ကောင်းပေမယ့်တစ်ဖက်ကကြည့်ရင်တော့ ယာဉ်အန္တရာယ်က ကပ်ပါလာပါတယ်။ လမ်းပေါ်ထွက်တာနဲ့ ဘယ်အချိန် ဆိုင်ကယ်တိုက်ခံရမလဲ စိုးရိမ်ရတာကို မန္တလေးသူ၊ မန္တလေးသားတိုင်း ခံစားဖူးပါတယ်။ အဲဒီလို ဆိုင်ကယ်အန္တရာယ်နဲ့ပတ်သက်ပြီး ထိတ်လန့်တတ်တဲ့ လူတွေရှိနေသလို ဆိုင်ကယ်တွေကို အရုပ်တစ်ရုပ်လို သဘောထားပြီး အန္တရာယ်နဲ့ ပေါင်းဖက်ပျော်ရွှင်တတ်တဲ့ လူငယ်တစ်စုလည်း မန္တလေး လမ်းမတွေပေါ်မှာ ရှိနေကြပါတယ်။

လူရှင်းတဲ့လမ်းမတွေပေါ်မှာ ဆိုင်ကယ်ကို ရှေ့ဘီးထောင်လိုက်၊ နောက်ဘီးထောင်လိုက်၊ ထိုင်ခုံပေါ် ခြေထောက်နှစ်ဖက်စလုံး ရပ်မောင်းလိုက်စတဲ့ စတန့် အမျိုးမျိုးထွင်ပြီး စီးတတ်ကြတဲ့ လူငယ်တွေနဲ့ ဆုံလာရင်တော့ မန္တလေးသူ၊ မန္တလေးသားတွေ စိတ်ထဲကျိတ်ပြီး မေတ္တာပို့ကြပါတယ်။
ဆိုင်ကယ်စတန့်ထွင်တဲ့ လူငယ်တွေကို တွေ့ရင် တချို့က ‘‘အဲ . . .သေတော့မယ်။ သေတော့မယ်။ သေသေသေ’’ဆိုပြီး စိုးရိမ်တာရော ထိတ်လန့်တာပါ ပေါင်းပြီး နှုတ်ကရေရွတ်တတ်ကြတယ်။ တချို့က မကြားတကြားလေးဆဲသွားကြတယ်။ အဲဒီလို အဆဲခံရတဲ့အခါမျိုးဆို စိတ်ထဲခုသွားပေမယ့် ကိုယ့်ဝါသနာနဲ့ ကိုယ်မို့ အသာလေးငြိမ်နေလိုက်ရတယ်လို့ မန္တလေးမြို့က ဆိုင်ကယ်စတန့်မောင်းသူ (သူတို့အချင်းချင်း ဆိုင်ကယ်ကစားတယ်၊ ဘီးကစားတယ်လို့ ခေါ်ကြတယ်) လူငယ်တချို့က ပြောပါတယ်။
‘‘ကိုယ့်ကို လာဆဲရင် ဟီးဟီးဆိုပြီး ပြန်ရယ် ပြလိုက်တယ်’’လို့ ဆိုင်ကယ်ကစားသူ အသက်(၂၄)နှစ်အရွယ် မောင်နေလင်းအောင်က ပြောပါတယ်။

 မောင်နေလင်းအောင်တို့လို ဆိုင်ကယ်စတန့်ထွင် ကစားသူ တွေက မန္တလေးမြို့မှာ လေးငါး ဖွဲ့လောက် ရှိပါတယ်။ တစ်ဖွဲ့ကို လူနှစ်ဆယ်၊ သုံးဆယ်လောက်ထိ ပါတတ်တယ်။ ဆိုင်ကယ်ကစား တဲ့သူတွေကတော့ အသက်(၁၉) (၂၀)နဲ့ (၂၀) နှစ်ကျော် အစိတ် ပိုင်း လူငယ်လေးတွေ များတယ်။ ဆိုင်ကယ်ကစားတဲ့ လူငယ်တွေ က မန္တလေးမြို့ထဲ သွားရင်း လာ ရင်း ကိုယ့်ရှေ့ဆိုင်ကယ်ကစား သွားတာမြင်ရင် လူငယ်သဘာဝ အားကျစိတ်နဲ့ လိုက်ကစားတတ် လာကြတာလို့ ဆိုင်ကယ်ကစား နေတဲ့ လူငယ်တွေက ပြောပါ တယ်။
 မန္တလေးမြို့မှာဆို မန္တလေး တက္ကသိုလ်သွားတဲ့ ၇၃ လမ်း မိန်း လမ်းကြီးမှာ လူငယ်တွေနဲ့ အများ  ဆုံးစည်ကားတတ်တာမို့ တစ်ခါ တလေ သွားရင်းလာရင်း ဆိုင် ကယ်ကစားသွားတဲ့ လူငယ် တွေ ရှိပါတယ်။ အဲဒီလိုဆိုင်ကယ်  ကစားသွားကြတာတွေ့ရင် လိုက်ပါကစားတတ်လာတယ်လို့ အသက်(၂၅)နှစ်အရွယ် ဆိုင်ကယ်ကစားသူ မောင်မြတ်ဆွေက ပြောပါတယ်။
ဆိုင်ကယ် ‘‘စ’’ ကစားတတ် ခါစကတော့ ရှိတဲ့ ဘီးနဲ့ ကစား ကြတာပဲ။ ၀မ်းတန်းရှိတဲ့သူက ၀မ်းတန်း၊ ရုပ်ဆိုးရှိတဲ့သူက ရုပ်ဆိုး၊ အော်တိုဘီးဖြစ်ဖြစ် ဂီယာဘီးနေနေရှိတဲ့ ဆိုင်ကယ်နဲ့ဖြစ် အောင် ကစားကြည့်ကြတယ်လို့ ဆိုင် ကယ်ကစားသူတွေက ဆိုပါ တယ်။ စစချင်းတော့ ရှေ့ဘီးလေး စထောင်ကြည့်တယ်။ နောက် တော့ ခြေထောက်နှစ်ဖက်စလုံး လမ်းပေါ်ချကာ ဆိုင်ကယ်ရှေ့ဘီး ထောင်ပြီး ဖိဆွဲတတ်လာတယ်။ တဖြည်းဖြည်းနဲ့ ဆိုင်ကယ်ပေါ် ခြေစုံရပ်မောင်းတာမျိုးတွေ လုပ် တတ်လာခဲ့တယ်လို့ ၎င်းတို့က ပြောပြတယ်။
ဆိုင်ကယ်ကစားမယ်ဆို လူ ရှင်းတဲ့နေရာနဲ့ အချိန်တွေကို ရွေး ဆော့တယ်လို့ ၎င်းတို့က ဆိုပါတယ်။ ‘‘လမ်းသွားလမ်းလာ တွေ မထိခိုက်အောင်လို့ပါ’’လို့ မောင်မြတ်ဆွေက ပြောပြတယ်။ သူတို့က မထိခိုက်အောင် လုပ်ပေ မယ့် သူတို့စီးနေတဲ့အချိန် လမ်း သွားလမ်းလာတွေက မသွားရဲ တော့ ရပ်တန့်ထားတတ်တဲ့အခါ လမ်းတွေ ပိတ်တာမျိုးတွေ ဖြစ် သွားတတ်တယ်။
 လမ်းတွေ ပိတ်သွားတော့ ယာဉ်ထိန်းတွေက လိုက်ဖမ်း တယ်။ လူလေးငါးယောက်ထက် ပိုရင် ရမ်းကားမှုနဲ့ ဖမ်းလို့ရတယ်လို့ ရှင်းပြတယ်။ နောက်မလုပ်ဖို့ဆုံးမပြီး ပြန်လွှတ်တာမျိုးတွေ လည်း ကြုံခဲ့ရတယ်။ ဒါပေမဲ့ ၀ါသနာဆိုတာမျိုးက တားဖို့အတော်ခက်တာမို့ မနေနိုင်လို့ ပြန်ဆော့၊ယာဉ်ထိန်းရဲတွေနဲ့ ဆုံပြီးလိုက်ဖမ်းတော့ ပြန်ပြေးရပြန်ရောလို့ ၎င်းတို့က ပြောတယ်။ ‘‘ကျွန်တော်တို့ ရမ်းကားတာတော့ မဟုတ်ပါဘူးဗျာ။ ၀ါသနာပါလို့ ဆော့လိုက်မိတာပါ’’လို့ မောင်မြတ်ဆွေက မြို့ခံတွေထံ ခွင့်ပန်တဲ့ လေသံနဲ့ ပြောပြတယ်။
သူတို့အနေနဲ့လည်း လမ်းသွားလမ်းလာတွေကို ထိမိခိုက်မိ မရှိအောင် အထူးဂရုစိုက်ရတယ် လို့ ဆိုတယ်။ ‘‘ကိုယ်ဖြစ်တာထက် သူများဖြစ်သွားမှာစိုးတာ။ တော် တော်လေး သတိထားရတယ်’’လို့ မောင်မြတ်ဆွေက ပြောတယ်။ သူများမထိခိုက်ပေမယ့် သူတို့ ကိုယ်တိုင်လည်း ဒူးပွန်း၊ တံ တောင်ပွန်းဖြစ်တာတွေကတော့ မထူးဆန်းတော့ပါဘူးလို့ ဆို တယ်။ ‘‘ဒူးတွေမှာဆို အမာရွတ် တွေချည်းပဲ’‘လို့ မောင်နေလင်း အောင်က ပြောပါတယ်။ ခန္ဓာကိုယ်တင် မကပါဘူး။ စီးနေတဲ့ဆိုင်ကယ်လည်း ဆော့ပါများလို့ ဘရိတ်ကိုင်းတို့၊ ရှေ့မီးခွက်၊ နောက်မီးခွက်တို့၊ ဘေးကာဗာတွေတို့ဆို ရစရာမရှိအောင် စုတ်ပြတ်လို့။ နောက်တာယာဆိုလည်း ကတ္တရာလမ်းပေါ် ဖိဆွဲကစား တော့ ပါးချပ်ချပ်သာ ကျန်တော့ တယ်။ နေ့တိုင်းနီးပါးပြင်လိုက် ဆော့လိုက်ပါပဲလို့ ဆိုင်ကယ်က စားသူတွေက ဆိုပါတယ်။

ကိုယ့်အတွက်ရော တစ်ပါး သူအတွက်ပါ အန္တရာယ်လည်း များတာမို့ မိဘတွေက ကိုယ့်သား လေးဆိုင်ကယ်မကစားဖို့ တား ကြပါတယ်။ မောင်မင်းကြီးသား တွေကလည်း ရှေ့သာဟုတ်ဟုတ်၊ လမ်းပေါ်ရောက်သွားတာနဲ့ အိမ် မှာ ကတိပေးခဲ့သမျှ အကုန်မေ့ ၀ါသနာအလျောက် ဆိုင်ကယ်က စားကြတော့တာပဲလို့ ၎င်းတို့က ဆိုတယ်။ စိတ်အရမ်းပူတတ်ကြ တဲ့ မိဘတွေကတော့ ဘုရားရှေ့ မှာ သားကိုခေါ်ပြီး ဆိုင်ကယ် မကစားတော့ပါဘူးလို့ ကျိန်ခိုင်း တယ်လို့ အသက်(၁၉)နှစ်အရွယ် ထက်အာကာက ပြောပြရင်း ရယ် ပါတယ်။
 တချို့က ဆိုင်ကယ်စတန့် မောင်းကစားသူတွေဆို ဆေး ကြောင်နေတဲ့သူတွေ၊ အရက် သေစာ သောက်စားထားတဲ့သူ တွေ မောင်းကြတာတို့ ထင်တတ် ကြတယ်။ ဆိုင်ကယ်စတန့် မောင်းကစားမယ်ဆို မူးယစ်ဆေးဝါး လည်း သုံးစွဲထားလို့ မရသလို အရက်၊ ဘီယာလည်း သောက်ထား လို့ မရပါဘူးတဲ့။ ကိုယ်လုပ်ချင် တဲ့ စတန့်အပေါ်မူတည်ပြီး စူး စိုက်မှုအားကောင်းကောင်းနဲ့ စိတ်တည်တည် ငြိမ်ငြိမ်ထားပြီး ဆော့ မှရတာလို့ ဆိုင်ကယ်ကစားသူ တွေက ဆိုပါတယ်။
သူတို့ကသာ ရှေ့ကလုပ်ပြ သွားတဲ့ စီနီယာတွေကို အားကျ ပြီးတော့ လိုက်ကစားတာ သူတို့ ကို အားကျပြီး လိုက်ကစားကြမယ့် ဂျူနီယာတွေကိုကျတော့ စိတ်ပူကြမူပါတယ်။ အရက်သေစာမူး ယစ်ဆေးဝါး သောက်စားသုံးစွဲပြီး မကစားဖို့၊ ဆိုင်ကယ်ကြံ့ခိုင်မှု ရှိ၊ မရှိ စစ်ဆေးဖို့၊ လူသွားလူလာ များတဲ့ လမ်းတွေမှာ မဆော့ဖို့ မှာရှာပါတယ်။ ‘‘ထိန်းပြီးဆော့ စေချင်တယ်။ တအားရဲရင် အန္တရာယ်များတယ်’’လို့ မောင်မြတ်ဆွေက ဆိုပါတယ်။

 အဲဒါကြောင့် သူတို့အနေနဲ့ တစ်ပါးသူတွေကို မထိခိုက်မယ့်၊ လွတ်လွတ်လပ်လပ် ကစားလို့ရ မယ့် နေရာလေးတစ်ခု ဖန်တီးပေး စေလိုတယ်လို့ ဆိုပါတယ်။ နောက်ပြီး နိုင်ငံတကာမှာလို ဆိုင်ကယ် စတန့်မောင်းပြိုင်ပွဲတွေ စနစ်တ ကျ လေ့ကျင့်မှုတွေနဲ့အတူ ပြု လုပ်ပေးစေချင်တယ်လို့ ဆို တယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ လုပ်တဲ့ ဆိုင်ကယ်စတန့်မောင်း ပြိုင်ပွဲမှာဆို အဲသည်မှာ ရောက် နေတဲ့ မြန်မာလူငယ်တချို့ ၀င် ပြိုင်ကြတယ်လို့ ပြောပြတယ်။ ‘‘နိုင်ငံကိုယ်စားပြုအနေနဲ့ ပြိုင်ပွဲ တွေမှာ ၀င်ပြိုင်ချင်တာ’’လို့ မောင်မြတ်ဆွေက ပြောပါတယ်။
ဆိုင်ကယ်စတန့်စီးတာကို ၀ါသနာကြီးလွန်းလို့ အသက်အန္တရာယ်ကိုတောင် ရင်းနှီးပြီးဆော့ကစားနေတဲ့ လူငယ်တွေက မန္တလေးမှာတင်မက တခြားဒေသတွေမှာ ပါရှိနိုင်ပါတယ်။ ကိုယ့်အတွက် အကျိုးရလဒ်နည်းတာ တောင် အသက်နဲ့ရင်းနိုင်သေးရင် ကိုယ့်အတွက်ရော သူတစ်ပါးအ တွက်ပါ အကျိုးများမယ့် အလုပ်များသာဆို သူတို့တွေ ဒီထက်လုပ်ပြ နိုင်ဦးမှာ အသေအချာပါပဲ။ လုပ်မယ့်လူငယ်တွေက အဆင်သင့်ပါ။ စနစ်တကျ လမ်းညွှန်ပြပြီး လမ်းကြောင်း ဖောက်ပေးမယ့် လူကြီးများကိုသာ မျှော်နေရတာပါ။

http://7daydaily.com/story/37240#.VVWHgJOZHIU

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...