စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Interview မတိုင်ခင် ! Interview ဖြေချိန် ! Interview အပြီးနောက်ပိုင်း !


           
Interview မတိုင်ခင် !

- သင် Interview ဖြေရမယ့် Company နဲ.ပတ်သက်တာတွေကိုရင်းနှီးအောင်လေ့လာထားပါ။ သင့်ကို Interview မယ့်သူကိုသိရင် သူ.ရဲ.ကိုယ်ရေးအကျဉ်းပါသိထားတာကောင်းပါတယ်။ Interview ဖြေရင်စကားပြောရတာစိမ်းမနေအောင် သူ.အကြောင်း Company အကြောင်းသိထားကြောင်းလေးကို အတန်အသင့် ထည့်ပြောလို.ရအောင်ပါ။
- သင့်ရဲ. CV နဲ. စာရွက်စာတမ်းတွေကိုလည်း မိတ္တူလုံလုံလောက်လောက်ကူးယူထားပြီး စနစ်တကျတွဲဖက်စီစဉ်ထားပါ။
- Interview မ၀င်ခင် သင့် Phone ကိုပိတ်ထားပါ။ Vibrate လုပ်ထားရုံနဲ.တင်မရနိုင်ပါဘူး။
- လုံးဝ(လုံးဝ) နောက်မကျပါစေနဲ.။ အချိန်ကိုမိနစ် (၂၀)လောက်စောတွက်ပြီးကြိုတင်ထွက်ပါ။ Traffic နဲ.အခြား ကိစ္စတွေလည်းပေါ်လာနိုင်ပါတယ်

Interview ဖြေချိန် !

၁။ First Impression ကောင်းပါစေ။
- Interview ခန်းထဲကိုယုံကြည်မှုရှိရှိဝင်သွားပြီး စကားကိုပြေပြစ်ကောင်းမွန်စွာပြောပါ။ မျက်လုံးချင်း အကဲခတ်မှုလည်းမကြာမကြာရှိပါစေ။ လက်ကိုမပျော့ပျောင်းလွန်းအောင် ဆွဲနှုတ်ဆက်ပြီး ပြုံးပြဖို.လည်းမမေ့ပါနဲ.။

၂။ တစ်မိနစ်စာအတွေး။
- " ခင်ဗျားအကြောင်းလေးပြောပြပါဦး " ဆိုတဲ့မေးခွန်းကိုဖြေနိုင်အောင်တစ်မိနစ်အတွင်း ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေ၊ ကိုယ်အရင်အလုပ်မှာဘာတွေကို ကိုင်တွယ်ဖြေရှင်း လုပ်ကိုင်ခဲ့တယ်ဆိုတာတွေကို စဉ်းစားထားပါ။

၃။ မကောင်းမြင်တဲ့စကားမျိုးတွေမသုံးမိစေနဲ.။
- သင့်ရဲ.ဝေဖန်မှုနဲ. အပြစ်စကားကိုပြောခိုင်းတဲ့မေးခွန်းမျိုး မေးရင်တောင် အကောင်းမြင်တဲ့ဖက်ကဖြေတတ်ပါစေ။ သင့်အရင်အလုပ်အဟောင်းက အလုပ်ရှင်မကောင်းကြောင်းလုံးဝမပြောမိပါစေနဲ.။

၎။ သင့်အရည်အချင်း။
- အလုပ်ရှင်တွေရှာဖွေလေ့ရှိပြီး သင်လည်းတတ်ကျွမ်းထားတဲ့ အရည်အချင်းမျိုးတွေကိုပြောပြနိုင်အောင်ကြိုးစားပါ။ တတ်နိုင်ရင် ကိုယ်ကဘယ်လိုအရည်အချင်းမျိုးတွေကိုအသုံးပြုပြီး သူတို. Company ကိုအကျိုးရှိအောင်စွမ်းဆောင်ဖို.ဆန္ဒရှိတယ်ဆိုတာပါပြောလို.ရရင် ပြောပြပါ။

၅။ သင့်အကြောင်း။
- သင့်အရည်အချင်းတွေဘယ်လိုတိုးတက်လာရတယ်၊ သင်နဲ.အလုပ်တူတူတွဲလုပ်ခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ဘယ်လိုကူညီဖေးမခဲ့ပြီးပျော်ရွှင်ခဲ့ရတယ်ဆိုတာမျိုးတွေကို Over မဖြစ်အောင် ပြောပြပါ။

၆။ ငွေရေးကြေးရေး။
- Interview တ၀က် ဒါမှမဟုတ်ရင် သုံးပုံနှစ်ပုံလောက်ပြီးတဲ့အထိ လစာ၊ Company ရဲ.လစဉ်ဝင်ငွေနဲ. အခြားငွေရေးကြေးရေး အကြောင်းအရာတွေကိုမမေးမိအောင်ကြိုးစားပါ။

Interview အပြီးနောက်ပိုင်း !

- ကျေးဇူးတင်စာပို.ပါ။ ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကို ကိုယ် Interview ဖြေရတဲ့ Company ပေါ်မူတည်ပြီး လက်ရေးနဲ.ရေးတဲ့စာနဲ.ပို.ပါ။ အဲ့တာပိုကောင်းပါတယ်။
- Twitter ကနေ Tweet မလုပ်ပါနဲ.။ သင်ကဘယ်လောက်ပဲ Update Status တင်ချင်တင်ချင် Interview နဲ. ပတ်သက်တာတွေကိုတော့ Internet ပေါ်က ဘယ်ပေါ်မှာမှမတင်တာအကောင်းဆုံးပါပဲ။

Wilson Chan (YK)

Reference : Pinterest

https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.3276958306

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...