စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ အတော်ဆုံး အထူးတပ်ဖွဲ့



ကမ္ဘာ့အတော်ဆုံး အထူးတပ်ဖွဲ့ကို အမေရိကန်က Navy SEAL လို့ ထင်နေရင် မှားသွားပါလိမ့်မယ်။ ကမ္ဘာ့ အတော်ဆုံး ကြောက်စရာ အကောင်းဆုံး အထူးတပ်ဖွဲ့ အဖြစ် ဗြိတိန်နိုင်ငံက Special Air Service လို့ အမည်ပေးထားတဲ့ အထူးတပ်က နေရာယူထားပါတယ်။ ၁၉၄၁ ခုနှစ်က စတင်ဖွဲ့စည်းပြီး ယနေ့တိုင် ဆက်လက် တည်ရှိနေပါတယ်။

သူုတို့မှာ စစ်သည်အင်အား ဘယ်လောက်ရှိတယ် ဘယ်သူတွေ ပါတယ် ဆိုတာကို ဗြိတိန် အစိုးရ အနေနဲ့ မဖော်ပြပါဘူး။ သူတို့ရဲ့ အလုပ်သဘောကိုယ်က လျှို့ဝှက်နေရတာ များတာကြောင့် သူတို့ လုပ်ဆောင်ချက် အပေါ်လည်း အစိုးရမှ မှတ်ချက်ပေးမှု နည်းပါတယ်။ ၁၉၈၀ လောက်က လန်ဒန်မြို့က အီရန် သံရုံးကို ဝင်တိုက်တဲ့ အဖွဲ့ကို အနုကြမ်းဝင်စစ်တဲ့ စစ်ဆင်ရေးပြီးတော့ ပိုလို့တောင် နာမည်ကြီးလာခဲ့ပါတယ်။

ဥရောပနဲ့ အာရှမှ နိုင်ငံများစွာဟာ SAS ကို စံနမူနာ အနေနဲ့ ထားပြီး အထူးတပ်ဖွဲ့များ လိုက်လံ ဖွဲ့စည်းပါတယ်။ SAS ဆိုတဲ့ အမည်တွဲနဲ့ နိုင်ငံအမည်ပါ ထည့်သွင်း ဖွဲ့စည်းပြီး ကနေဒါ၊ သြစတေးလျ၊ ဆွီဒင်တို့က တပ်တွေဆိုရင် ကမ္ဘာ့ အဆင့်တန်း ဝင်တဲ့အထိ ဖြစ်ခဲ့ ပါတယ်။ SAS အမည်ထည့်သွင်းပြီး ဖွဲ့တဲ့ နိုင်ငံအသီးသီးက တပ်များကိုလည်း ဗြိတိန် SAS မှ ပြန်လည် ကူညီ ပံ့ပိုးပေးခြင်း ဖြစ်ပါတယ်။

သူတို့က အမေရိကန် Navy SEAL တို့လို ဘက်စုံအထူးပြု တပ်ဖွဲ့ မဟုတ်ပါဘူး။ စစ်ပညာတော့ အစုံသင်ထားပေမယ့် တပ်ဖွဲ့ တစ်ဖွဲ့ရဲ့ ပါဝင်သူ တစ်ဦးချင်းစီမှာ ကျွမ်းကျင်မှု တစ်ခုစီ အထူးပြုထားပါတယ်။ ရေကြောင်း စစ်ဆင်ရေး ကျွမ်းကျင်သူ၊ ကုန်းကြောင်း ကျွမ်းကျင်သူ၊ လေကြောင်း ကျွမ်းကျင်သူများ အဖြစ် ခွဲထားပြီး ယင်းထဲမှာတောင်မှ စနိုပါ သမား၊ လက်နက်ကြီး သမား၊ စက်သမား အစရှိသဖြင့် အမျိုးမျိုး ထပ်ခွဲပါသေးတယ်။

သူတို့ဟာ အဖွဲ့လိုက် လုပ်ဆောင်ချက်ကြောင့် တစ်ဦးချင်းရဲ့ ကျွမ်းကျင်မှုဟာ အမြင့်ဆုံး အနေအထားသို့ ရောက်ရှိခဲ့ပြီး ကမ္ဘာကျော်လာခြင်း ဖြစ်ပါတယ်။

Ref: wikipedia
အောင်ခမ်း (ရိုးရာလေး)


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...