စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူတကာထက် သာလွန်နိုင်ပါစေ


လူတကာထက် သာလွန်ဖို့ရာ အလွန်ခက်ခဲလှယ်။ လူလူချင်းပြိုင်ဆိုင်မှု၊ မနာလိုဝန်တိုမှုတွေကို သာ လွန်ဖို့ပြောဆိုခြင်းမဟုတ်ပါ။ မိမိရဲ့စိတ်ဓာတ်ဟာ လူတကာထက် သည်းခံစိတ်တွေထားပြီး မြင့်မြတ်စွာ နေထိုင်ပြောဆိုဆက်ဆံရေးကိုသာ ရည်ညွှန်းရခြင်းဖြစ်ပါတယ်။

တချို့လူတွေဟာ တစ်ဦးကိုတစ်ဦး တွေ့ဆုံကြရုင် ‘နေထိုင်ကောင်းလား၊ ဝင်ငွေ၊ ထွက်ငွေမျှတမှုရှိ လား’ ဆိုပြီး ကြည်လင်တဲ့မေတ္တာဓာတ်တွေ စိမ့်ဝင်ပြီးမနောကောင်းလေးနဲ့မေးကြရင် ကောင်းမှာပါ။ တွေ့ကြရင် ရှေ့တန်းတင်တဲ့အကြောင်းက ကိုယ့်သား၊ သမီးတွေ ဘယ်နိုင်ငံရောက်နေတယ်။ ပို့တဲ့ ပစ္စည်းက ဘယ်လောက်တန်တယ်။ သားရေအိတ်ကအစ ဘယ်လောက်ဈေးကြီးကြောင်းသာ ပြောဆို နေကြတာကို သတိထားမိပါတယ်။

အဝတ်အစားတွေ၊ မိတ်ကပ်တွေ ‘ခေါင်းအစ ခြေအဆုံးထိ’ ဝတ်ဆင်စရာတွေ၊ တန်ဖိုးကြီးတာတွေသာ ပြိုင်ဆိုင်အလုအယက် ပြသကြပါတယ်။ တကယ်လို့သာ တွေ့ကြ၊ ဆုံကြချိန်မှာ စိတ်ကလေးအေးစေဖို့ ကိုယ့်မိသားစုနေထိုင်ရေးလေးတွေနဲ့ မျှတစွာစားသောက်ရေးကိုပြောပြီး တရားဘာဝနာအကြောင်း လေးပါ ပူးတွဲပြောဆိုရင် သိပ်တန်ဖိုးရှိမှာပါ။ အေးချမ်းစိမ်းလန်းတဲ့အမြဲစိမ်းသစ်တောလေး တစ်ခုလို ထာဝရလန်းဆန်းနေမှာကို တမ်းတမြင်ယောင်မိပါတယ် . . . ။

တကယ်တော့ ရွှေ၊ ငွေ၊ စိန်၊ တိုက်တာတွေဟာ ကိုယ်ပိုင်ပစ္စည်းမဟုတ်ပါ။ မမြဲတဲ့သင်္ခါရသဘောတွေ ပါပဲ။ တစ်နေ့ကျရင် အကုန်စွန့်လွှတ်ရစမြဲပါ။ ဒါကြောင့်ဘယ်အရာမဆို လွန်ကဲစွာ မမက်မောသင့်ပါ။ စိတ်ကိုနိုင်မှ ကိုယ့်လမ်းလေးဖြောင့်မတ်ပြီး လူတကာထက် မြင့်မြတ်သာလွန်မှာ မလွဲဧကန်ပါပဲရှင် . . .။

လူ့ဘဝမှာ လူတကာထင်မြင်ချက်က ကြီးကျယ်မြင့်မားတဲ့ ဧရာမတိုက်တွေ၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တ မြားတွေကိုသာ အထင်ကြီးချင်နေကြတာပါ။ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ ဆောင်ပုဒ်လေးအတိုင်း နေရာတိုင်း မှာရောင့်ရဲတင်းတိမ်စွာနေရခြင်းက လူတကာနဲ့ မတူဘဲ တစ်မူထူးကဲစွာ သာလွန်နိုင်မှာ မုချမလွဲပါ။

စာရေးသူမှာ ကိုယ်အမြဲဆွမ်းချိုင့်ပို့တဲ့ ကျောင်းလေးရှိပါတယ်။ တစ်နေ့မှာတော့ ခင်မင်တဲ့မိတ်ဆွေ တချို့က ကျွန်မဆွမ်းချိုင့်ပို့တဲ့ ကျောင်းလေးကိုလိုက်ခဲ့ချင်ကြောင်း ပြောလာပါတယ်။ ကျွန်မလည်း ခေါ်ခဲ့မိပါတယ်။ စိတ်ထဲမှာလည်း ကိုယ်တိုင်ဆွမ်းချိုင့်ပို့တာတစ်နှစ်ကျော်ပြီ။ အဲဒီကျောင်းကို မရောက် ဖူးလို့ဝမ်းသာစွာနဲ့ခေါ်ပြီး ပို့ခဲ့မိပါတယ်။ ကျောင်းရောက်တော့ သူတို့လည်းဆွမ်းချိုင့်လှူချင်ပါတယ်ပြော ပြီး ဆရာတော်ကိုလျှောက်ကြပါတယ်။ ကျွန်မကတော့ ဆွမ်းတစ်ချိုင့်မှ နှစ်ချိုင့်၊ သုံးချိုင့်ဖြစ်လာတဲ့အ တွက် ဝမ်းသာပီတိဖြစ်လို့ မဆုံးနိုင်ပါရှင်။

ဆွမ်းချိုင့်ပို့ပြီး ကျောင်းကအပြန်မှာတော့ ကျွန်မနဲ့အတူပါလာတဲ့ မိတ်ဆွေထဲက မိတ်ဆွေတစ်ဦးပြော လိုက်တဲ့စကားက ကျောင်းထိုင်ဆရာတော်က သူမဝတ်ထားတဲ့ ရွှေတွေကိုမြင်ပြီး သူချမ်းသာမှန်းသိလို့ ဂရုစိုက်ပြီး စကားတွေပြောလိုက်တာလို့ ဆိုပါတယ်။

ကျွန်မစိတ်ထဲမှာတော့ . . . သြော် . . . လူတွေ လူတွေ . . . ဆွမ်းချိုင့် လှူချင်တာထက် သူများကိုပြိုင် ဆိုင်ချင်စိတ်၊ အနိုင်ယူချင်တဲ့စိတ်တွေ သူ့ရင်ထဲမှာ ကိန်းအောင်းနေပါလားလို့ ကျွန်မတွေးလိုက်မိပါ တယ်။ သူများထက်သာလွန်ချင် စိတ်မှန်ပေမယ့် နည်းလမ်းကျတဲ့ သာလွန်ခြင်းမဟုတ်ပါ။ ပြင်မရတဲ့ သာလွန်ခြင်း အမှားပါပဲရှင် . . . ။

ကြောက်စရာကောင်းတဲ့ လူ့ဘဝကြီးမှာ ‘သတသမ္ပဇည’ ခေါ်တဲ့ သတိတရားနဲ့ အသိတရားရှိစေချင်ပါ တယ်။ အပြစ်မရှိတဲ့ အပြောမျိုး၊ အတွေးမျိုး လုပ်ရမယ်ဆိုတာ သတိထာသင့်ပါတယ်။ သမ္ပဇည အသိ တရားဆိုတာ ကိုယ်ပြောတဲ့အပြောဟာ အပြစ်ကင်းတဲ့ အပြောလား။ အပြစ်ရှိတဲ့ အပြောလား စဉ်းစား ဆင်ခြင်သင့်ပါတယ်။ သတိနဲ့အသိရှိနေရင် လူတကာထက်သာလွန်ပြီး လူဖြစ်ရကျိုးနပ်မှာပါ။

ဒါပေမဲ့ လူဖြစ်ရကျိုးနပ်အောင် လုပ်လို့ရပါသေးတယ်။ တစ်ဆင့်တက်ပြီး အမြတ်ရဖို့ အသိရှိအောင် လုပ်ရဦးမယ်။ ဘာဆက်လုပ်ရမလဲဆိုရင် သြော် . . . လူဆိုတာ ရုပ်၊ နာမ်နှစ်ခုပေါင်းစပ်ထားတာ ဖြစ် တယ်။ ‘လူ’၊ ‘သူ’၊ ‘ငါ’ ဆိုတာမရှိဘူး။ ယောက်ျား၊ မိန်းမဆိုတာလည်း မရှိဘူး။ ရုပ်၊ နာမ်သာ ထာဝရ ပြောင်းလဲနေတဲ့ သဘောသာဖြစ်တယ်။ သင်္ခါရမှန်သမျှ ဘယ်အရာမှ မမြဲဘူးဆိုတဲ့ အသိရှိဖို့လိုတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ မာနတွေ လျော့လာရင် ဆင်ခြင်တုံတရားက ဝင်လာမယ်။ လူဆိုတာတစ်နေ့ ကျရင်တော့ သေမှာပဲဆိုတဲ့ တရားစိတ်လေးနဲ့ သိဖို့လိုပါတယ်။

သိလိုက်တာနဲ့ တစ်ပြိုင်နက် ဘဝအပေါ်မှာ တွယ်တာမှုတွေနည်းသွားနိုင်မယ်။ ပစ္စည်းဥစ္စာ ပြိုင်ဆိုင်မှု တွေ၊ မိသားစုအပေါ် တွယ်တာမှုတွေ လျော့နည်းလာပါလိမ့်မယ်။ လျော့သွားတာနဲ့တစ်ပြိုင်နက် သော ကတွေကင်းဝေးပျောက်ကွယ်ကြမှာပါ။ အဲဒီတော့ ဒီဘဝငြိမ်းချမ်းမှုတွေ၊ အေးချမ်းမှုတွေရသွားမယ်။ လူဖြစ်ရကျိုးနပ်ပြီး လူတကာထက် စိတ်ဓာတ်သာလွန်နိုင်မယ်။ လူတိုင်းမျှတတဲ့ တရားသဘောလေး သိပြီး၊ လူတကာထက် ထူးကဲသာလွန်နိုင်ကြပါစေ။

မြင့်မြတ်တဲ့ ဘဝပိုင်ရှင်လေးတွေ ပေါ်ပေါက်လာနိုင်ပါစေလို့ ဆန္ဒပြုရင်း . . . ။

စံတော်ချိန်သတင်းစာ

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...