စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငါးများကို ပေါင်မုန့်ကျွေးရန် မသင့်တော်


                         
မြန်မာပြည်က နေရာ အတော်များများမှာ ငါးကန်များနဲ့ ချောင်းများမှာ ငါးများကို ပေါင်မုန့်ကျွေးလေ့ ရှိပါတယ်။ အမှန်တော့ ယင်းသို့ ကျွေးခြင်းဟာ ငါးရဲ့ ကျန်းမာရေးကို ပိုလို့ ထိခိုက်စေမှာ ဖြစ်ပါတယ်။

ပေါင်မုန့်တို့မှာ ငါးများအတွက် အစာအဟာရ ဖြစ်စေမယ့် ဓာတ်များ မပါဝင်သလောက် နည်းပါတယ်။ သူတို့အတွက် ဘာဓာတ်မှ မရရှိတာကြောင့် စာပြီးရင်း အားအင်ကုန်ခမ်းခြင်း၊ လူတွေလိုပဲ ဗိုက်ရစ်ဗိုက်နာခြင်းတို့ ဖြစ်ပြီး သေဆုံးရတဲ့အထိလည်း ဖြစ်တတ်ပါတယ်။ ဒါကလည်း ငါးအပေါ်မူတည်ပါတယ်။ သို့ပေမယ့် ယေဘုယျအားဖြင့် ငါးများကို ပေါင်မုန့် ကျွေးခွင့် နိုင်ငံတကာမှ မပေးထားပါဘူး။ ဗြိတိန်လို နိုင်ငံမှာဆိုရင် ချောင်းတွေ၊ ကန်တွေမှာ ငါးတွေကို ပေါင်မုန့်ကျွေးခြင်းအား တားမြစ်ထား ပါတယ်။

ယင်းဟာ ငါးများကို တစ်နည်းတစ်ဖုံနဲ့ ဆိုးကျိုးပေးတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယင်း အစား အခြား သင့်လျော်တဲ့ ငါး အစာများကို ကျွေးရန် တိုက်တွန်းထားပါတယ်။ ငါးများ အနေနဲ့ကတော့ ပေါင်မုန့် ကျွေးရင် စားသုံးပေမယ့် သူတို့အတွက် ဆိုးကျိုးပဲ ရရှိပါလိမ့်မယ်။

ဒါကြောင့်မို့ ငါးများကို ပေါင်မုန့် ကျွေးတဲ့ အလေ့အထဟာ ကုသိုလ်မဖြစ်ပဲ အကုသိုလ် ဖြစ်နိုင်တာကြောင့် သတင်းပေး ရေးသားလိုက်ရ ပါတယ်။

ဒီတော့ ငါးတွေကို ဘာကျွေးရမလဲ လို့ မေးသူများလည်း ရှိပါလိမ့်မယ်။ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ ကန်တွေမှာဆိုရင် ငါးကို ဘာမှ မကျွေးတာ ကောင်းပါတယ်။ အကြောင်းကတော့ သဘာဝအလျောက် ရေထဲမှာ၊ ရွှံ့နွံ့မှာ သူတို့အတွက် စားစရာတွေ ရှိနေပါလိမ့်မယ်။ ရေမော်ညှိကနေစလို့ တီကောင် အထိ သူတို့အတွက် စားစရာတွေ နည်းမှာ မဟုတ်ပါဘူး။ အကယ်၍ မဟုတ်ပဲ မိမိကျွေးချင်လို့ ပစ်ချလိုက်တဲ့ အစားအစာများက ရေကန်ကို ပိုလို့တောင် ညစ်နွမ်းစေပြီး ငါးတွေအတွက် ပိုလို့ ဆိုးကျိုး ဖြစ်စေပါလိမ့်မယ်။

သဘာဝအလျောက် ကန်မဟုတ်ပဲ ပြုပြင်ဖန်တီးထားတဲ့ အုတ်ကန်မှာဆိုရင် ငါးအပေါ်မူတည်လို့ ကျွေးရတာ ကွဲပါသေးတယ်။ ရွှေငါးဆိုရင် ငါးပဲလက် (Pullet) များကို ဈေးသက်သက်သက်သာသာနဲ့ ဝယ်ကျွေးနိုင်ပါတယ်။ လက်ကီး ငါး ဆိုရင် ရေခဲမစိမ်ရသေးတဲ့ ပုဇွန်စိမ်းတို့လိုဟာတွေ ကျွေးလို့ရပါတယ်။ ဒါပေမယ့် ငါးတစ်ကောင်အတွက် ပုဇွန်တစ်ပိဿ ကျွေးတယ်ဆိုတာဟာလည်း ဘုရားပေါ်မှာ ဆိုရင်တော့ အကုသိုလ်တစ်မျိုးပါပဲ။ ဒါကြောင့် ငါးများကို ကျွေးရန် စီမံထားတဲ့ အစားအစာများကို ကျွေးမွေးရန်သာ အကြံပြုလိုပါတယ်။

http://goo.gl/38BOlM

အောင်ခမ်း (ရိုးရာလေး) 


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...