စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရုပ်ရှင်ဇာတ်ကား ရုံတင်သောစနစ် ပြောင်းလဲတော့မည်


ရုပ်ရှင်ဇာတ်ကားများ တန်းစီပြသသည့်စနစ်ကို ယခုနှစ်ကုန်အထိသာ ကျင့်သုံးမည်ဖြစ်ပြီး လာမည့်နှစ်မှစတင်၍ ရုံတွဲစနစ်ဖြင့် ပြသနိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။
‘‘လောလောဆယ်တော့ ပြောင်းလဲလို့မရသေးဘူး။ ဒီနှစ်ကုန်အထိ ရုံတင်ဖို့တန်းစီထားတဲ့ ရုပ်ရှင်ဆယ်ကားလောက်ရှိသေးတယ်။ အဲဒါကြောင့် ၂၀၁၆ မှာ စနစ်ကို စတင်ပြောင်းလဲနိုင်မှာပါ’’ ဟု၎င်းက ပြောကြားသည်။

မေလ ၁၆ ရက်က ပြုလုပ်ခဲ့သော ရုပ်ရှင်အစည်းအရုံးတာဝန်ရှိသူများ၊ ထုတ်လုပ်ဖြန့်ချိနှင့် ရုံပိုင်ရှင်များ၏ ဆွေးနွေးပွဲတွင် အထက်ပါအချက်ကို သဘောတူညီမှု ရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။
ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ပြည်ထောင်စုဝန် ကြီး ဦးရဲထွဋ်ကလည်း ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မေလ ၁၆ ရက်ညက ‘‘အဓိက ဆွေးနွေးတာကတော့ ရုပ်ရှင်ကားတစ်ကားကို ရိုက်ပြီးရင် ပြသနိုင်ဖို့အတွက်တစ်နှစ်ခွဲ၊ ၂ နှစ်လောက် စောင့်နေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ဖို့ ရန်ကုန်မြို့လယ်သာမက မြို့ပြင် မြို့နယ်များမှာပါ၊ အခြားမြို့နယ်များမှာပါ နောက်ထပ်ရုပ်ရှင်ရုံ အ သစ်တွေ ပေါ်ထွက်လာနိုင်ဖို့ဖြစ်ပါတယ်။

ရုံပိုင်ရှင်တွေ၊ ထုတ်လုပ် သူတွေအားလုံးမှာ အခက်အခဲတွေရှိသလို မြင်ရ၊ မမြင်ရတဲ့ အကျိုးစီးပွားတွေကလည်း ရှိနေပါတယ်။ အားလုံးပွင့်ပွင့်လင်းလင်းနဲ့အကြိတ်အနယ်ဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံးတော့ ရုံပြိုင်ပြနိုင်မယ့် စနစ်တစ်ခုကို ကျွန်တော်တို့အားလုံး သဘောတူနိုင်ခဲ့ပါတယ်’’ဟု ရေးသားထားသည်။
ရုံတွဲစနစ်နှင့်ပြသရာတွင် အေရုံတွဲ၊ ဘီရုံတွဲခွဲ၍ ပြသရမည် ဖြစ်ပြီး အေရုံတွဲ၊ ဘီရုံတွဲတွင် ပါဝင်မည့် ရုပ်ရှင်ရုံများကို မေလ ၁၇ ရက်တွင် ထုတ်ပြန်မည်ဟု ဆိုသည်။

http://7daydaily.com/story/37427 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...