စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘင်္ဂါလီ ၇၀၀ ကျော်ပါ ငါးဖမ်းစက်လှေကို မြန်မာ့ပင်လယ်ပြင်တွင် ထပ်မံဖမ်းမိ

မြန်မာ့ပင်လယ်ပြင်ပိုင်နက်အတွင်း မေ ၂၉ ရက် နံနက်ပိုင်းက ဖမ်းမိသောဘင်္ဂါလီ ၇၀၀ ကျော်ပါ ငါးဖမ်းစက်လှေတစ်စီး(ဓာတ်ပုံ - MOI)
 
 ဖျာပုံမြို့နှင့်ထိစပ်နေ သည့် မြန်မာ့ပင်လယ်ပြင်ပိုင်နက် အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများစုပါသည့် ဘင်္ဂါလီ ၇၀၀ ကျော်စီးနင်းလာသော ငါးဖမ်းစက်လှေကို  တပ်မတော်(ရေ)က ထပ်မံဖမ်းဆီးနိုင်ခဲ့သဖြင့် လှေစီး ဒုက္ခသည်များနှင့်ပတ်သက်၍ ဖိ အားပေးမှုများကို မြန်မာအစိုးရ အနေဖြင့် လက်မခံကြောင်း သမ္မ တရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး ကပြောကြားသည်။

မေလ ၂၉ ရက် နံနက်က ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာ အုပ်စု ဓမင်းဆိပ်ကျေးရွာ အရှေ့ ဘက်ရေမိုင် ၃၀ ခန့်အကွာ မြန် မာ့ရေပိုင်နက်ပင်လယ်ပြင်တွင် ဘင်္ဂါလီလူမျိုး ၇၂၇ ဦး လိုက်ပါ လာသည့်စက်လှေတစ်စီးကို တပ် မတော်(ရေ)က ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ မေလ ၂၁ ရက်က လည်းမောင်တောမြို့အနီး  ပင် လယ်ပြင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ၂၀၀ ကျော်ကို ဖမ်းမိခဲ့သော ကြောင့်  ကိုးရက်အတွင်းဘင်္ဂလား ဒေ့ရှ်နိုင်ငံသားအများစုပါဝင်သည့်  လှေစီးဒုက္ခသည်  ၉၀၀ ကျော် ဖမ်း ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

‘‘ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အ များစုပါတယ်။ အကြမ်းဖျင်းက တော့ ဘင်္ဂါလီဖြစ်တယ်။ ကျွန် တော်တို့ အရင်တစ်ခါ ၂၀၀ကျော် ဖမ်းမိသလိုပဲ။ ဒီဟာတွေရဲ့ ဇာစ် မြစ်က ဘင်္ဂလားဒေ့ရှ်ဖြစ်တယ် ပေါ့။ အဲဒီတော့ နိုင်ငံတကာက ပြောနေတာတွေကို နှုတ်နဲ့ဖြေရှင်း တာထက် လက်တွေ့ဒီမှာမဟုတ် ဘူးဆိုတာ ပေါ်လွင်နေပြီ’’ဟု ဦး ဇော်ဌေးကပြောကြားသည်။

မေလ ၂၉ ရက်က ဖမ်းမိ သည့် သင်္ဘောပေါ်တွင် ဘင်္ဂါလီ အမျိုးသား ၆၀၈ ဦး၊ အမျိုးသမီး ၇၄ ဦးနှင့် ကလေးငယ် ၄၅ ဦးပါ ၀င်ပြီး ၎င်းတို့ကို ဟိုင်းကြီးကျွန်း တွင်ထား၍ စစ်ဆေးမည်ဖြစ်ကာ ပြီးစီးပါက လုပ်ထုံးလုပ်နည်းများ နှင့်အညီ မူရင်းနိုင်ငံသို့လွှဲပြောင်း ပေးအပ်မည်ဖြစ်ကြောင်း အစိုးရ က မေလ ၂၉ ရက်ညတွင်သတင်း ထုတ်ပြန်ခဲ့သည်။

လှေစီးဒုက္ခသည်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပါအ ၀င် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကိုယ် စားလှယ်များ ထိုင်းနိုင်ငံတွင်မေလ ၂၉ ရက်၌ ဆွေးနွေးခဲ့ကြသည်။ ယင်းဆွေးနွေးပွဲ၌ ကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ် ဖိအားပေးမှု များကို မြန်မာအစိုးရကိုယ်စား လှယ်က ပြင်းပြင်းထန်ထန်ဆန့် ကျင်ခဲ့ကြောင်း ဦးဇော်ဌေးက 7 Day Daily အားပြောကြားသည်။

http://7daydaily.com/story/38368

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...