စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျွန်တော်သိတဲ့ " လူ " အကြောင်း


လောကမှာ ဖြစ်လာတဲ့ လူမှန်သမျှ အသုံးမကျတဲ့ သူရယ်လို့ တစ်ယောက်မှ မရှိပါဘူး။ ဘယ်သူမဆို တစ်နေရာ မဟုတ်တစ်နေရာ သူ့နေရာနဲ့သူ အသုံးကျနေပါတယ်။ အဖြူအမဲ အသားအရောင်အပေါ်၊ ဆင်းရဲ ချမ်းသာအပေါ်၊ ခင်မင်မှု အတိုင်းအတာအပေါ်၊ လုပ်ရည်ကိုင်ရည်အပေါ် ခွဲခြားဆက်ဆံ စရာမလို မိမိကိုယ်တိုင် လူတစ်ယောက်လို ဆက်ဆံတတ်ဖို့ဘဲ လိုပါတယ်။

အဖေထမ်းရတဲ့ မိသားစု တာဝန်ကို အမေမထမ်းနိုင်သလို အမေ ယူထားတဲ့ မိသားစုတာဝန်ကိုလည်း အဖေ မယူနိုင်ပါဘူး။ ဆရာဝန်က လမ်းတံတားမဆောက်နိုင်သလို အင်ဂျင်နီယာက ဆေးမကုသနိုင်လို့ဆိုပြီး အပြစ်ပြောလို့ မရပါဘူး။ သူဋ္ဌေးဖြစ်သူက စည်းကမ်းတွေ ထုတ်ပြီး တိုးတက်အောင် လုပ်နေရသလို ဝန်ထမ်း ဖြစ်သူတွေကလည်း စည်းကမ်းလိုက်နာရင်း ကုမ္ပဏီတိုးတက်အောင် ကြိုပမ်းနေကြရတယ်။ နားလည်မှုနဲ့ပါ။ နားလည်မှု ညီညွတ်မှုမရှိရင် ငှက်တွေ အသိုက်ပျက်ကြသလို လူတို့ အဖွဲ့အစည်းတစ်ခု ပျက်စီးရတာပါပဲ။

လူ၏ဘဝရုပ်ပုံလွှာဟာ ကံသုံပါးအပေါ် တည်မှီလို့ ဖြစ်ထွန်းပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။ ဝစီကံမှု၊ မနောကံမှု၊ ကာယကံမှုတို့ကို ပရမ်းပတာ ပွင့်အန်ပေါက်ကွဲမှု ပေးလိုက်မိရာမှာ ဘဝတစ်ခုလုံး ကသောင်းကနင်း ကတိမ်းကပါး ဖြစ်သွားသူ ဒုနဲ့ဒေး ပေါများပါတယ်။

မိမိရဲ့ အတွေး၊ နှုတ်၊ အမူအယာတို့ကို သတိပြု ဆင်ခြင်ကာ ရေပွက်ပမာ လူဖြစ်ရ တခဏအတွင်း ရုပ်လှ စိတ်လှဖြင့် လူတိုင်း လူတိုင်းကို တန်ဖိုးထားဆက်ဆံရင်း နောက်ဆုံးထွက်ခွာရက် ကျရောက်ချိန်မှာ အပြုံးနဲ့ နှုတ်ဆက်ထားခဲ့နိုင်ဖို့ ရည်ရွယ်တင်ပြပေးလိုက်ပါတယ်။


စုစည်းတင်ပြသူ - LILY
Yangon Life

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...