စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လေယာဉ်နဲ့ခရီးသွားရင် ဒါတွေ သတိထား


နေ့စဉ်ကမ္ဘာတစ်လွှားမှာ လေယာဉ်ကိုအသုံးပြုပြီး ခရီးသွားလာနေသူများစွာ ရှိမှာဖြစ်ပါတယ်။ လေယာဉ်နဲ့ ခရီးတစ်ကြိမ်ထွက်လိုက်တိုင်းမှာ သင်နဲ့အတူ ဘက်တီးရီးယားပိုးသန်းပေါင်းမျာစွာ ပါလာတက်တာကို သင်သိပါရဲ့လား။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့လေ့လာချက်အရ အားလပ်ရက်မှာလေယာဉ်နဲ့ ခရီးထွက်ပြီးပြန်လာရင် နေထိုင်မကောင်းဖြစ်လေ့ရှိတဲ့အကြောင်းက သင့်ရဲ့ခန္ဓာကိုယ်ပေါ်နဲ့ ခရီးဆောင်သတ္တာထဲမှာ ဘက်တီးရီးယား ပိုးမွှားပေါင်း သန်း ၈၀ လောက်ကပ်ငြိပါလာတက်လို့ဖြစ်ပါတယ်။ 

ပျှမ်းမျှအားဖြင့်တော့ သင်ခရီးထွက်တဲ့အခါ သင့်ရဲ့ခရီးဆောင်အိတ်ကို ခရီးဆောင်အိတ်သယ်ပေးသူ လေးယောက်၊ တက္ကစီဒရိုင်ဘာနှစ်ယောက်၊ ဟိုတယ်ဝန်ထမ်းတစ်ယောက်နဲ့ လေယာဉ်ဝန်ထမ်းတစ်ဦးတို့က ကိုင်တွယ်ထိတွေ့ရမှာဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေ သင့်ရဲ့ခရီးဆောင်အိတ်ကို ကိုင်တွယ်လိုက်ခြင်းဟာ ဘက်တီးရီးယားမျိုးပေါင်း ၁၀ သန်းကျော်လောက် ရောက်လာတာနဲ့ တူပါတယ်။ လေယာဉ်ပေါ်ရောက်တဲ့အခါ ထိုင်ခုံမှာရှိတဲ့ခါးပတ်မှာလည်း ဘက်တီးရီးယားပိုးမွားပေါင်းများစွာ ရှိနေပါတယ်။ လူပေါင်းများစွာရဲ့ လက်ပေါင်းများစွာနဲ့ ကိုင်တွယ်ထားတဲ့ ခါးပတ်တွေဟာ ဘက်တီးရီးယားပိုးမွှားပေါင်း များစွာရှိနေမှာဖြစ်ပါတယ်။

ဒီလိုလေယာဉ်နဲ့ခရီးထွက်တဲ့အခါ သင်နဲ့အတူပါလာတဲ့ ဘက်တီးရီးယားတွေကေ သင့်ကိုနေထိုင်မကောင်းဖြစ်စေမှာ သေချာပါတယ်။ လေယာဉ်ရဲ့ သန့်ရှင်းရေးဝန်ထမ်းတွေကလည်း ခရီးအသွားအပြန်အတွက် အချိန်လုနေရတာကြောင့် လေယာဉ်တစ်ခုလုံးကို သန့်ရှင်းဖို့ အချိန် အလုံအလောက် ရလေ့မရှိပါဘူး။ အထူးသဖြင့်တော့ အစားအသောက်တွေ တင်စားတဲ့ ထိုင်ခုံရှေ့က ဗန်းတွေဟာလည်း လေယာဉ်မှာသန့်ရှင်းမှု အားအနည်းဆုံးနေရာတွေဖြစ်ပါတယ်။ တစ်ချို့ခရီးသည်တွေဟာ အစားအသောက်တင်ဖို့ ထားတဲ့စားပွဲတွေပေါ်မှာ လက်သည်းညှပ်တာမျိုး လုပ်တက်ကြပါတယ်။

PlanetMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...