စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြိုက်နှစ်သက်တဲ့ ဘာသာပြန်ထားသောစကားစုများ



၁။ အသက်ရှိစဉ်တုန်းက အချိန်အများကြီး ရှိသေးတယ်လို့ အမြဲယူဆနေတတ်တယ်။ အမှန်တော့ လူ့ဘ၀ဟာ အနူတ်လက္ခဏာ ပါ။ တစ်ခါတွေ့ရင် တစ်ခါ အခွင့်အရေး လျှော့သွားပါတယ်။ ဒါကြောင့် ဘ၀မှာ တွေ့ဆုံရတဲ့ လူတွေကို တန်ဖိုးထားပါ။

၂။ အခြားလူတွေ သင့်ကိုဘယ်လိုမြင်တယ်ဆိုတာ သင်နဲ့ မသက်ဆိုင်ပါဘူး၊ သင်ဘယ်လို အသက်ရှင် ရပ်တည်ချင်တယ်ဆိုတာလည်း အခြားသူတွေနဲ့ မသက်ဆိုင်ပါဘူး။

၃။ မျက်နာတို့၊ ဂုဏ်တို့ ဆိုတာ တစ်ပိသာ ဘယ်လောက်တန်လို့လဲ၊ သင်ဘာလို့ သူများအမြင်ကို အဲလောက် ဂရုစိုက်နေရမှာလဲ။

၎။ တစ်ရက်ရက်ကျရင် သင်နားလည်လက္ခံလာပါလိမ့်မယ်။ စိတ်ရင်းခံ ကောင်းမွန်ခြင်းဟာ ဥာဏ်ထက်မြက်ခြင်းထက် များစွားအရေးကြီးပါတယ်။ ဥာဏ်ထက်မြက်ခြင်းဟာ မွေးရာပါ ဖြစ်တတ်ပြီး စိတ်ရင်းခံကောင်းမွန်ခြင်းဟာ ရွှေးချယ်မူ ကြောင့် ဖြစ်တတ်ပါတယ်။

၅။ ခေါ်လည်းမခေါ်ဘူး၊ မေးလည်းမမေးဘူး ဆိုတာ မေ့သွားတာ ဟုတ်ချင်မှဟုတ်မှာပါ။ ဒါပေမဲ့ ဝေးသွားတာတော့ သေချာပါတယ်။ အဲဒီအနေအထားမျိုးမှာ ပြန်လည်ဆက်သွယ်ဖို့ တောင်မှ သတ္တိလိုတတ်တယ်။

၆။ စိတ်ထိခိုက်နေတဲ့ အခါမျိုး၊ စိတ်ပျက်နေတဲ့ အခါမျိုး၊ စိတ်ရူတ်နေတဲ့ အခါမျိုး မှာ သင်ချစ်တဲ့ လူတွေကို ထိခိုက်တဲ့ စကား မဆိုမိပါစေနဲ့။

၇။ တခါတလေ အဲဒီလူကို စိတ်ထဲမှာ ခွင့်လွတ်ပြီးသား၊ ဒါပေမဲ့ မပျော်ရွှင်နိုင်ဘူး ဖြစ်နေတတ်တယ်။ အဲဒါဘာကြောင့်လဲ ဆိုတော့ ကိုယ့်ကိုကို ခွင့်လွတ်ဖို့ မေ့နေသေးလို့ပါ။

၈။ “ မိုက်တယ် ” ဆိုတာ သင်လူအများကြီး နဲ့ခင်မင် သိကျွမ်း တာမဟုတ်ပါ။ သင်ဒုက္ခကျရောက်တဲ့ အချိန်မှာ သင့်ကို လူအများကြီး ဆက်ခင်နေသေးတာကို ဆိုလိုတာပါ။

Credit: Sayar Aung Ko Latt

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...