





ဘင်္ဂလားဒေရှ့်နိုင်ငံသား ၂၀၀ခန့်တင်ဆောင်လာသည့် စက်လှေတစီး အား မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ အနောက်ဖက် ၄မိုင်အကွာ တွင် ယမန်နေ့ညနေ ၃ နာရီခွဲခန့်က မြန်မာ့ရေတပ်က ဖမ်းဆီးရ မိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အဆိုပါ သူများကို သယ်ဆောင်လာသည့် စက်လှေမှာ ထိုင်းနိုင်ငံ ရနောင်းမြို့နေ အူမင်ဆို သူပိုင်ဆိုပြီး ပြီးခဲ့သည့် ဧပြီလ (၈)ရက်နေ့ကတည်းက ရနောင်းမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်သို့ထွက်ခွာခဲ့ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံသားများကို သယ်ဆောင်ခဲ့ကြောင်း၊
ယခုအခါ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့တွင် ပင်လယ်ပြင်စစ်ဆေးမှုများ ပြုလုပ်နေသဖြင့် မေလ ၁၅ရက်နေ့ က နောက်ကြောင်း ပြန်လှည့်စဉ် မြန်မာ့ရေပိုင်နက်သို့ ရောက်ရှိပြီး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ စက်လှေပေါ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၂၀၈)ဦးပါရှိရာ အသက် ၁၄ နှစ်ခန့် ၁၀ ဦးခန့်နှင့် ကျန်လူများမှာ အသက် ၃၀နှင့် ၄၀ ကြားဖြစ်ကြောင်း၊ ၎င်းတို့မှာ ကော့ဘဇား၊ စစ်တကောင်း၊ ဒါကာမြောက်ခြမ်းတွင် နေထိုင်သူ များ ဖြစ်ကြောင်း၊ လှေသမား(၉)ဦးနှင့် စကားပြန် ဘင်္ဂလီ (၂)ဦး ပါဝင်ပြီး စုစုပေါင်း (၂၁၉)ဦး ပါဝင်ကြောင်း၊
ကျန်စက်လှေတစီးမှာ စားနပ်ရိက္ခာ လိုက်ပို့ပေးခြင်းဖြစ်ပြီး မြိတ်မြို့မှ ကိုခိုင်ဆိုသူ ပိုင်ဆိုင်ကြောင်း၊ ယခုအခါ အဆိုပါ ဘင်္ဂလီများကို အလယ်သံကျော်ကျေးရွာရှိ အာရ်ဗီကျောင်းတွင် ရခိုင်ပြည်နယ် အစိုးရမှ ယာယီ စခန်းဖွင့်ကာ လိုအပ်သော လူသားချင်းစာနာမှု အကူအညီ များ ဆောင် ရွက်ပေးခြင်းနှင့် လိုအပ်သော စိစစ်မှုများ စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ဖော်ပြထားသည်။
No comments:
Post a Comment