စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရွှေငါးလေးအတွက် ဘီးတပ်ကုလားထိုင် တီထွင်ပေးခဲ့သူ



အလှမွေးငါးချစ်တက်သူ ကောင်လေးတစ်ဦးရဲ့ ဆန်းပြားတဲ့စိတ်ကူးစိတ်သန်းနဲ့အတူ သူ့မှာရှိတဲ့ အလှမွေးရွှေငါးလေးရဲ့အသက်ကို ပိုက်ဆံမကုန်ပဲ ကယ်တင်နိုင်ခဲ့ပါတယ်။ အလှမွေးတိရိစ္ဆာန်ဖြစ်ပေမယ့် ရွှေငါးလေးအပေါ် ထားရှိတဲ့သူ့ရဲ့စေတနာကြောင့်လည်း ဒီဖြစ်ရပ်ဟာ အင်တာနက် လူမှုကွန်ယက်မှာ ချက်ခြင်းနာမည်ကြီးလာရတာပါ။

ရေပေါ်မှာ မကူးနိုင်ပဲ နာမကျန်းဖြစ်နေတဲ့ ရွှေငါးလေးကို ပိုင်ဆိုင်ထားသူ လူငယ်လေးက ရွှေငါးလေးအတွက် ရေပေါ်မှာ ပေါ်နိုင်တဲ့ကိရိယာတစ်ခုတီထွင်ပေးခဲ့ပါတယ်။ ကိရိယာဆိုပေမယ့် ဘာခေတ်မီနည်းပညာမှ ပါဝင်တာ မဟုတ်ပါဘူး။ ရေထဲမကူးနိုင်ပဲ ဖြစ်နေတဲ့ ရွှေငါးလေးကို တိပ်နဲ့ပတ်တီးစီးပေးကာ ရေပေါ်မှာ ပေါ့ပါးစေဖို့အတွက် ဖော့တုံးလေးတစ်ခု တပ်ဆင်ပေးလိုက်တာဖြစ်ပါတယ်။ အရင်က ရေမကူးနိုင်ပဲ ဖြစ်နေခဲ့ရတဲ့ ရွှေငါးလေးဟာ ဒီကိရိယာ အကူအညီနဲ့ အခုရေကူးနိုင်နေပြီဖြစ်ပါတယ်။

အင်တာနက်အသုံးပြုသူတွေကတော့ ဒီကိရိယာကို ရွှေငါးဘီးတပ်ကုလားထိုင်လို့ ခေါ်နေကြပါတယ်။ တစ်ခါတရံမှာ ကိုယ်ချစ်တဲ့ အိမ်မွေးတိရိစ္ဆာန်တွေရဲ့ အသက်ကို ကယ်ဆယ်ဖို့ ခေတ်မီကိရိယာထက် စိတ်ကူးဥာဏ်ဆန်းသစ်ဖို့သာ အရေးကြီးကြောင်း ဒီအဖြစ်က သက်သေပြနေပါတယ်။

PlanetMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...