

အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ နှစ်စဉ် ကိုယ်ပိုင်ငွေစာရင်းရှင်းတမ်း ထုတ်ပြန်ချက်အရ ဘဏ်စုငွေမှာ ဒေါ်လာ ၁၀၀၁ သာ ရှိကြောင်း သိရသည်။ ဝေဖန်သူများက သမ္မတနှင့် သမ္မတကတော်တို့သည် သမီး ၂ ယောက်၏ ကျောင်းစရိတ်အတွက် ဒေါ်လာ ၂ သိန်းနှင့် ၄ သိန်းကြား သုံးနေကြရသောကြောင့် ဖြစ်မည်ဟု ခန့်မှန်းနေကြသည်။
စာရင်းရှင်းတမ်းအရ အိုဘားမားတွင် ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၇ သန်းနီးပါး ရှိကြောင်း သိရသည်။ ၂၀၀၇ ခုနှစ်တွင် ၁ ဒသမ ၃ သန်းသာ ပိုင်ဆိုင်မှုတန်ဖိုးရှိခဲ့သောကြောင့် ယခုပိုင်ဆိုင်မှုတန်ဖိုး ၄၃၈ ရာခိုင်နှုန်း ခုန်တက်သွားခြင်းဖြစ်သည်။ အမေရိကန်သမ္မတ၏ လစာမှာ ဒေါ်လာ ၄ သိန်းဖြစ်ပြီး အထွေထွေသုံး ၅ သောင်း၊ ခရီးသွားစရိတ် ၁ သိန်း၊ အပျော်အပါး ၁၉၀၀၀ ပေးသုံးသည်။
irrawaddy
https://www.facebook.com/searchmyanmar/posts/893108550732083
No comments:
Post a Comment