စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမျိုးသားနဲ့ အမျိုးသမီးတို့ လေးနက်တဲ့ စကားပြောရန် အချိန်



အမျိုးသားများနဲ့ လေးလေးနက်နက်စကားတွေ ပြောချင်တယ်ဆိုရင် ညနေ ၈ နာရီ ၁၅ မိနစ် အချိန်က အကောင်းဆုံး အချိန် ဖြစ်ကြောင်း ဗြိတိန်ရှိ သုတေသန ပြုလုပ်အဖွဲ့တစ်ခုက ထုတ်ပြန်ပါတယ်။ ယင်းဟာ အမျိုးသား တစ်ထောင်၊ အမျိုးသမိး တစ်ထောင်ကို စစ်တမ်းကောက်ပြီးတော့ အများစု ပြောတဲ့ အချိန်ကို ထောက်ခံယူထားခြင်း ဖြစ်ပါတယ်။

၃၀ ရာခိုင်နှုန်းအထပ်သော ယောင်္ကျားများက ၈နာရီ ၁၅ အချိန်မှာ လေးလေးနက်နက် စကားအတွက် အချိန်ပေး၊ တွေးစရာ ပေးပြီး ညစာ စားနေချိန်နဲ့ ကားမောင်းနေတဲ့အချိန်တွေမှာလည်း လေးနက်တဲ့ စကားများကို ပြောဆိုရန် အဆင်သင့်ရှိနေကြကြောင်း ဆိုပါတယ်။ စစ်တမ်းအရ ၅၀ ရာခိုင်နှုန်းသော အမျိုးသားများရဲ့ အမျိုးသမီးဆီမှ ကြားရ အကြောက်ဆုံး စကားက "We need to talk", (ပြောစရာရှိလို့) ဆိုတဲ့ စကား ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီး အများစုဟာ မနက်ပိုင်း ၈ နာရီ ၁၅ မိနစ် အချိန်ခန့်က လေးနက်တဲ့ စကားများကို ပြောဖို့ ဆန္ဒ ရှိတဲ့ အချိန်ဖြစ်ကြောင်းလည်း လေ့လာတွေ့ရှိပါတယ်။ ဒါ့အပြင် အမျိုးသမိးတို့ အမျိုးသားများဆီကနေ မကြားချင်တဲ့ စကား အနေနဲ့ "Is everything ok?" (စစရာရာ အဆင်ပြေရဲ့လား) ဆိုတဲ့ စကား ဖြစ်ပါတယ်။

စစ်တမ်းကောက်ယူထားမှုက ပျမ်းမျှဖြင့် ယူထားခြင်း ဖြစ်ပြီး အားလုံး တူနေမှာတော့ မဟုတ်ပါဘူး။ ချစ်ချစ်ခင်၊ တစ်ဦးပေါ် တစ်ဦး နားလည်တတ်တဲ့ လင်မယားများအတွက်ကတော့ အခြေအနေ အချိန်ခါပေါ်မူတည်ပြီး လေးနက်တဲ့ စကားတွေ ပြောဆိုကြပါတယ်။
.
Ref: metro
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...