စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တစ်ကျောင်းတည်း တက်ခဲ့သူတွေရဲ့ မင်္ဂလာပွဲ


လက်ထပ်မင်္ဂလာပွဲ အမျိုးမျိုးရှိတဲ့ အနက် တရုတ်နိုင်ငံ၊ ဆီချွန်ဒေသမှာ ရှိတဲ့ စီပွားရေး တက္ကသိုလ် တစ်ခုက ဦးစီးကျင်းပတဲ့ ပွဲကတော့ အခြားပွဲတွေနဲ့ မတူဘဲ ကွဲပြား ခြားနားနေခဲ့ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ထပ် မင်္ဂလာပွဲမှာ ပါဝင်ခဲ့သူတွေ အားလုံးဟာ ကျောင်းကြီးမှာ ပညာ သင်ကြားသွားတဲ့ ကျောင်းသူ၊ ကျောင်းသားဟောင်းတွေ ဖြစ်နေတာကြောင့် ပါပဲ။ 


စုံတွဲပေါင်း (၈၆) တွဲရှိပြီး အားလုံးဟာ ဒီကျောင်းကြီးမှာ တက်ရောက် ခဲ့သူတွေ ဖြစ်ပြီး လက်ထပ် မင်္ဂလာပွဲကိုလည်း ကျောင်းကြီး အတွင်းမှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။ တက္ကသိုလ်ကျောင်း တည်ထောင်ခဲ့တာ နှစ်ပေါင်း (၉၀) ပြည့် အခမ်းအနားကို ဂုဏ်ပြုတဲ့ အနေနဲ့ တက်ရောက် သင်ယူခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားဟောင်းတွေ လက်ထပ်တဲ့ အခမ်းအနားကို ပြုလုပ်ပေး ခဲ့ခြင်း ဖြစ်ပါတယ်။ 

လက်ထပ်ပွဲပါဝင် ဆင်နွှဲသူ တစ်ဦးက မိမိ အနေဖြင့် ကျောင်းသား ဘ၀ ကတည်းက ဇနီးဖြစ်သူကို စွဲလမ်းခဲ့ကြောင်း၊ လွန်ခဲ့တဲ့ နှစ်တွေ က အဖြစ်အပျက်တွေကို လွမ်းဆွတ် သတိရလို ဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

 အခြားသူ တစ်ဦးကလည်း မိမိတို့ အသက်များမှာ ငယ်ရွယ်ခြင်း မရှိတော့ သော်လည်း ကံကောင်းခဲ့ကြောင်း၊ ကျောင်းနေဘက် ချစ်သူဖြစ်သူနဲ့ ခုနစ်နှစ်ကြာ လက်တွဲခဲ့ ပြီးနောက် နောက်ဆုံးမှာ လက်ထပ်ခွင့်ရ လိုက်ကြောင်း ပြောကြားခဲ့ ပါတယ်။

Messenger


https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...