စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရုပ်ပွားဆင်းတုတော် ကိုးကွယ်ပူဇော်ခြင်းဧ။် အကျိုး “

     
ဗုဒ္ဓဘာသာဝင်တိုင်း မိမိတို့အိမ်တွင် ရုပ်ပွားဆင်းတုတော်များ ထားရှိကိုးကွယ် ထားကြသည် ။
ယင်းကဲ့သို့ ကိုးကွယ်ရသည့် အကြောင်းရင်းနှင့် ရုပ်ပွားတော်များ စ၍ဖြစ်ပေါ်လာပုံကို သိရှိထားသင့်ပေသည် ။

– ဂေါတမ ဘုရားရှင် သာဝတ္တိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး စမ္ပာယ်တော်မူစဉ်က ဖြစ်ပါတယ် ။တစ်နေ့သောအခါ သာဝတ္တိပြည့်ရှင် ဘုရင် ပသေနဒီကောသလမင်းကြီးဟာ မှူးမတ်ဗိုလ်ပါတို့နှင့်တကွ ကျောင်းတော်သို့ဘုရားရှင်အား ဖူးတွေ့ရန် ရောက်လာတဲ့အချိန်မှာ ၊ ဘုရားရှင် ဒေသစာရီ ကြွချီတော်မူတဲ့အချိန် ဖြစ်လို့ မဖူးတွေ့ရဘဲ ပြန်သွားရပါတယ် ။

မြတ်စွာဘုရားရှင် ပြန်ကြွလာတာ သိရှိရလို့ တစ်ခါပြန်လာပြီး ရှိခိုးပူဇော်တဲ့ အခါမှာတော့ –
” အရှင်မြတ်ဘုရား ဒေသစာရီ ကြွချီတော် မူစဉ်တွင် လူအများမှာ ဖူးတွေ့ချင်သော်လည်း မတွေ့နိုင်ပါသဖြင့် ကောင်းမှုကုသိုလ်များကိုမပြုလုပ်နိုင် ဖြစ်ရပါသည် ၊ သို့အတွက် အရှင်မြတ်ဧ။်ကိုယ်စား ရုပ်ပွားဆင်းတုတော်ကို ထုလုပ်ကိုးကွယ် ပူဇော်လိုပါသည် ခွင့်ပြုတော်မူပါ ”
ဆိုပြီး တောင်းပန်လျှောက်ထားလာပါတယ်

ဒီအခါမှာ ဘုရားရှင်က သာဓုခေါ်တော်မူပြီး ” မြတ်သောမင်းကြီး, ရှေးဘုရားများဧ။် ရုပ်တု ဆင်းတုတော်တို့ကိုလည်း ကိုးကွယ်ကုန်ဧ။်။ရုပ်ပွားဆင်းတုတော်တို့ကို ထု၍၊ သွန်း၍၊ ကိုးကွယ်အပ်ကုန်ဧ။်။ ထို့ကြောင့် သဒ္ဓာ၊ ပညာ၊ ဝီရိယ နှင့် ပြည့်စုံ၍ ၊ ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော
အစီးအပွားတို့ကို သိမြင်ကုန်သော မင်း၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊ သူဆင်းရဲ၊ ယောက်ျား၊ မိန်းမတို့သည် မိမိတို့တတ်စွမ်းသည့် အားလျော်စွာရွှေဖြင့်လည်းကောင်း၊ ငွေဖြင့်လည်းကောင်း၊ ပတ္တမြားဖြင့်လည်းကောင်း၊ ကြေးဖြင့်လည်းကောင်း၊ သံဖြင့်လည်းကောင်း၊ ခဲဖြင့်လည်းကောင်း၊
သစ်သားဖြင့်လည်းကောင်း၊ ကျောက်ဖြင့်လည်းကောင်း၊ အဆင်းလှသောဆေးဖြင့်လည်းကောင်း သွန်းသော်လည်း သွန်းရာဧ။်၊ ထုသော်လည်းထုရဧ။်၊ ရေးသော်လည်းရေးရာဧ။် ။ ထိုသို့ သွန်း၊ ထု၊ ရေးရာ၌ ငါဘုရား ဗောဓိပင်နှင့် ရွှေပလ္လင်မှာ မာရ်စစ်သည်တို့ကို အောင်တော်မူဟန်ကိုလည်းကောင်း၊
အနိမိသ၌ ရပ်တော်မူ၍ နေသောဟန်ကိုလည်းကောင်း၊ ရတနာစင်္ကြံ၌ စင်္ကြံသွားတော်မူဟန်ကိုလည်းကောင်း၊ ပဉ္စဝဂ္ဂီ ငါးဦးတို့ကို ဓမ္မစကြာတရား
ဟောတော်မူဟန်ကိုလည်းကောင်း၊ ကျောင်းတော်၌ လျောင်းစက်၍ နားနေတော်မူဟန်ကိုသော်လည်းကောင်း၊ ပရိနိဗ္ဗာန် ပြုတော်မူဟန်ကိုလည်းကောင်း
သွန်းရာ ၊ ထုရာဧ။် ” ဟူ၍ မိန့်တော်မူပြီး ခွင့်ပြုတော်မူပါတယ် ။

ကောသလမင်းကြီးဟာ ဘုရားရှင်ရဲ့ ခွင့်ပြုတော်မူချက်ကို ရတယ်ဆိုရင်ပဲ ဝမ်းသာအားရ နန်းတော်ကို ပြန်လာခဲ့ပါတယ် ။ မူးမတ်တွေနဲ့ တိုင်ပင်ကာစန္ဒကူးနံ့သာနှစ်ကို ရအောင်ရှာစေပြီး ဆင်းတုတော်ကို ထုလုပ်ရန် စီစဉ်စေပါတော့တယ် ။ ဒီအကြောင်းကို သိကြားမင်းသိတဲ့အခါ ဝိသုကြုံနတ်သားကိုခေါ်ပြီး ဘုရားရှင်ရဲ့ ပမာဏတော်နဲ့ အမျှဖြစ်တဲ့ ကောင်းမွန်သပ္ပာယ် အလွန်တင့်တယ်တော်မူစေရန် ရုပ်တု ဆင်းတုတော်ကို ကြပ်မတ်ထုလုပ်စေဖို့
စေလွှတ်ပါတယ် ။ နတ်သားလဲ ဗိသုကာအသွင်နဲ့ နတ်ပြည်ကဆင်းသက်လာကာ ကူညီထုလုပ်ပေးပါတယ်။ ထုလုပ်ပြီးတဲ့အခါ ကောသလမင်းကြီးဟာ
အားရတဲ့အလျောက် ဝိသုကြုံနတ်သားကို အဖိုးအခများပေးပါတယ် ။ ဝိသုကြုံနတ်သားက ကုသိုလ်ကောင်းမှု အဖို့ကိုသာ အလိုရှိကြောင်း ပြောလာတဲ့အတွက်
ကောသလမင်းက အလှူအဖို့ကို အမျှပေးဝေပါတယ် ။

ကောသလမင်းကြီးဟာ ဆင်းတုတော်ပြီးတယ်ဆိုရင်ပဲ ဘုရားရှင့်ထံ သွားရောက်၍ ဆင်းတုတော်ကို ကြွတော်မူပြီး ရှုကြည့်တော်မူဖို့ တောင်းပန်လျှောက်ထားပါတယ် ။
ဘုရားရှင် နန်းတော်ကို ရောက်တော်မူတဲ့အခါ ဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် စန္ဒကူးနှစ် ဘုရားဆင်းတုတော်ဟာ ထက်ဝယ်မှ ဖြေပြီး ပလ္လင်ထက်မှ ဆင်းသက်မည့်
ဟန်ပြကာ တင့်တယ်စွာ နေပါတယ် ။ ဒီအခါမှာ ဘုရားရှင်က ” ငါ့ညီတော် , ငါကားသက်တော် ရှစ်ဆယ်ပြည့်လျှင် ပရိနိဗ္ဗာန်ပြုရပေမည် ၊ ငါ့ညီကား ငါဘုရားဧ။်ကိုယ်စား
နေရစ်ရမည်ဖြစ်၍ ပလ္လင်မှ မသက်လေနှင့် ” ဟူ၍မိန့်တော်မူလိုက်တဲ့အခါကျပါမှ စန္ဒကူးနှစ်ဆင်းတုတော်ဟာ နေမြဲတိုင်းတည်နေပါတယ် ။
ဘုရားရှင်တော် ဆွမ်းကိစ္စ ပြီးစီးတဲ့အခါ ကောသလမင်းဟာ ဘုရားရှင်ကို ” အရှင်မြတ်ဘုရား, အကြင်သူတို့သည် မြတ်စွာဘုရားဆင်းတုတော်၊ ရုပ်တုတော်ကို ထုလုပ်
သွန်းလောင်း ရေးခြယ်၍ ပူဇော်သည်ရှိသော် အဘယ်သို့သော အကျိုးထူးကို ရပါသနည်း ” ဆိုပြီး မေးမြန်းလျှောက်ထားပါတယ် ။

ဒီအခါမှာ ဘုရားရှင်က ” မြတ်သောမင်းကြီး , အကြင်သူတို့သည် ဘုရားရှင် ဆင်းတုတော်၊ ရုပ်တုတော်ကို ပူဇော်ကိုးကွယ်ကြသည်ရှိသော် မကောင်းသောလားရာဖြစ်သော
ဒုဂ္ဂတိဘုံတို့၌ မဖြစ်ကြကုန်။ လူအဖြစ်၌ ဖြစ်သည်ရှိသော် က္ကုနြေ္ဒချို့တဲ့သည့် အဖြစ်၌လည်းကောင်း၊ ယုတ်သောအမျိုး၌လည်းကောင်း၊ လောကန္တရိတ် ငရဲ၌လည်းကောင်း
မဖြစ်ကုန် ။ အဆင်းလှပ၍ တင့်တယ်သောရုပ်အဆင်း ရှိခြင်းသည်လည်းကောင်း၊ ဘုန်းကြီးသည်ဧ။် အဖြစ်၌လည်းကောင်း၊ မြတ်သောလာဘ်ကို ရခြင်းသည်လည်းကောင်း၊
စည်းစိမ်ဥစ္စာ ပြည့်စုံခြင်း၊ ကြံစည်အပ်ကုန်သော အကြံအစည်တို့ ပြည့်စုံခြင်း သည်လည်းကောင်း ရရှိနိုင်ပေသည်။ အသက်ရှည်သည်ဧ။် အဖြစ်၊ ခွန်အားကြီးသည်ဧ။် အဖြစ်၊
မြဲသောပညာ ရှိသည်ဧ။် အဖြစ်၊ ရဲရင့်သည်ဧ။် အဖြစ်၊ အကြားအမြင် များသည်ဧ။် အဖြစ်၊ ထက်သောပညာ ရှိသည်ဧ။် အဖြစ်၊ ကြီးသောတန်ခိုး ရှိသည်ဧ။် အဖြစ်၊ အနာရောဂါ
ကင်းသည်ဧ။် အဖြစ်တို့မှာလည်း ဘုရားဆင်းတုတော်၊ ရုပ်တုတော်တို့ကို ကိုးကွယ်ပူဇော်ကြကုန်သော အကျိုးဖလများဖြစ်ကြကာ အဆုံး၌ တောင့်တပါက တောင့်တသည့်အတိုင်း
ဖြစ်ကာ မြတ်သောနိဗ္ဗာန်သို့ ချမ်းသာစွာ ကပ်ရောက်ရပေဧ။် ” ဟု မိန့်ကြားတော်မူပါတယ် ။

ဒီနေရာမှာ တစ်ခုရှိတာက သက်တော်ထင်ရှား မြတ်စွာဘုရား၌လည်းကောင်း၊ ပရိနိဗ္ဗာန် စံဝင်သွားပြီဖြစ်သော ဘုရားရှင်ဧ။်ကိုယ်စား စေတီ၊ ပုထိုး၊ ရုပ်ပွားဆင်းတုတော်တို့၌လည်းကောင်း
သဗ္ဗညုတဥာဏ်, အရဟံ အစရှိသော ဂုဏ်တော်တို့၌ ကြည်ညိုတတ်သောစိတ်ကို အညီအမျှထားနိုင်သည်ရှိသော် မပိုမလျော့ တူညီသောအကျိုးကို ရနိုင်သည် ဖြစ်ဧ။် လို့ဆိုတဲ့
ပဉ္စဌကပါဠိတော် စတုတ္တ ဝဂ္ဂဝီသ ဝိမာနဝတ္တုမှာ လာတဲ့အတိုင်း ဒီနေရာမှာ စိတ်ထားတတ်ဖို့တော့ လိုတာပေါ့ ။ စိတ်ထားတဲ့နေရာကျပြန်တော့လည်း မိမိကိုယ်တိုင် ဘုရားရှင်တို့ရဲ့
ဂုဏ်တော်၊ ကျေးဇူးတော်တွေကို ထိုက်လျောက်သည့်အားလျော်စွာသိထားနားလည်ထားမှသာ စိတ်ထားတတ်ရာရောက်မှာပါ ။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဘုရားရှင်ရဲ့
ဂုဏ်ကျေးဇူးတွေကို ဂဃနဏ သိထားကြဖို့ အမှန်လိုအပ်ပါတယ်၊ မိရိုးဖလာအစဉ်အဆက် ဗုဒ္ဓဘာသာဝင် ဖြစ်လာတဲ့အတွက် ဆင်းတုတော်၊ရုပ်တုတော်ကို ဝတ်ချဝတ်ဖြည့်နေရသော်လည်း
ဘုရားရှင်ရဲ့ ဂုဏ်တော်၊ ကျေးဇူးတော်တွေကို ပြောပလောက်အောင် နားလည်မထားဘူးဆိုရင် ကိုးကွယ်ပူဇော်နေမှုဟာ အကျိုးမများနိုင်တော့ပါဘူး ။

နောက်ပြီးတော့လဲ သက်တော်ထင်ရှား မြတ်စွာဘုရားကို မိမိအိမ်မှာ ပင့်ဖိတ်ထားသကဲ့သို့ ရုပ်ပွားဆင်းတုတော်ကို ရိုသေလေးစား အမှူးထားဖို့လိုပါတယ်၊ ရုပ်ပွားဆင်းတုတော်ရှေ့တော်မှာ
မဖွယ်မရာ၊ မအပ်စပ်တဲ့ ပြောဆို ပြုမူ နေထိုင်မှုတွေကိုလဲ ရှောင်ကြဉ်ရမှာပါ ။ ပန်း၊ ဆီမီး၊ ရေချမ်း၊ ဆွမ်း စသည်တို့ကိုလဲ တကယ့်သက်တော်ထင်ရှား မြတ်ဘုရားကို ဆက်ကပ်ပူဇော်သကဲ့သို့
လှူဒါန်းကပ်လှူပူဇော်ကြရမှာဖြစ်ပါတယ် ။ အဲဒီလို ပြုဖွယ်ကိစ္စတွေကို အပြည့်အစုံ ပြုကျင့်နိုင်ပါမှ အထက်ပါအကျိုးများကို အမှန်တကယ် ရရှိနိုင်မှာဖြစ်ကြောင်း သိစေအပ်ပါသည် ။ ။

*** ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလထုတ် အပ္ပမာဒ ၊ လှသန်း(ပြည်)ဧ။် ဆောင်းပါးမှ –

ပေးပို့သူ>>Wara DarYee

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...