စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၂နှစ်အတွင်း ပေါင် ၄၀၀ ဝိတ်ချသူ



Ronnie Brower လို့အမည်ရတဲ့ အမျိုးသားဟာ လွန်ခဲ့တဲ့ နှစ်နှစ်က အလေးချိန် ၆၇၅ ပေါင် ရှိပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျတဲ့ Post တွေကို Facebook ပေါ်တင်ပြီး ဒါကို သူ့ရဲ အထက်တန်းကျောင်း ဆရာက မြင်သွားပါတယ်။ ဒြါောင့်မို့ အထက်ကျောင်းမှာ သူ့ကို စာသင်ပေးခဲ့တဲ့ ဆရာက သူဖြစ်နေတဲ့ အခြေအေနကို သနားပြီး ပြုပြင်ပြောင်းလဲသွားစေရန် တွန်းအားပေးခြင်း၊ Gym သို့ သွားစေခြင်းတို့ လုပ်ပါတယ်။ Personal trainer များလည်း ရှာဖွေပေးပါတယ်။

Facebook မှာ ဝိတ် ပေါင် ၆၀၀ ချမယ့် Milestone ကိုတင်ခဲ့ပြီး ကြိုးစားလာလိုက်တာ ယနေ့တော့ သူဟာ ပေါင် ၄၀၀ ချနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ သူဟာ ဆက်ပြီးတော့လည်း ကြိုးစားနေပါတယ်။ သူ့ရဲ့ ယင်းသို့ တစ်စိုက်မတ်မတ် ကြိုးစားစေမှုထဲမှာ ဆရာ အပြင် တေလာဆွစ်ဖ်လည်း ပါဝင်ကြောင်း ဆိုပါတယ်။ သူ့အနေနဲ့ တေလာဆွစ်ဖ်ရဲ့ သီချင်းများကို နားထောင်ပြီး အားတက်ပါတယ်။ Gym ကစားနေစဉ်မှာလည်း တေလာဆွစ်ဖ်ရဲ့ သီချင်းများကို နားထောင်ခဲ့ပါတယ်။

သူ့ကို ယခုလို ဖြစ်လာအောင် အားပေးတဲ့အထက်တန်းကျောင်း ဆရာကို လာမယ့် ဇွန်လဆန်း တေလာဆွစ်ဖ်ရဲ့ ရှိုးပွဲလက်မှတ် လက်ဆောင်ဝယ်ပေးမယ်လို့ ပြောပါတယ်။
.
Ref: Mashable
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...