စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရေခဲပွင့် ပမာ



Frost Flower/ Ice Flower အစရှိသဖြင့် အမျိုးမျိုးခေါ်ကြတဲ့ အစိုင်အခဲများဟာ ပန်းပွင့်သဖွယ် ရှိနေတတ်ပါတယ်။ နေရာဒေသနဲ့ မြေပြင်ပေါ်မှာ တူတည်ပြီးတော့ ဖြစ်လာတဲ့ အစိုင်အခဲခြင်းက ကွာခြားပါတယ်။ တောအုပ်တွေထဲမှာ ဆိုရင် သစ်ခွ ပန်းပုံစံ၊ မှိုပင်ပုံစံလည်း ဖြစ်ကြ ဖြစ်ပါတယ်။

သူက မြေကနေ ပွင့်လာတာတော့ မဟုတ်ပါဘူး။ မြေရဲ့ အပူချိန်ဟာ သုည ဒီဂရီ စင်တီဂရိတ် အထပ်မှာ ရှိပြီး လေထု အပူချိန်က သုည ဒီဂရီ အောက်မှာ ရှိနေချိန်မှာဆိုရင် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရေငွေ့တွေဟာ မြေပေါ်မှာ သွားစုပွင့် အပွင့်များ ပုံစံ ဖြစ်ပါတယ်။ အကယ်၍ ရေပေါ်ဆိုရင်လည်း ထိုနည်းတူစွာ ပါပဲ။ ဒါကြောင့်မို့ ပုံမှာ မြင်တွေ့ရသလိုပဲ ရေပေါ်မျာလည်း နှင်းပွင့်များဟာ ယခုလို ဖြစ်တည်နေပါတယ်။ သူဟာ နေပူချိန်ရောက်လာရင်တော့ ခပ်ကြာကြာ မနေနိုင်ပါဘူး။ လေထု အပူချိန် သုည ဒီဂရီအထပ် ပြန်ရောက်သွားရင်တော့ အရည်ပျော်သွားပါတယ်။ သူက အာတိတ် ရေခဲပြင်တွေဘက်မှာ အတွေ့များ ပါတယ်။

သူ့ရဲ့ ဖြစ်တည်မှုဟာ လူတွေကို သင်ခန်းစာ ရစေပါတယ်။ ကံစွမ်း ရှိနေခိုက် လူလောကမှာ ကျနော်တို့ အသက်ရှင် နေထိုင်ခွင့် ရပြီး ကံစွမ်းကုန်တဲ့ တစ်နေ့၊ ဘယ်နေ့ရယ် မသိတဲ့ တစ်နေ့မှာ တာတိတ် ပြန်လည်ထွက်ခွာသွားကြရ ပါတယ်။ မြေပြင်နဲ့ လေထု အပူအအေး သုည တစ်ဘက်ခြမ်း ရှိနေချိန် နှင်းပွင့်များ ပြန်ပေါ်လာသလိုပဲ ကောင်းကံ၊ ဆိုးကံများ လွန်ဆွဲနေချိန်၊ နိဗ္ဗာန်ကို မရောက်နိုင်သေးသရွေ့ ကျနော်တို့ဟာ ၃၁ ဘုံမှာ ပုံစံအမျိုးမျိုးနဲ့ ဆက်လက် အသက်ရှင် ကျင်လည်နေရအုံးမှာပဲ ဖြစ်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

 https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...