စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိုးခြိမ်းနေစဉ် လမ်းသွားရင်း လက်ကိုင်ဖုန်းအသုံးပြုသူများသည် အခြားသူများထက် မိုးကြိုးအပစ်ခံရခြေ ပိုများဟုဆို

                

ရန်ကုန်၊ ဧပြီ ၂၇

မိုးခြိမ်းနေစဉ် လမ်းသွားရင်း လက်ကိုင်ဖုန်းအသုံး ပြုသူများသည် အခြားသူများထက် မိုးကြိုး အပစ်ခံရခြေပိုများသည့်အ တွက် သတိပြုကြရန်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှဒုတိ ယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုး ဦးကသတိပေးပြောကြားလိုက်သည်

မြန်မာနိုင်ငံတွင်မိုးကြိုကာလ ဖြစ်သည့် ဧပြီလနှင့်မေလသည် မိုး ကြိုးပစ်မှုအများဆုံးဖြစ်ပေါ်ပြီး နှစ် စဉ်လူဦးရေ တစ်ရာကျော်ခန့်သေ ဆုံးမှုများရှိနေပြီး ယခုအချိန်သည် မိုးကြိုးပစ်မှုအများဆုံးရာသီဖြစ်ပေါ် ခြင်းကြောင့် သတိထားသွားလာနေ ထိုင်သင့်ကြောင်း ယင်းကပြောသည်။

''မိုးကြိုးပစ်လို့လူသေတာတွေ က တစ်နှစ်ထက်တစ်နှစ်များလာ တယ်။ အဲဒီထဲကမှနောက်ပိုင်းတွေ့ လာရတာကတော့ ဟန်းဖုန်းတွေ၊ တယ် လီဖုန်းတွေအသုံးပြုနေတဲ့အခါ မိုး ကြိုးပစ်ခံရတာတွေတွေ့လာတယ်။ ဒါကတော့ မိုးကြိုးပစ်နေတဲ့အချိန်မှာ ဖုန်းပြောနေတဲ့အခါ ဖုန်းတွေမှာက magnetic waves တွေပါတော့ မိုး ကြိုးမှာရှိတဲ့ လျှပ်စစ် အမနဲ့သွားတွေ့ ပြီးတော့ အဲဒီလိုလူတွေကိုပစ်တာ တွေဖြစ်တယ်။ ဒါကနောက်ပိုင်းတွေ့ လာရတယ်။ ဒါကြောင့် မိုးကြိုးပစ် တဲ့အချိန်မှာ ဖုန်းပြောတာကိုလဲသတိ ထားဖို့လိုတယ်''ဟုဦးကျော်မိုးဦးက ပြောသည်။

မိုးကြိုးပစ်ခြင်းကို အဓိကဖြစ် ပေါ်စေသော ရာသီမှာ မိုးကြိုနှင့် မိုးလွန်ကာလဖြစ်ပြီး၊ မိုးကြိုကာလ ဖြစ်သည့် ဧပြီနှင့် မေလတွင် အများ ဆုံးဖြစ်ပေါ်ကြောင်း၊ မိုးတွင်းကာ လတွင်မိုးကြိုးပစ်ခြင်းများဖြစ်ပေါ် လေ့ရှိသော်လည်း နည်းပါးကြောင်း၊ မိုးတိမ်တောင်အန္တရာယ်ကြောင့် လည်း မိုးကြိုးပစ်ခြင်းအဓိကဖြစ်ပေါ် ကြောင်း သိရသည်။

''မိုးကြိုးပစ်တာကနှစ်စဉ်တိုးလာ တယ်။ လူအသေအပျောက်လဲရာကျော် လာတယ်။ ဒါတောင် သတင်းစာတွေ မှာပါတာလောက်ကို မှတ်ထားတာ။တခြား ဘယ်လောက်တောင်ရှိနေ မလဲမသိ။ ဒါကြောင့် နှစ်စဉ်တိုးလာ တဲ့ မိုးကြိုးပစ်တာကလဲ သတိထားရ မယ့်အရာတစ်ခုဖြစ်တယ်''ဟုမိုးလေ ဝသနှင့် ဇလဗေဒပညာရှင်ဒေါက်တာ ထွန်းလွင်ကလည်း သတိထားပြော ကြားထားသည်။

ယင်းအပြင် မိုးခြိမ်းနေစဉ် လက် ကိုင်ဖုန်းအပြင် magnetic waves များ ပါသည့်ပစ္စည်းများ ဖြစ်သော အိတ် ဆောင်ရေဒီယိုစသည်များဖွင့်နေခြင်း၊ ကြည့်မှန်များအသုံးပြုနေခြင်းကလည်း မိုးကြိုးပစ်ခံရမှုပိုမိုဖြစ်စေနိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ မိုးကြိုးပစ်ရာသီတွင် အများပြည်သူများအနေဖြင့် သစ်ပင် ကြီးများအောက်နှင့် ကွင်းပြင်များ တွင်ရှိနေခြင်းများကိုသတိထားသင့် ကြောင်း သိရသည်။

''မိုးကြိုးကမြင့်တာပစ်တာဆို တော့ သစ်ပင်ကြီးအောက်တွေကို ရှောင်ရမယ်။ ကွင်းပြင်တွေမှာ ထီးထီး တည်းရပ်နေတာတွေရှောင်သင့်တယ်။ အဲဒီလိုကွင်းပြင်မှာရှိနေရင် လျှို မြောင်တွေကြားဝင်ပုန်းတာတို့။ မြေနဲ့ တစ်သားတည်းကျအောင်ဝပ်နေတာ တို့လုပ်သင့်တယ်။ အိမ်တွေမှာလဲ မိုးကြိုလွဲတွေတပ်ဆင်သင့်တယ်''ဟု ဦးကျော်မိုးဦးက ဆက်လက်ပြောကြား သည်။

MMA

#Democracytoday

https://www.facebook.com/yangonmediagroup/photos/a.335477406471186.83922.3341197

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...