စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကလေးအမေတစ်ယောက်လို အိပ်ရာဝင်ပြီး အပျိုပေါက်လေးလို ပြန်လည် နိုးထလာသူ

ဗြိတိန်က နာအိုမီယာကော့ဆိုတဲ့ အမျိုးသမီးဟာ လက်ရှိမှာ အသက် ၃၉ နှစ်အရွယ် ကလေးတစ်ယောက် အမေ ဖြစ်နေပေမယ့် မှတ်ဥာဏ်ပျောက်ဆုံးတဲ့ ရောဂါကြောင့် သူ့ကိုယ်သူ ၁၉၉၂ မှာပဲ ရှိနေသေးပြီး ကျောင်းတက်နေဆဲ အသက် ၁၅ နှစ်အရွယ် ကျောင်းသူလို့ မှားယွင်းထင်မှတ်နေသူ ဖြစ်ပါတယ်။

အခုဆိုရင် သူမဟာ မွေးထားတဲ့ သားအရင်းနာမည်နဲ့ စက်တင်ဘာလ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ တိုက်ခိုက်ခံရမှုလို သိသင့်တဲ့အရာတွေကိုတောင် မမှတ်မိဘူး ဖြစ်နေပါတယ်။ ၂၀၀၈၊ ဧပြီ ၂၈ ရက်နေ့မှာ သားဖြစ်သူကို ကျောင်းကို ပို့ခဲ့ပြီး အိမ်မှာ ကျောင်းက စာတွေလုပ်ရင်းနဲ့ ပင်ပန်းလာတဲ့အတွက် ခဏလောက် အိပ်ခဲ့ပါတယ်။ သူမ ပြန်နိုးလာတဲ့ အချိန်မှာ ပြင်းထန်တဲ့ ဖိအားတွေကြောင့် ဖြစ်တတ်တဲ့ မှတ်ဥာဏ်ပျောက်ဆုံး ပြိုကွဲမှုကို ကြုံတွေ့ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ နာအိုမီရဲ့ မှတ်ဥာဏ်ထဲမှာရှိတဲ့ ၁၈ နှစ်တာ အချက်အလက်တွေဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။

“ ကျွန်မ အိပ်ရာက နိုးလာတဲ့အချိန်မှာ ဘာကိုမှ မမှတ်မိသလို ဘယ်အိမ်ထဲ ရောက်နေသလဲဆိုတာလည်း မသိပါဘူး။ ရေချိုးခန်းထဲက မှန်မှာ ကိုယ့်မျက်နှာကို ကိုယ်ပြန်ကြည့်ရင်း အား လို့ အော်ခဲ့မိပါတယ်။ ကျွန်မက အသက် ၁၅ နှစ်အရွယ် ခပ်သွယ်သွယ်ကောင်မလေး မဟုတ်ဘဲ မိန်းမကြီးတစ်ယောက် ဖြစ်နေပါတယ်။” လို့ နာအိုမီက ဆိုပါတယ်။ နာအိုမိရဲ့ မှတ်ဥာဏ်ပျောက်ဆုံးတဲ့ ရောဂါဟာ လူတစ်သိန်းမှာ တစ်ယောက်လောက်ပဲ ဖြစ်တတ်တဲ့ ရှားပါးရောဂါမျိုး ဖြစ်ပါတယ်။ နာအိုမီဟာ လက်ရှိမွေးထားတဲ့ အသက် ၁၀ နှစ်အရွယ် သား လီအို ကိုတော့ တွေ့တွေ့ချင်းမှာပဲ ချစ်စိတ်ယိုဖိတ်ခဲ့ပြီး သူလေးဟာ သူမွေးတဲ့ ကလေးဆိုတာ မငြင်းခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် နာအိုမီဟာ သူ ဘယ်လိုကလေးမွေးခဲ့သလဲ ဆိုတာကိုတော့ လုံးဝမမှတ်တော့ပါဘူး။

နာအိုမီ မှတ်မိနေတဲ့ မှတ်ဥာဏ်ကတော့ ၁၉၉၂ မှာ ဗြိတိန်ဝန်ကြီးချုပ်က ဂျွန်မေဂျာဖြစ်ပြီး ဖာဂီနဲ့ မင်းသား အင်ဒရူးတို့ ကွဲနေတာ၊ Simply Reep က အရောင်းရဆုံး သီချင်းအယ်လ်ဘမ် ဖြစ်နေတာ၊ The Silence of the Lambs က အကောင်းဆုံးအော်စကာ ဇာတ်ကားဆု ရခဲ့တာစတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

PlanetMyanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...