စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကော်ဖီသောက်ရင်း အပန်းဖြေမယ်

ဓာတ်ပုံ− နစ်ကီ

ပိတ်ရက်မှာ စာအုပ်လေးဖတ်ပြီး တစ်နေရာရာမှာ အေးအေးဆေး ဆေး ငြိမ့်ချင်သူတွေအတွက် နေ ရာ ကောင်းကောင်းလေးတွေ လို အပ်မှာ အသေအချာပါ။ ဘယ်လို နေရာမျိုးတွေလဲဆိုတော့ အေး အေးချမ်းချမ်းရှိပြီး စိတ်ငြိမ်ဖွယ် တေးသံလေးတွေနဲ့ ရှိနေမယ့် နေရာပါပဲ။

ကော်ဖီသောက်ရင်း စာအုပ် တစ်အုပ်နဲ့ ဇိမ်ကျချင်တာပဲ ဖြစ် ဖြစ်၊ သူငယ်ချင်းတွေနဲ့ ပိတ်ရက် မှာ အေးအေးဆေးဆေး စကားစမြည်ပြောချင်တာပဲဖြစ်ဖြစ်၊ တစ်ယောက်တည်း ကော်ဖီက လေးသောက်၊ သီချင်းလေးနားထောင်ပြီး ပင်ပန်းသမျှကို ဖြေဖျောက်ချင်သူတွေအတွက် နေရာကောင်းလေးတွေကို ညွှန်ပြချင်ပါတယ်။
အဲဒီဆိုင်တွေကတော့ -

Coffee Club Myanmar
ပထမဆုံး ရန်ကုန်မြို့လယ် ဆူးလေက Coffee Club Myan-mar ဆိုတဲ့ ဆိုင်လေးကို ညွှန်ပြပေးချင်ပါတယ်။ နေပြည်တော်ရုပ်ရှင်ရုံနဲ့ ရှေ့ဆောင်ရုပ်ရှင်ရုံနှစ်ခုကြားက ကော်ဖီဆိုင်လေးပါ။ E-City ဖုန်းဆိုင်နဲ့ တွဲဖွင့်ထားပြီး တကယ်ကို အမိုက်စားကော်ဖီဆိုင်ပါ။ အေးအေးဆေးဆေးနဲ့ နား ချင်သူတွေ၊ ရုပ်ရှင်ချိန်ကိုစောင့် ပြီး ကော်ဖီ သောက်ချင်သူတွေအတွက် အဆင်ပြေစေတဲ့ နေရာ လေးပါ။ ဒါတင်မကဘဲ အေးအေး ဆေးဆေးနဲ့ စာအုပ်လေးကိုင်ပြီး ကော်ဖီသောက်ချင်သူတွေ အ တွက်လည်း အကြိုက်တွေ့မယ့် နေရာကောင်းလေးပါ။ ကော်ဖီဆိုင်လေးတွေရဲ့ ရောင်းချပေးနေတဲ့ ကော်ဖီ အမျိုးအစားတွေအတိုင်းပဲ Expresso,  Latta Cappu-ccino, Americano စတဲ့လူကြိုက်များလှတဲ့ ကော်ဖီတွေကို ရောင်းပေးတာကို တွေ့ရပါတယ်။ ဈေးနှုန်းတွေကတော့ အနည်းဆုံး ၁,၀၀၀ ကျပ်ကနေ အများဆုံး ၃,၀၀၀ ကျော်အထိ ရှိပါတယ်။ အဲဒီ ကော်ဖီအမျိုးအစားတွေကိုလည်း အပူရော၊ အအေးပါ နှစ်မျိုးစလုံး ရနိုင်ပါ တယ်။ အေးအေးဆေးဆေးရှိလှပြီး သီချင်းသံ အေးအေးလေးတွေကို ဖွင့်ထားပေးတာကြောင့် ဆူးလေတစ်ဝိုက်မှာ ကော်ဖီသောက်ရင်း နားချင်သူတွေအတွက် Coffee Club Myanmar က ရွေးချယ်စရာတစ်ခုပါပဲ။

Coffee Circles

ကော်ဖီဆိုင်ကောင်းကောင်းဆိုရင်တော့ Coffee Circles ကို ပြေးမြင်မိမှာ အသေအချာပါပဲ။ ရန်ကုန်မှာ နှစ်ပေါင်းများစွာ ကော်ဖီဆိုင်လုပ်ငန်းကို တစိုက်မတ်မတ် လုပ်ကိုင်နေတဲ့ ဆိုင်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကော်ဖီဆိုင်လုပ်ငန်းကို ရှေ့ဆုံးက ဦးဆောင် နေတဲ့ ဆိုင်လို့လည်း ဆိုရမှာပါ။ သူတော့ ကမာရွတ်မြို့နယ်၊ ဓမ္မ စေတီလမ်းပေါ်မှာ တည်ရှိနေပါတယ်။ အဆင့်မြင့်ကော်ဖီဆိုင် တစ်ဆိုင် ဖြစ်တဲ့အလျှောက် နိုင်ငံတကာက တင်သွင်းတဲ့ အကောင်း စားကော်ဖီစေ့ကို တင်သွင်းပြီး ၁၀၀ ရာခိုင်နှုန်းကောင်းမွန်တဲ့ ကော်ဖီအမျိုးအစား ကောင်းကောင်းကို သုံးတယ်လို့ သိရပါတယ်။
အဲဒီဆိုင်မှာလည်း ကော်ဖီဆိုင်တို့ရဲ့ ထုံးစံအတိုင်း  Expre-sso, Latta Cappuccino, Americano, Mocha စတာတွေကို ရောင်းပေးတဲ့အပြင် ထူးထူးခြားခြား Coffee Circles ရဲ့ မူပိုင် ကော်ဖီအမျိုးအစားတွေဖြစ်တဲ့ Circles' Shot, Circleccino, Lattaccino, Mochaccino စတဲ့ ကော်ဖီအမျိုးအစားတွေကို တီထွင်ဆန်းသစ်ပြီး ရောင်းချပေးတာကို တွေ့ရပါတယ်။ ဒါ့အပြင် အအေးသောက်ချင်သူတွေအတွက်လည်း သဘာဝ သစ်သီးဖျော်ရည်တွေကိုလည်း ရောင်းပေးပါတယ်။ ပြီးတော့ အစားအသောက်အတွက်လည်း ဘာဂါ၊ ဆန်းဒွစ်ခ်ျ စတာတွေ အပြင် အရှေ့တိုင်းက အာရှအစားအသောက်တွေနဲ့ ဥရောပအစားအသောက်တွေကိုလည်း စုံစုံလင်လင် ရောင်းပေးပါတယ်။

ဈေးနှုန်းတွေကတော့ ကော်ဖီတစ်ခွက်ကို ၂,၀၀၀ ကျပ်ကနေ ၃,၀၀၀ ကျပ်အထိရှိပြီး ပုံမှန်ကော်ဖီသောက်သူတွေနဲ့ ကော်ဖီချစ်သူတွေအတွက်တော့ မများလှတဲ့ ဈေးနှုန်းဖြစ်ပါတယ်။
ပြီးတော့ အဲဒီဆိုင်လေးက အေးအေးဆေးဆေးရှိပြီး အ နောက်တိုင်း သီချင်းအေးအေး လေးတွေကို ဖွင့်လှစ်ပေးထားတာ ကြောင့် လာရောက်ပြီး ကော်ဖီ သောက်တဲ့သူတွေအတွက် ငြိမ့် ညောင်းတဲ့ အေးချမ်းမှုကိုရနိုင်မှာ အသေအချာပါ။ ဆိုင်ကို လာ ရောက်ကြတဲ့သူ အများဆုံးက နိုင်ငံခြားသားတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် အေးအေးဆေးဆေး နားပြီး ကော်ဖီသောက်မယ်ဆိုရင်တော့ ဓမ္မစေတီလမ်းပေါ်က Coffee Circles ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။
Off The Beaten Track

Myanmar Cafe
အဲဒီ ဆိုင်လေးကတော့ တကယ်ကို ထူးထူးခြားခြား အပြင် အဆင်တွေ ရှိနေတဲ့ ဆိုင်လေးပါ။ နေရာကတော့ ကန်တော်ကြီး မျှော်စင်ကျွန်း စားသောက်ဆိုင် တန်းတွေမှာ ဖွင့်လှစ်ထားတဲ့ Travel Cafe ခရီးသွားကော်ဖီ ဆိုင်လေးပါ။ သူမတူအောင် ဆန်းသစ်တဲ့ ဆိုင်အပြင်အဆင်က မျှော်စင်ကျွန်းကို လာတဲ့သူတို့ ငေးကြည့်ရလောက်အောင် ဆွဲဆောင်ထားပါတယ်။ ဆိုင်ကို မျှော်စင်ကျွန်းအတွင်းက ရတဲ့မြေနေရာလေးမှာ ဆိုင်ငယ်လေးတွေကို ဆောက်ထားပြီးတော့ ဆိုင်ငယ် လေးတစ်ခု တစ်ခုစီမှာ မတူတဲ့ မြန်မာနိုင်ငံရဲ့ခရီးစဉ်ဒေသ နာမည်လေးတွေနဲ့ သတ်မှတ်ပေးထားပါတယ်။ ကသာ၊ ပူတာအို၊ ဘားအံ၊ မော်လမြိုင်၊ မုံရွာ  စသဖြင့် နာမည်တွေနဲ့ ဆိုင်တစ်ခုစီမှာ သတ်မှတ်ပေးထားပါတယ်။ အဲဒီဆိုင်မှာလည်း ထုံးစံအတိုင်း လူအများကြိုက်တဲ့ ကော်ဖီ အမျိုးအစားတွေကိုပဲ ရောင်းပေးပါတယ်။ ဈေးနှုန်းတွေကတော့ ၁,၀၀၀  ကျပ်ကနေ ၃,၀၀၀ ကျပ်အထိ ရောင်းပေးပါတယ်။  အဲဒီဆိုင်ရဲ့ထူးခြားချက်ကတော့ Travel Cafe ဖြစ်တာနဲ့အညီ ဆိုင်ကိုလာတဲ့သူတွေ မြန်မာနိုင်ငံရဲ့ခရီးစဉ်ဒေသတွေအကြောင်း ဆွေးနွေးပေးနိုင်တဲ့ သူတစ်ယောက်ရှိပါတယ်။ သူကတော့ ဆိုင်ရှင် ကိုနေလင်းထိုက် ဖြစ်ပါတယ်။ သူက ဆိုင်ကိုလာတဲ့ သူတွေကို ခရီးသွားလုပ်ငန်းနဲ့ အသိပညာတွေကို မျှဝေပေးနေတဲ့သူလည်း ဖြစ်ပါတယ်။  နောက်ပြီး ထူးခြားမှုတစ်ခုကလည်း ဆိုင်မှာ စာကြည့်တိုက်ငယ်လေးတစ်ခု ရှိနေပြန်ပါသေးတယ်။

ဆိုင်ကို နေ့ခင်းနေ့လယ်သွားပြီးတော့ အေးအေးဆေးဆေး နေချင်သူတွေ အဖော်ပြုနိုင်မယ့် စာကြည့်တိုက်လေးပါ။ ဆိုင်မှာထိုင်ရင်း အဲဒီဆိုင်က စာအုပ်တွေကို ဖတ်နိုင်မှာ အသေအချာပါပဲ။
Off The Beaten Track Myanmar Cafe မှာ သောကြာနေ့တိုင်း နိုင်ငံခြားအဆိုရှင်၊ အတီးရှင်တို့ရဲ့ Unplugged တီးဝိုင်းက ညပိုင်းဆိုရင် ပုံမှန်ရှိနေတာကြောင့် တကယ်ကို ပြီးပြည့်စုံမယ့်၊ အနားယူနိုင်မယ့် နေရာဆိုတာ အသေအချာပါပဲ။

နောက်ပြီးတော့ ဆိုင်မှာ ကော်ဖီအပြင် အစားအသောက် မျိုးစုံကိုလည်း ရောင်းချပေးတာကြောင့် အေးအေးဆေးဆေးနဲ့ နေ့လယ်စာ သုံးဆောင်ချင်တာပဲဖြစ်ဖြစ်၊ ညစာအတွက်ပဲဖြစ်ဖြစ် နေရာရွေးချယ်မယ်ဆိုရင်တော့ အဆင်ပြေနိုင်မယ့်ဆိုင်လေးပါ။

Rangoon Tea House
ပန်းဆိုးတန်းလမ်းပေါ်၊ မဟာဗန္ဓုလလမ်းနဲ့ ကုန်သည်လမ်းကြားမှာရှိတဲ့ ကိုလိုနီဆန်ဆန်နဲ့ တကယ်ကို အမိုက်စားဆိုင်တစ်ခုပါ။ အဲဒီဆိုင်ထဲ ဝင်သွားပြီဆိုတာနဲ့တစ်ပြိုင်နက် သင်ဟာ ကိုလိုနီခေတ်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ရောက်သွားသလို ခံစားရမှာပါ။

ဆိုင်အပြင်အဆင်ကတော့ တကယ်ကို အမိုက်စားဖြစ်ပြီး ဆိုင်နေရာအတွက် အဆောက်အအုံကို  ကိုလိုနီလက်ကျန် အဆောက်အအုံမှာ ဖွင့်လှစ်ထားတာကြောင့် သွားရောက်စားသုံးတဲ့သူတွေအတွက် တကယ့်ကို အကြိုက်တွေ့စေမှာ အသေအချာပါ။

အေးအေးဆေးဆေးနားချင် သူတွေအတွက် ပိုလို့တောင်မှ အ ဆင်ပြေပါတယ်။ ဒါပေမဲ့ ဆိုင်မှာ ရှိတဲ့ အစားအသောက်တွေရဲ့ ဈေးနှုန်းကတော့ နည်းနည်းများ ပါတယ်။ ပြီးတော့ သူက လက်ဖက် ရည်ကို အဓိက ရောင်းပေးတဲ့ဆိုင် ဖြစ်ပေမယ့် ကော်ဖီသောက်ချင် သူတွေအတွက်လည်း ရနိုင်ပါ တယ်။ ဒါပေမဲ့ Rangoon Tea House မှာ ကော်ဖီနဲ့ လက်ဖက် ရည်တစ်ခွက်ကို ၁,၅၀၀ ကျပ်နှုန်းနဲ့ ရောင်းပေးပါတယ်။ ပြီးတော့ အဲဒီမှာ မြန်မာလူမျိုးတွေအကြိုက် တွေ့စေမယ့် စမူဆာတို့၊ ပေါက်စီ တို့ စတဲ့မုန့်တွေကိုလည်း ရောင်း ပေးပါတယ်။ အဓိက ဖော်ပြချင်တဲ့အကြောင်းတော့  Rangoon Tea House က အေးအေးဆေးဆေး နားချင်သူတွေအတွက် သင့်တော် နိုင်မယ့် ဆိုင်ကောင်းလေးဆိုတာ သေချာပါတယ်။ ပိတ်ရက်မှာ  ဆိုင် ကောင်းကောင်းကိုရွေးပြီး ကော်ဖီ လေးဖြစ်ဖြစ်၊ လက်ဖက်ရည်လေး ဖြစ်ဖြစ် တစ်ခွက်လောက်ဆွဲပြီး ငြိမ့်ချင်သူတွေအတွက် Rangoon Tea House ကိုရွေးချယ်ဖို့ အတွက် ညွှန်ပြလိုပါတယ်။

ကဲ ဒါကြောင့် ပိတ်ရက်မှာ ဟိုဟိုဒီဒီမသွား ကော်ဖီဆိုင်လေး တစ်ဆိုင်မှာ အေးအေးဆေးဆေး နဲ့ စာအုပ်ကလေးဖတ်ပြီး ငြိမ့်ချင် သူတွေ၊ သူငယ်ချင်း အပေါင်း အသင်းနဲ့ စကားစမြည်ပြောရင်း နားချင်သူတွေ၊ အလုပ်ကိစ္စ တစ်ခုခုအတွက် တိုင်ပင်ဆွေးနွေး ချင်တဲ့သူတွေအတွက် သင့်တော် မယ့် ဆိုင်လေးတွေကို ဖော်ပြ လိုက်ပါတယ်။        ။

http://www.7daydaily.com/story/36250#.VUNN9JMXW1k

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...