စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိမ်တစ်လုံး လိုချင်တယ်



အိမ်တွေ သုံးလေးလုံး ရှိတဲ့ သူတွေ အတွက် အိမ်တစ်လုံးဟာ ဘာမှ အရေးမကြီး ပေမယ့် အိမ်မရှိတဲ့ သူတစ်ယောက်အတွက် အိမ်တစ်လုံးဟာ နတ်ပြည်ဘုံပါပဲ။ အဆောင်အယောင်တွေ များစွာ ခြယ်သ မထားခဲ့ဘူးဆိုရင်တောင် မိသားစုတွေ တစ်စုတစ်စည်းတည်း နေရတဲ့ အိမ်တစ်လုံး ကတော့ အလွန်ပင် ကြည်နှုးစရာ ကောင်းလှပါတယ်။

အိမ်ကြီးဟာ မိုးရွာတဲ့ အခါမှာလည်း မိုးလုံအောင် ကာကွယ်ပေးတယ်၊ နေတွေ အရမ်းပူတဲ့ အခါမှာလည်း နေမပူအောင် ကာရံပေးတယ်၊ လေတွေ အရမ်း တိုက်ရင်လည်း လေတိုက်မခံရအောင် ကာကွယ်ပေး နိုင်ပါတယ်။ ဒါ့အပြင် အိမ်ဟာ အနားယူစရာ နေရာ၊ အိမ်ဟာ အပန်းဖြေစရာ ပန်းခြံ၊ အိမ်ဟာ အကောင်းဆုံးသော လုံခြုံစိတ်ချရတဲ့ နေရာပင် မဟုတ်ပါလား။

အမေရယ် အဖေရယ် အိမ်ကြီးရယ် ရှိတဲ့ အရာရာဟာ ပြီးပြည့်စုံလို့ သွားပါပြီ။ တစ်နေ့တော့ အိမ်တစ်လုံးလိုချင်တဲ့ စိတ်ဆန္ဒပြည့် ကြမှာပါ။ အသိုက်မရှိတဲ့ ငှက်လေးတွေလည်း ကျွန်ုပ်၏ အိမ်ခေါင်းမိုးမှာ အသိုက်လုပ်ပြီးနေထိုင်နိုင်ပါတယ်။ အစားမစားရ သေးတဲ့ ငှာလေးတွေလည်း ကျွန်ုပ်အိမ်ရှေ့မှ စပါးတွဲလေးတွေကို လာရောက် စားသောက်နိုင်ပါတယ်။ အိမ်ဆိုတာ ကျွန်တော်တို့ မိသားစု အတွက်ပင် မဟုတ်ပဲ ပတ်ဝန်းကျင် တစ်ခုလုံးအတွက် အကျိုးပြုနိုင်ပါတယ်။

Photo By - heartridgebuilders
ကျော်လင်းနိုင် (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...