စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပျိုမေတို့အတွက် လိုအပ်တဲ့ဗီတာမင်


အမျိုးသမီးတွေရဲ့ဘဝတစ်လျှောက်မှာ အသက်အရွယ်အပိုင်းအခြား၊ အခြေအနေအလိုက် မတူညီတဲ့အာဟာရဓာတ်တွေလိုအပ်ပါတယ်။ အသက်(၂၀) လောက်ကနေ(၃၀)ကျော်အရွယ် ကိုယ်ဝန်ဆောင်တွေ အတွက်ဆိုရင် ဖောလစ်အက်စစ်က မဖြစ်မနေလိုအပ်ပါတယ်။

 သွေးဆုံးချိန်မှာဆိုရင်လည်း ဗီတာမင်ဒီနဲ့ အရိုးကျန်းမာရေးအတွက် ကယ်လ်လဆီယမ်လိုအပ်ပါ တယ်။ ဒါကြောင့်မို့ အမျိုးသမီးတွေ ဖြည့်စွက်စားဖို့လိုအပ်တဲ့ ဗီတာမင်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဗီတာမင်စီ - ခန္ဓာကိုယ်အတွက် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ ထုတ်လုပ်မှုနဲ့ အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်စွမ်းရှိပါ တယ်။ ကိုယ်ခံစွမ်းအားကို ကောင်းစေပြီး မလိုအပ်တဲ့ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေ ကိုယ်တွင်းမဝင်လာအောင် တားဆီးပေး ပါတယ်။

ဗီတာမင်အီး - အာရုံကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်းရှိပြီး အရွယ်မတိုင်မီအို မင်းရင့်ရော်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ဗီတာမင်ဘီ - ၆၊ ဘီ - ၁၂ - ဦးနှောက်ရဲ့လုပ်ငန်းစဉ်တွေနဲ့ ဇီဝတွင်းဖြစ်ပျက်မှုလုပ်ငန်းစဉ်အတွက်အရေးပါပါတယ်။ ဗီတာမင်ဘီ- ၆ ချို့တဲ့ရင် သွေးအား နည်းရောဂါဖြစ်ပွားတတ်ပြီး အရွယ်ရောက်သူတွေမှာတော့ ဗီတာမင်ဘီ ၆ ချို့တဲ့မှုအဖြစ်နည်းပါတယ်။

ဗီတာမင်ဘီ - ၁၂ ကိုသက်ကြီးရွယ်အိုတွေ၊ အစာအိမ် နဲ့ အူတွင်းဆိုင်ရာရောဂါရှိသူတွေ သောက်သင့်တယ်လို့ဆိုပါတယ်။

ဗီတာမင်ဒီ - အရိုးများသန်စွမ်း ကျန်းမာဖို့အတွက် ထောက်ကူ ပေးပါတယ်။ ဗီတာမင်ဓာတ်ချို့ တဲ့ရင် အရိုးပွရောဂါ စတဲ့အရိုး ဆိုင်ရာရောဂါတွေဖြစ်ပွားနိုင်ပါ တယ်။      —Ref: Wellnessbin

http://www.7daydaily.com/story/36236#.VUNQc5MXW1k

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...