စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငါတို့ဘာကြောင့် သေးသွားရတာလဲ


နိုင်ငံတကာ သတင်းတစ်ပုဒ်မှာ ဆင်းရဲပြီး ၀င်ငွေနည်းတဲ့လူတွေကမွေးတဲ့ သားသမီးတွေနဲ့၊ ချမ်းသာပြီး ၀င်ငွေ များတဲ့သူတွေက မွေးတဲ့သားသမီးတွေ ဦးနှောက်အရွယ်အစား ကွာဟသွားတယ်ဆိုတာ ဖတ်လိုက်ရပါတယ်။ ဆင်းရဲတဲ့ မိဘတွေက မွေးတဲ့ သားသမီးတွေဟာ၊ ချမ်းသာတဲ့ မိဘတွေက မွေးတဲ့ သားသမီးတွေထက် ဦးနှောက် အရွယ်အစား ၆ ရာခိုင်နှုန်းလောက် သေးသွားကြောင်း ကိုလမ်ဘီယာတက္ကသိုလ်က ပညာရှင်တွေ သုတေသနပြုထားချက်ကို သိလိုက်ရတာပါ။

ချမ်းသာတဲ့သူတွေမှာ ကိုယ့်ကလေးတွေက ပံ့ပိုးထောက်ပံ့ပေးနိုင်မယ့် အနေအထားတွေ အများကြီးပဲ။ အနည်း ဆုံးတော့ သူတို့သားသမီးတွေဟာ အချိန်တန်ရင် မုန့်ဖိုးရမယ်၊ အချိန်တန်ရင် စားရမယ်၊ အိတ်ချိန်ရောက်ရင် အိတ်ရမယ်ဆိုတဲ့ အသိတရားတွေရှိနေတာကပဲ သူတို့ဘ၀တွေအတွက် လုံခြုံနေပြီ။ ပြီးတော့ ဖုန်းလိုချင် သလား၊ ဟမ်ဘာဂါစားချင်သလား၊ ရေခဲမုန့်စားချင်သလား မိဘက အားလုံးဖြည့်ဆည်းပေးနေကျဆိုတော့ သူတို့ဦးနှောက်တွေကို အနည်းဆုံး ထမင်းတစ်နပ်စားဖို့ ပိုက်ဆံရှာရမယ်ဆိုတဲ့ နေရာမှာ မသုံးရတာကပဲ တစ်ပန်းသာနေပြီ။

ဆင်းရဲတဲ့ မိဘတွေက မွေးဖွားလာတဲ့ သားသမီးတွေကျတော့ မုန့်ဖိုး မသေချာ၊ မနက်စာ မစားခဲ့ရ၊ ကျောင်း ရောက်တော့ သူများစားနေတာကိုငေး၊ အတန်းထဲမှာ ကျူရှင်မတက်နိုင်လို့ ဆရာမက မျက်နှာသာမပေး၊ ဘတ်စ်ကားကို တိုးစီး၊ ကားတွေကြပ်လို့ ကျောင်းနောက်ကျ၊ ရိုက်မှာကြောက်လို့ ကျောင်းမတက်တော့ ပါဘူး ဆိုပြီး ကျောင်းပြေး၊ မုန့်ဝယ်စားဖို့ ပိုက်ဆံတစ်ပြားမှမရှိတော့ စိတ်ဓာတ်တွေကျ၊ ဒီနေရာမှာ ကြံမိကြံရာတွေ ကြံကုန်ရင်ဒုက္ခ၊ အိမ်ပြန်ရောက်တော့လည်း ရေထမ်းဦး၊ ဆန်အကြွေးသွားဝယ်ဦး၊ အ၀တ်လျှော်ဦး၊ ထမင်း စားတော့လည်း ဟင်းကမရှိ၊ ငပိရည်လောက်နဲ့တင်းတိမ်၊ စာကျက်မယ်လုပ်ပြန်တော့ ဖယောင်းတိုင်ကမရှိ၊ အမေ့ကို ဖယောင်းတိုင်ဝယ်ပေးပါပြောတော့ နင့်သောက်လုပ်စာ ဘယ်နှစ်ပြားရှိလို့လဲလို့ အဆဲခံရ၊ ကဲ …. အဲဒီ ဘ၀တွေမှာ လူဖြစ်နေရတဲ့ကလေးတွေ ဦးနှောက်ဖွံ့ဖြိုးဖို့ အချိန်ရှိသေးရဲ့လား။

ဆင်းရဲရင် လူလည်းမွဲ၊ ဦးနှောက်လည်းမွဲတာ သေချာနေပြီ။ ဆင်းရဲတွင်းက မလွတ်နိုင်တော့ ကျောင်းထွက်၊ ရတဲ့ အလုပ်လုပ်၊ စိတ်ပျက်၊ အရက်သောက်၊ ထွက်ပေါက်ဖြစ်မလားလို့ အရွယ်မရောက်မီ ခိုးပြေး၊ အိုးအိမ်ထူထောင်၊ အဆင်မပြေ သားတွဲလဲ သမီးတွဲလဲ၊ အိမ်ထောင်တွေကွဲ၊ ယောက်ျားက အရက်စွဲ၊ မိန်းမက လိုင်းထဲရောက် အဲဒီလိုဖြစ်အောင် တမင်လုပ်ဆောင်နေတာ မဟုတ်ပါဘူးလို့ ပြောကြမှာလား။

စားရတာက အဟာရမဖြစ်၊ စဉ်းစားတွေးခေါ်နိုင်တဲ့ အနေအထားတွေမပေး၊ ဒီလိုနဲ့ ဦးနှောက်တွေသေးသွား တော့ မစဉ်းစားမတွေးခေါ်နိုင်၊ မစဉ်းစားနိုင်တော့ ထားရာနေ၊ စေရာသွား နွားတွေဖြစ်သွားရ ဒီသံသရာက လွတ်နိုင်ကြပါ့မလား။

ငါတို့ ဦးနှောက် ဘာကြောင့် သေးသွားရတာလဲ

ငါတို့ကို ဘာကြောင့် ဦးနှောက်သေးစေရတာလဲ

ပြည်သူတွေ ဦးနှောက် များများသေးရင် ဘယ်သူတွေ အမြတ်ထွက်သလဲ

လူတစ်စုကောင်းစားရေးအတွက် လူထုဦးနှောက်တွေသေးနေကြရတာ တရားမျှတပါသလား …

Maukkha

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...